မက်ဆီရဲ့အိပ်မက်တွေ တကယ်ဖြစ်လာအောင် ကူညီနိုင်တယ်လို့ဆိုပြီး ပြောခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း


အင်တာမီယာမီအသင်းရဲ့ ရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ မေဂျာ လိဂ်မှာ ကစားချင်တယ်လို့ ပြောခဲ့တဲ့အတွက် သူရဲ့အိပ်မက်တွေတကယ်ဖြစ်လာအောင် ကူညီနိုင်တယ်ဆိုပြီးပြောခဲ့ပါ တယ်။ အင်တာဗျူးတစ်ခုမှာတော့ မက်ဆီက “ အမေရိကန်နိုင်ငံရဲ့ လူနေမှုပုံစံကို ကြိုက်နှစ်သက်ပြီး မေဂျာလိဂ်မှာ ကစားဖူးချင်ပါတယ်။ ဒါပေမယ့် တကယ်ဖြစ်မလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။


ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ညှိနှိုင်းမှုမရသေးတဲ့ မက်ဆီကို မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မန်စီးတီးအသင်းပိုင်ရှင်တွေ ရှယ်ယာပါဝင်တဲ့ CFG (City Football Group) က မက်ဆီကို စာချုပ်ပါလျော်ကြေးပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


CFG ရဲ့ကမ်းလှမ်းမှုအရ မက်ဆီကို ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးမှာ ၂ နှစ်ကစား ပြီးမှ မန်စီးတီးရဲ့မိတ်ဖက်ကလပ်ဖြစ်တဲ့ မေဂျာလိဂ်အသင်း နယူးယောက်စီးတီးမှာ လက်ကျန်သက်တမ်းကို ကစားရမှာပဲ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း ပိုင်တဲ့ အင်တာမီယာမီအသင်းဟာ နာမည်ကျော်ကစားသမားတွေကို မေဂျာလိဂ်မှာ လာ ကစားဖို့ ကမ်းလှမ်းထားပြီး ဒီကစားသမားတွေထဲမှ မက်ဆီနဲ့ စီရော်နယ်ဒိုတို့လည်း ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

မက္ဆီရဲ႕အိပ္မက္ေတြ တကယ္ျဖစ္လာေအာင္ ကူညီႏိုင္တယ္လို႔ဆိုၿပီး ေျပာခဲ့တဲ့ ေဒးဗစ္ဘက္ခမ္း
အင္တာမီယာမီအသင္းရဲ႕ ရွယ္ယာပိုင္ရွင္တစ္ဦးျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းက ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီအေနနဲ႔ ေမဂ်ာ လိဂ္မွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့အတြက္ သူရဲ႕အိပ္မက္ေတြတကယ္ျဖစ္လာေအာင္ ကူညီႏိုင္တယ္ဆိုၿပီးေျပာခဲ့ပါ တယ္။ အင္တာဗ်ဴးတစ္ခုမွာေတာ့ မက္ဆီက “ အေမရိကန္ႏိုင္ငံရဲ႕ လူေနမႈပံုစံကို ႀကိဳက္ႏွစ္သက္ၿပီး ေမဂ်ာလိဂ္မွာ ကစားဖူးခ်င္ပါတယ္။ ဒါေပမယ့္ တကယ္ျဖစ္မလားဆိုတာကေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။
ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ညွိႏိႈင္းမႈမရေသးတဲ့ မက္ဆီကို မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက မန္စီးတီးအသင္းပိုင္ရွင္ေတြ ရွယ္ယာပါဝင္တဲ့ CFG (City Football Group) က မက္ဆီကို စာခ်ဳပ္ပါေလ်ာ္ေၾကးေပးၿပီး ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
CFG ရဲ႕ကမ္းလွမ္းမႈအရ မက္ဆီကို ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ဂြါဒီယိုလာကိုင္တြယ္ေနတဲ့ မန္စီးတီးမွာ ၂ ႏွစ္ကစား ၿပီးမွ မန္စီးတီးရဲ႕မိတ္ဖက္ကလပ္ျဖစ္တဲ့ ေမဂ်ာလိဂ္အသင္း နယူးေယာက္စီးတီးမွာ လက္က်န္သက္တမ္းကို ကစားရမွာပဲ ျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္း ပိုင္တဲ့ အင္တာမီယာမီအသင္းဟာ နာမည္ေက်ာ္ကစားသမားေတြကို ေမဂ်ာလိဂ္မွာ လာ ကစားဖို႔ ကမ္းလွမ္းထားၿပီး ဒီကစားသမားေတြထဲမွ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔လည္း ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။