ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်အသင်းတွေမြတ်ပြီး ဘယ်အသင်းတွေ ရှုူံးခဲ့ကြသလဲ


ဘောလုံးရာသီတစ်ခုမှာ ကစားသမားခေါ်ယူမှု၊ ရောင်းချမှုဆိုတဲ့ အပြောင်းအရွှေ့ဟာ နှစ်ခုရှိပြီး ရာသီဝက်မှာပြုလုပ်တဲ့ အပြောင်းအရွှေ့ဈေးကွက်ကိုတော့ ဆောင်းရာသီဈေးကွက် ဒါမှမဟုတ် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်လို့ ခေါ်ကြလေ့ ရှိပါတယ်။ ရာသီဝက်ဖြစ်တာကြောင့် အသင်းတွေအနေနဲ့ ကစားသမားခေါ်ယူမှုပြုလုပ်လေ့မရှိပေမယ့် အသင်းအတွက် အရေးတကြီးလိုအပ်နေတဲ့ နေရာတွေအတွက်တော့ ကစားသမားခေါ်ယူလေ့ရှိပါတယ်။


ဒီနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ဘယ်အသင်းတွေမြတ်ပြီး ဘယ်အသင်းတွေရှုံးခဲ့သလဲ၊ ဘယ်ကစားသမားတွေမြတ် ပြီး ဘယ်ကစားသမားတွေ ရှုံးခဲ့သလဲဆိုတောကိုတော့ Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အမြတ်ပေါ်ခဲ့တဲ့အသင်းတွေ ကတော့ အာဆင်နယ်နဲ့ လေဗာကူဆင်အသင်းတွေဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အသင်းမှာနေရာမရဖြစ် နေတဲ့ အိုဇေးလ်ကို တူရကီကလပ် ဖီနာဘာချီကို ရောင်းချခဲ့သလို ရီးရဲလ်က အိုဒီဂတ်ကို အဌားနဲ့ ပြန်ခေါ်နိုင်ခဲ့ပါတယ်။


လေဗာကူဆင်အသင်းကလည်း ဆဲလ်တစ်နောက်ခံလူ ဖရင်ပေါင်၊ လက်စတာတောင်ပံကစားသမား ဂရေးနဲ့ ယူနိုက်တက် နောက်ခံလူ မန်ဆက်ချ်တို့ သုံးယောက်ပေါင်းကိုမှ ပေါင် ၁၆ သန်းသာပေးပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ လေဗာကူဆင်နည်းပြ ပီတာဘော့ဇ်ကတော့ ဒီကစားသမားတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ရှုံးခဲ့တဲ့အသင်းက ဘာစီလိုနာလို့ ဖော်ပြခဲ့ပြီး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ရာသီကုန်ဆုံးချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။


ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အကျိုးရှိခဲ့တဲ့ ကစားသမားကတော့ ရီးရဲလ်ကနေ ဖရန့်ဖတ်ကို အဌားနဲ့ ပြန်ရောက်ရှိ သွားတဲ့ တိုက်စစ်မှူး ဂျိုဗစ်ပဲ ဖြစ်ပါတယ်။ အသင်းဟောင်းကို ပြန်ရောက်ချိန်မှာ နဂိုခြေစွမ်းပြန်ပြနိုင်တာကြောင့် ဂျိူဗစ် အ တွက် ဇန်နဝါရီအပြောင်းအရွှေ့ဟာ အကျိုးရှိခဲ့ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီအလီကတော့ ဇန်နဝါရီအ ပြောင်းအရွှေ့မှာ အရှုံးပြခဲ့တဲ့ ကစားသမားလို့ ဖော်ပြခံရပါတယ်။ အသင်းမှာ နေရာမရသလို နည်းပြမော်ရင်ဟိုရဲ့ ကြိုက်နှစ် သက်ခြင်းမခံရတဲ့ အလီကို ပီအက်စ်ဂျီက ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် စပါးဥက္ကဌလီဗိုင်းက တားမြစ်ခဲ့တာကြောင့် အသင်းမှာပဲ ရာသီကုန်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

