စာချုပ်သက်တမ်းကုန်တော့မယ့် ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စောင့်ကြည့်နေတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အသင်း

အင်တာမီယာမီအသင်းဟာ ဘာစီလိုနာအသင်းနဲ့ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ နူးကမ့်မှာ ဘောလုံးရာသီ (၅) နှစ်ကြာ ကစားခဲ့ပေမယ့် သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး (၁၂) လ ကို ဝင်ရောက်လာပြီဖြစ်ပါတယ်။

ဆွာရက်ဇ်အနေနဲ့ ဘာစီလိုနာအသင်းအတွက် နောက်ရာသီမှာ ပွဲကစားခွင့် (၆၀) ရာခိုင်နှုန်းထက် ကျော်ပါက အလိုအလျောက်သက်တမ်းတိုးခွင့် ရရှိမှာ လို့လည်း သိရပါတယ်။ သို့သော်လည်း Mundo Deportivo က အဆိုအရ ဒေးဗစ်ဘက်ခမ်းပိုင်တဲ့ အင်တာမီယာမီအသင်းဟာ ဆွာရက်ဇ်ရဲ့ အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရတာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ဆွာရက်ဇ် ရဲ့ ပြိုင်ဘက်အသင်းမှာ ကစားသမားဘဝတစ်လျှောက်လုံးနီးပါ ကစားခဲ့သူဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အတွက် ကစားပေးခဲ့ချိန်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ် နဲ့ ဘာစီလိုနာအသင်းတို့အတွက် ကစားပေးနေပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ မကြာခဏ အင်တာမီယာမီအသင်းဆီကို ကမ္ဘာ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မေဂျာလိဂ်ကလပ်အသင်းဟာ ဆွာရက်ဇ်ကို (၄) နှစ်စာချုပ်နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းအတွက ်ဒီရာသီမှာ ပြိုင်ပွဲစုံ (၃၄) ပွဲကစားခဲ့ပြီး (၁၉) ဂိုးသွင်း (၁၂) ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ဆြာရက္ဇ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ ေစာင့္ၾကည့္ေနတဲ့ ေဒးဗစ္ဘက္ခမ္းရဲ႕ အသင္း

အင္တာမီယာမီအသင္းဟာ ဘာစီလိုနာအသင္းနဲ႔ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ဆြာရက္ဇ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဥရုေဂြးလက္ေရြးစင္ကစားသမားဟာ ႏူးကမ့္မွာ ေဘာလုံးရာသီ (၅) ႏွစ္ၾကာ ကစားခဲ့ေပမယ့္ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆံုး (၁၂) ကို ၀င္ေရာက္လာျပီျဖစ္ပါတယ္။

ဆြာရက္ဇ္အေနနဲ႔ ဘာစီလိုနာအသင္းအတြက္ ေနာက္ရာသီမွာ ပြဲကစားခြင့္ (၆၀) ရာခိုင္ႏႈန္းထက္ ေက်ာ္ပါက အလိုအေလ်ာက္သက္တမ္းတိုးခြင့္ ရရွိမွာ လို႔လည္း သိရပါတယ္။ သို႔ေသာ္လည္း Mundo Deportivo က အဆိုအရ ေဒးဗစ္ဘက္ခမ္းပိုင္တဲ့ အင္တာမီယာမီအသင္းဟာ ဆြာရက္ဇ္ရဲ႕ အေနအထားကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတာ ျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္းဟာ ဆြာရက္ဇ္ ရဲ႕ ျပိဳင္ဘက္အသင္းမွာ ကစားသမားဘ၀တစ္ေလွ်ာက္လံုးနီးပါ ကစားခဲ့သူျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္း ယူႏိုက္တက္ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔အတြက္ ကစားေပးခဲ့ခ်ိန္မွာ ဆြာရက္ဇ္ဟာ လီဗာပူးလ္ နဲ႔ ဘာစီလိုနာအသင္းတို႔အတြက္ ကစားေပးေနပါတယ္။ ေဒးဗစ္ဘက္ခမ္းဟာ မၾကာခဏ အင္တာမီယာမီအသင္းဆီကို ကမာၻ႕ထိပ္တန္းကစားသမားေတြကို ေခၚယူမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေမဂ်ာလိဂ္ကလပ္အသင္းဟာ ဆြာရက္ဇ္ကို (၄) ႏွစ္စာခ်ဳပ္နဲ႔ ကမး္လွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းအတြက ္ဒီရာသီမွာ ျပိဳင္ပြဲစံု (၃၄) ပြဲကစားခဲ့ျပီး (၁၉) ဂိုးသြင္း (၁၂) ဂိုးဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။