ကိုဗစ်ကြောင့် ဥရောပဘောလုံးလောကအနေနဲ့ ပေါင် ၇.၅ ဘီလီယံအထိ ဆုံးရှုံးမှုရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့


တစ်ကမ္ဘာ့လုံးဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးဆုံးရှုံးမှုတွေဟာ နေရာတိုင်းမှာရှိခဲ့ကြပြီး ဥရောပဘောလုံး လောကမှာ ဆိုရင်လည်း နှစ်ရာသီအတွင်းဆုံးရှုံးတဲ့ငွေ ပမာဏာက ပေါင် ၇.၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဥရောပဘောလုံးကလပ်အသင်းတွေရဲ့ ငွေကြေးဆုံးရှုံးမှုတွေကို ဂျူဗင်တပ်အသင်းဥက္ကဌ အက်နယ်လီကဦးဆောင်ပြီး ကလပ်အသင်းပေါင်း ၂၃၀ ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


စပိန်ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းပေါင်းကပဲ နှစ်ရာသီအတွင်းမှာ ပေါင် ၁.၈ ဘီ လီယံလောက် ဆုံးရှုံးခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေအနေနဲ့ ပေါင် မီလီယံရာနဲ့ချီပြီး ဆုံးရှုံးခဲ့တယ်လို့ သတင်း တွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘောလုံးလောကရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို တွက်ချက်တဲ့ Deloitte ရဲ့ ဖော်ပြမှုအရတော့ ဥရောပထိပ်သီကလပ်အသင်း ၂၀ ရဲ့ ဆုံးရှုံးမှုက ပေါင် ၂ ဘီလီယံကျော်ခဲ့တယ်လို့ သိရပါတယ်။


ဂျူဗင်တပ်အသင်းဥက္ကဌ အက်နယ်လီက “ တကယ်ဆိုးတဲ့ အခြေအနေလို့ပဲ ဆိုရမှာပါ။ ဒီရာသီဆိုရင် ဘောလုံးအသင်း တွေဟာ ပရိသတ်မပါဘဲ တစ်ရာသီလုံးပွဲတွေကစားခဲ့ရပါတယ်။ နိုင်ငံတကာရုပ်သံထုတ်လွှင့်မှုတွေလည်း ဆုံးရှုံးခဲ့ရတာ ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာ ကိုဗစ်ကြောင့် ဘောလုံးအသင်းတွေအနေနဲ့ ဝင်ငွေပေါင်း ၅.၇ ဘီလီယံကနေ ၇.၅ ဘီလီယံလောက် အထိ နစ်နာခဲ့ရပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ကိုဗစ္ေၾကာင့္ ဥေရာပေဘာလံုးေလာကအေနနဲ႔ ေပါင္ ၇.၅ ဘီလီယံအထိ ဆံုးရႈံးမႈရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့
တစ္ကမ႓ာ့လံုးျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြေၾကးဆံုးရႈံးမႈေတြဟာ ေနရာတိုင္းမွာရွိခဲ့ၾကၿပီး ဥေရာပေဘာလံုး ေလာကမွာ ဆိုရင္လည္း ႏွစ္ရာသီအတြင္းဆံုးရႈံးတဲ့ေငြ ပမာဏာက ေပါင္ ၇.၅ ဘီလီယံအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဥေရာပေဘာလံုးကလပ္အသင္းေတြရဲ႕ ေငြေၾကးဆံုးရႈံးမႈေတြကို ဂ်ဴဗင္တပ္အသင္းဥကၠဌ အက္နယ္လီကဦးေဆာင္ၿပီး ကလပ္အသင္းေပါင္း ၂၃၀ ကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
စပိန္ထိပ္သီးကလပ္အသင္းႏွစ္သင္းျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ ႏွစ္သင္းေပါင္းကပဲ ႏွစ္ရာသီအတြင္းမွာ ေပါင္ ၁.၈ ဘီ လီယံေလာက္ ဆံုးရႈံးခဲ့ၿပီး ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြအေနနဲ႔ ေပါင္ မီလီယံရာနဲ႔ခ်ီၿပီး ဆံုးရႈံးခဲ့တယ္လို႔ သတင္း ေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ေဘာလံုးေလာကရဲ႕ ဘ႑ာေရးအေျခအေနေတြကို တြက္ခ်က္တဲ့ Deloitte ရဲ႕ ေဖာ္ျပမႈအရေတာ့ ဥေရာပထိပ္သီကလပ္အသင္း ၂၀ ရဲ႕ ဆံုးရႈံးမႈက ေပါင္ ၂ ဘီလီယံေက်ာ္ခဲ့တယ္လို႔ သိရပါတယ္။
ဂ်ဴဗင္တပ္အသင္းဥကၠဌ အက္နယ္လီက “ တကယ္ဆိုးတဲ့ အေျခအေနလို႔ပဲ ဆိုရမွာပါ။ ဒီရာသီဆိုရင္ ေဘာလံုးအသင္း ေတြဟာ ပရိသတ္မပါဘဲ တစ္ရာသီလံုးပြဲေတြကစားခဲ့ရပါတယ္။ ႏိုင္ငံတကာ႐ုပ္သံထုတ္လႊင့္မႈေတြလည္း ဆံုးရႈံးခဲ့ရတာ ရွိပါတယ္။ ၿပီးခဲ့တဲ့ရာသီနဲ႔ ဒီရာသီမွာ ကိုဗစ္ေၾကာင့္ ေဘာလံုးအသင္းေတြအေနနဲ႔ ဝင္ေငြေပါင္း ၅.၇ ဘီလီယံကေန ၇.၅ ဘီလီယံေလာက္ အထိ နစ္နာခဲ့ရပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။