အသက် ၃၉ အရွယ်မှာ ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူရန် ရည်ရွယ်ထားတဲ့ ပေါ်တူဂီနောက်ခံလူ ပီပီ

 ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ပီပီဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဟာ ပီပီ အသက် ၄၀ မပြည့်ခင် (၃) လ အလိုမှာ ကျင်းပမှာဖြစ်ပါတယ်။ ပေါ်တူဂီနောက်ခံလူဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို ရယူသွားဖို့ကိုလည်း မျက်စိကျနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူဟောင်း ဖြစ်တဲ့ လက်ရှိ ပေါ်တို နောက်ခံလူဟာ ပေါ်တူဂီအသင်းမှာ ၂၀၀၇ ခုနှစ်ကတည်း ပွဲထွက်ကစားပြီး (၁၁၁) ပွဲကစားပေးထားသူဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့ဖလား (၃) ကြိမ်နဲ့ ဥရောပဖလား (၃) ကြိမ်အထိကစားပေးခဲ့ပြီး ယူရို ၂၀၁၆ ဖလားအောင်မြင်ခဲ့တဲ့လူစာရင်းမှာလည်း အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ပီပီဟာ ပွဲကစားချိန် မိနစ် (၁၂၀) အတွင်း (၁၂) ကြိမ်အထိ ဘောလုံးကို ရှင်းလင်းခဲ့ပြီး (၃) ကြိမ် တားဆီးခဲ့သူဖြစ်ပါတယ်။

ပီပီဟာ အင်္ဂါနေ့က စပိန်အသင်းနဲ့ (ဝ-၀) သရေကျခဲ့တဲ့ပွဲမှာလည်း ပွဲထွက်ကစားခဲ့ပြီး နောက် ဒုတိယပိုင်းမှာ မန်စီးတီးအသင်းက ခေါ်ယူခဲ့တဲ့ ရူဘင်ဒီယက်စ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ သို့သော်လည်း သူဟာ အနားယူရန် မရည်ရွယ်သေးပဲ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားရန် မျှော်လင့်နေဆဲဖြစ်ပါတယ်။

ပြင်သစ်နဲ့ ကစားမယ့် နေရှင်းလိဂ်ပွဲမတိုင်ခင် သတင်းထောက်များကို ပီပီက “ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ အခုတော့ လာမယ့် ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါက လက်ရှိမှာ အရေးအကြီးဆုံးပါ။ ကျွန်တော်က အသက်ကြီးနေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်ဘာပြန်ပေးနိုင်ဦးမလဲဆိုတာကို ကြည့်သွားဦးမှာပါ။ လူငယ်တွေ လက်ရွေးစင်အသင်းအတွက် ကစားပေးနေတာကို မြင်ရတာ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေအများကြီးရှိပါတယ်။ ဖလားကို ရအောင် ကူညီနိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အသက္ ၃၉ အရြယ္မွာ ၂၀၂၂ ကမာၻ႕ဖလားကို ရယူရန္ ရည္ရြယ္ထားတဲ့ ေပၚတူဂီေနာက္ခံလူ ပီပီ

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္း ပီပီဟာ လာမယ့္ ကမာၻ႕ဖလားျပိဳင္ပြဲမွာ ပါ၀င္ကစားႏိုင္မယ္လို႔ ယံုၾကည္ခ်က္ရွိေနပါတယ္။ ၂၀၂၂ ကမာၻ႕ဖလားဟာ ပီပီ အသက္ ၄၀ မျပည့္ခင္ (၃) လ အလိုမွာ က်င္းပမွာျဖစ္ပါတယ္။ ေပၚတူဂီေနာက္ခံလူဟာ ၂၀၂၂ ကာတာ ကမာၻ႕ဖလားကို ရယူသြားဖို႔ကိုလည္း မ်က္စိက်ေနပါတယ္။ ရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူေဟာင္း ျဖစ္တဲ့ လက္ရွိ ေပၚတို ေနာက္ခံလူဟာ ေပၚတူဂီအသင္းမွာ ၂၀၀၇ ခုႏွစ္ကတည္း ပြဲထြက္ကစားျပီး (၁၁၁) ပြဲကစားေပးထားသူျဖစ္ပါတယ္။

သူဟာ ကမာၻ႕ဖလား (၃) ၾကိမ္နဲ႔ ဥေရာပဖလား (၃) ၾကိမ္အထိကစားေပးခဲ့ျပီး ယူရို ၂၀၁၆ ဖလားေအာင္ျမင္ခဲ့တဲ့လူစာရင္းမွာလည္း အဓိက ေနရာက ပါ၀င္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့တဲ့ ပီပီဟာ ပြဲကစားခ်ိန္ မိနစ္ (၁၂၀) အတြင္း (၁၂) ၾကိမ္အထိ ေဘာလံုးကို ရွင္းလင္းခဲ့ျပီး (၃) ၾကိမ္ တားဆီးခဲ့သူျဖစ္ပါတယ္။

ပီပီဟာ အဂၤါေန႔က စပိန္အသင္းနဲ႔ (၀-၀) သေရက်ခဲ့တဲ့ပြဲမွာလည္း ပြဲထြက္ကစားခဲ့ျပီး ေနာက္ ဒုတိယပိုင္းမွာ မန္စီးတီးအသင္းက ေခၚယူခဲ့တဲ့ ရူဘင္ဒီယက္စ္နဲ႔ လူစားလဲခံခဲ့ရပါတယ္။ သို႔ေသာ္လည္း သူဟာ အနားယူရန္ မရည္ရြယ္ေသးပဲ လာမယ့္ ကမာၻ႕ဖလားမွာ ပါ၀င္ကစားရန္ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

ျပင္သစ္နဲ႔ ကစားမယ့္ ေနရွင္းလိဂ္ပြဲမတိုင္ခင္ သတင္းေထာက္မ်ားကို ပီပီက “ဘယ္ေတာ့မွ ၾကိဳမသိႏိုင္ပါဘူး။ အခုေတာ့ လာမယ့္ ပြဲကိုပဲ အာရံုစိုက္ထားပါတယ္။ ဒါက လက္ရွိမွာ အေရးအၾကီးဆံုးပါ။ ကၽြန္ေတာ္က အသက္ၾကီးေနျပီဆိုတာ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ဘာျပန္ေပးႏိုင္ဦးမလဲဆိုတာကို ၾကည့္သြားဦးမွာပါ။ လူငယ္ေတြ လက္ေရြးစင္အသင္းအတြက္ ကစားေပးေနတာကို ျမင္ရတာ ကၽြန္ေတာ္ေပ်ာ္ပါတယ္။ ကၽြန္ေတာ္တို႔ အသင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြအမ်ားၾကီးရွိပါတယ္။ ဖလားကို ရေအာင္ ကူညီႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။