zawgyi version

ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဘယ္အသင္းေတြျမတ္ၿပီး ဘယ္အသင္းေတြ ရႈံူးခဲ့ၾကသလဲ
ေဘာလံုးရာသီတစ္ခုမွာ ကစားသမားေခၚယူမႈ၊ ေရာင္းခ်မႈဆိုတဲ့ အေျပာင္းအေရႊ႕ဟာ ႏွစ္ခုရွိၿပီး ရာသီဝက္မွာျပဳလုပ္တဲ့ အေျပာင္းအေရႊ႕ေစ်းကြက္ကိုေတာ့ ေဆာင္းရာသီေစ်းကြက္ ဒါမွမဟုတ္ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္လို႔ ေခၚၾကေလ့ ရွိပါတယ္။ ရာသီဝက္ျဖစ္တာေၾကာင့္ အသင္းေတြအေနနဲ႔ ကစားသမားေခၚယူမႈျပဳလုပ္ေလ့မရွိေပမယ့္ အသင္းအတြက္ အေရးတႀကီးလိုအပ္ေနတဲ့ ေနရာေတြအတြက္ေတာ့ ကစားသမားေခၚယူေလ့ရွိပါတယ္။
ဒီႏွစ္ဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ ဘယ္အသင္းေတြျမတ္ၿပီး ဘယ္အသင္းေတြရႈံးခဲ့သလဲ၊ ဘယ္ကစားသမားေတြျမတ္ ၿပီး ဘယ္ကစားသမားေတြ ရႈံးခဲ့သလဲဆိုေတာကိုေတာ့ Goal သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ အျမတ္ေပၚခဲ့တဲ့အသင္းေတြ ကေတာ့ အာဆင္နယ္နဲ႔ ေလဗာကူဆင္အသင္းေတြျဖစ္တယ္လို႔ သိရပါတယ္။ အာဆင္နယ္ဟာ အသင္းမွာေနရာမရျဖစ္ ေနတဲ့ အိုေဇးလ္ကို တူရကီကလပ္ ဖီနာဘာခ်ီကို ေရာင္းခ်ခဲ့သလို ရီးရဲလ္က အိုဒီဂတ္ကို အဌားနဲ႔ ျပန္ေခၚႏိုင္ခဲ့ပါတယ္။
ေလဗာကူဆင္အသင္းကလည္း ဆဲလ္တစ္ေနာက္ခံလူ ဖရင္ေပါင္၊ လက္စတာေတာင္ပံကစားသမား ဂေရးနဲ႔ ယူႏိုက္တက္ ေနာက္ခံလူ မန္ဆက္ခ်္တို႔ သံုးေယာက္ေပါင္းကိုမွ ေပါင္ ၁၆ သန္းသာေပးၿပီး ေခၚယူႏိုင္ခဲ့ပါတယ္။ ေလဗာကူဆင္နည္းျပ ပီတာေဘာ့ဇ္ကေတာ့ ဒီကစားသမားေတြေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရယူႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ရႈံးခဲ့တဲ့အသင္းက ဘာစီလိုနာလို႔ ေဖာ္ျပခဲ့ၿပီး မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ရာသီကုန္ဆံုးခ်ိန္မွာ အလြတ္ ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ ရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ အက်ိဳးရွိခဲ့တဲ့ ကစားသမားကေတာ့ ရီးရဲလ္ကေန ဖရန္႔ဖတ္ကို အဌားနဲ႔ ျပန္ေရာက္ရွိ သြားတဲ့ တိုက္စစ္မွဴး ဂ်ိဳဗစ္ပဲ ျဖစ္ပါတယ္။ အသင္းေဟာင္းကို ျပန္ေရာက္ခ်ိန္မွာ နဂိုေျခစြမ္းျပန္ျပႏိုင္တာေၾကာင့္ ဂ်ိဴဗစ္ အ တြက္ ဇန္နဝါရီအေျပာင္းအေရႊ႕ဟာ အက်ိဳးရွိခဲ့ပါတယ္။ စပါးအသင္းရဲ႕ ကြင္းလယ္လူ ဒယ္လီအလီကေတာ့ ဇန္နဝါရီအ ေျပာင္းအေရႊ႕မွာ အရႈံးျပခဲ့တဲ့ ကစားသမားလို႔ ေဖာ္ျပခံရပါတယ္။ အသင္းမွာ ေနရာမရသလို နည္းျပေမာ္ရင္ဟိုရဲ႕ ႀကိဳက္ႏွစ္ သက္ျခင္းမခံရတဲ့ အလီကို ပီအက္စ္ဂ်ီက ေခၚယူဖို႔ ဆက္သြယ္ခဲ့ေပမယ့္ စပါးဥကၠဌလီဗိုင္းက တားျမစ္ခဲ့တာေၾကာင့္ အသင္းမွာပဲ ရာသီကုန္အထိ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။