ဘောလုံးကစားရမှာက ဒီလောက်ပျော်ရွှင်ရလားဆိုပြီး မေးခွန်းထုတ်ခံနေရတဲ့ ဖီနာဘာချီကွင်းလယ်လူ အိုဇေးလ်


အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံရပြီးနောက် ဘောလုံးကစားခြင်းနဲ့ ကင်းဝေးနေခဲ့တဲ့ ကွင်းလယ်လူ အို ဇေးလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အိုဇေးလ် ဟာ အာဆင်နယ်အသင်းမှာ ၇ နှစ်ခွဲခန့်ကစားခဲ့သူတစ်ဦးဖြစ်ပြီး နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်မှာတော့ အဓိက, ကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။


ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ပြီးနောက်ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ အိုဇေးလ်ဟာ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ပျော်ရွှင်နေတဲ့မျက်နှာနဲ့လေ့ကျင့်နေတာကို မီဒီယာတွေက အမိအရဓါတ်ပုံရိုက်ပြီး ဖော်ပြခဲ့ တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ရာသီဝက်တစ်ခုစာလောက် ပွဲကစားခွင့်မရခဲ့ဘဲ အိုဇေးလ်အနေနဲ့ ဘောလုံး ကစားခွင့်ပြန်ရတဲ့အတွက် အရမ်းကိုပျော်ရွှင်နေတယ်ဆိုပြီးလည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


အိုဇေးလ်ရဲ့လစာအတွက် ဖီနာဘာချီအသင်းဥက္ကဌ အလီကော့ပ်က ပရိသတ်တွေကို တောင်းဆိုခဲ့ရာမှာလည်း အသင်းပရိ သတ်တွေအနေနဲ့ ကူညီပေးခဲ့ကြပြီး အသင်းမှာ အိုဇေးလ်လို နာမည်ကျော်ကစားသမားတစ်ဦးရောက်လာခြင်းအတွက် လည်း ဂုဏ်ယူနေကြတယ်လို့ သိရပါတယ်။ အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းမှာ သီးခြားနေထိုင်ခဲ့ပေမယ့် ဖီနာဘာ ချီမှာတော့ ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့် နဂိုခြေစွမ်းကို ပြန်ရနိုင်မယ်လို့လည်း သတင်းတွေကရေးသားဖော်ပြခဲ့ကြပါတယ်။

zawgyi version

ေဘာလံုးကစားရမွာက ဒီေလာက္ေပ်ာ္ရႊင္ရလားဆိုၿပီး ေမးခြန္းထုတ္ခံေနရတဲ့ ဖီနာဘာခ်ီကြင္းလယ္လူ အိုေဇးလ္
အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ဖယ္ရွားခံရၿပီးေနာက္ ေဘာလံုးကစားျခင္းနဲ႔ ကင္းေဝးေနခဲ့တဲ့ ကြင္းလယ္လူ အို ေဇးလ္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ အိုေဇးလ္ ဟာ အာဆင္နယ္အသင္းမွာ ၇ ႏွစ္ခြဲခန္႔ကစားခဲ့သူတစ္ဦးျဖစ္ၿပီး နည္းျပေဟာင္း အာစင္ဝင္းဂါးလက္ထက္မွာေတာ့ အဓိက, ကစားသမား တစ္ဦးျဖစ္ခဲ့ပါတယ္။
ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ၿပီးေနာက္ျပဳလုပ္တဲ့ ေလ့က်င့္ခန္းအစီအစဥ္မွာေတာ့ အိုေဇးလ္ဟာ အသင္းေဖာ္ေတြနဲ႔ အတူ ေလ့က်င့္မႈျပဳလုပ္ခဲ့ၿပီး ေပ်ာ္ရႊင္ေနတဲ့မ်က္ႏွာနဲ႔ေလ့က်င့္ေနတာကို မီဒီယာေတြက အမိအရဓါတ္ပံု႐ိုက္ၿပီး ေဖာ္ျပခဲ့ တာပဲ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွာ ရာသီဝက္တစ္ခုစာေလာက္ ပြဲကစားခြင့္မရခဲ့ဘဲ အိုေဇးလ္အေနနဲ႔ ေဘာလံုး ကစားခြင့္ျပန္ရတဲ့အတြက္ အရမ္းကိုေပ်ာ္ရႊင္ေနတယ္ဆိုၿပီးလည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
အိုေဇးလ္ရဲ႕လစာအတြက္ ဖီနာဘာခ်ီအသင္းဥကၠဌ အလီေကာ့ပ္က ပရိသတ္ေတြကို ေတာင္းဆိုခဲ့ရာမွာလည္း အသင္းပရိ သတ္ေတြအေနနဲ႔ ကူညီေပးခဲ့ၾကၿပီး အသင္းမွာ အိုေဇးလ္လို နာမည္ေက်ာ္ကစားသမားတစ္ဦးေရာက္လာျခင္းအတြက္ လည္း ဂုဏ္ယူေနၾကတယ္လို႔ သိရပါတယ္။ အိုေဇးလ္အေနနဲ႔ အာဆင္နယ္အသင္းမွာ သီးျခားေနထိုင္ခဲ့ေပမယ့္ ဖီနာဘာ ခ်ီမွာေတာ့ ရင္းႏွီးတဲ့ဆက္ဆံေရးေတြေၾကာင့္ နဂိုေျခစြမ္းကို ျပန္ရႏိုင္မယ္လို႔လည္း သတင္းေတြကေရးသားေဖာ္ျပခဲ့ၾကပါ တယ္။