ဘောလုံးလောကကနေ အနားယူထားတဲ့ ရော်နယ်ဒင်ဟို မာရာဒိုနာလောက်အောက်မှာ ပြန်ကစားချင်ပေမယ့် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ

ရော်နယ်ဒင်ဟိုဟာ မာရာဒိုနာလက်အောက် ဂျင်နာစီယာအသင်းမှာ ကစားရန်အတွက် ဘောလုံးလောကကို ပြန်လာရန် စဉ်းစားနေတယ်လို့ အာဂျင်တီးနားက သတင်းများအရ သိရပါတယ်။ အသက် (၄၀) အရွယ် ဘာစီလိုနာ ကစားသမားဟောင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဘောလုံးကစားခြင်းကနေ အနားယူခဲ့သူဖြစ်ပါတယ်။သို့သော် အာဂျင်တီးနားက သတင်းများအရ မာရာဒိုနာက သူ့အသင်းမှာ ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ထားသူကို ကစားစေချင်နေတယ်လို့ အကြောင်းကြားခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

သို့သော်လည်း ရော်နယ်ဒင်ဟိုဟာ လက်ရှိ ပါရာဂွေးမှာ နိုင်ငံကူးလက်မှတ်အတု နဲ့ ဝင်ရောက်ရန် ကြိုးစားခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဖြစ်ပါတယ်။သူဟာ မတ်လတုန်းက သူ့အကို မန်နေဂျာဖြစ်သူ ရော်ဘတ်တိုဒီအဆစ် နဲ့ အတူ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။သူတို့ (၂) ယောက်ဟာ ထောင်ထဲမှာ (၃၂) ရက်အကျခံရပေမယ့် ဧပြီလက ပြန်လည်လွတ်မြောက်လာပြီးကတည်းက ပါရာဂွေးမှာ အကျယ်ချုပ်ကျခံနေပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်းဟာ ထောင် (၆) လ ကျခံရမယ့် အရေးနဲ့ တွေ့ကြုံနေရပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပြစ်မှုကိစ္စ ဆောင်ရွက်မှုဟာ ကြန့်ကြာနေတာဖြစ်ပါတယ်။ရော်နယ်ဒင်ဟိုက သူအသုံးပြုခဲ့တဲ့ စာရွက်စာတမ်းတွေဟာ တရားမဝင်ဘူး လို့ သိရတဲ့အခါ အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

“ဒီလို ဖြစ်ရပ်မျိုး ကျွန်တော့်ဆီမှာ ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးမိဖူးပါဘူး။ ကျွန်တော် ပါရာဂွေးကို ကာစီနို ကစားဖို့ နဲ့ နေ့လည်စာ လာစားတာပါ။ အားလုံးက ကျွန်တော့်အကို စီမံခဲ့တာပါ။ ဒီစာရွက်စာတမ်းတွေ တရားမဝင်ဘူးဆိုလို့ လုံး၀ အံ့အားသင့်ရပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ဘာသာရေးကိုင်းရှိုင်းပါတယ်။ အားလုံးကိုလည်း ဆုတောင်းပေးပါတယ်။ ဒါတွေ သိပ်မကြာခင်ပြီးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး လူတွေကို ဘောလုံးကို နှစ်သက်လာအောင် လုပ်ပေးပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အမြင့်ဆုံးရောက်အောင် ပဲ ကြိုးစားခဲ့ပါတယ်။

ထောင်ထဲမှာ တော့ သူတို့အားလုံး က ကျွန်တော့်အပေါ် ကြင်နာကြပါတယ်။ ဘောလုံးကစားတယ်၊ သီချင်းဆိုတယ်၊ လက်မှတ်ထိုးပြီး ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဒါက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတွေပါ” လို့ ဘာစီလိုနာ ကစားသမားဟောင်းက မာကာ ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

 

ေဘာလံုးေလာကကေန အနားယူထားတဲ့ ေရာ္နယ္ဒင္ဟုိ မာရာဒိုနာေလာက္ေအာက္မွာ ျပန္ကစားခ်င္ေပမယ့္ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံေနရဆဲ

ေရာ္နယ္ဒင္ဟိုဟာ မာရာဒိုနာလက္ေအာက္ ဂ်င္နာစီယာအသင္းမွာ ကစားရန္အတြက္ ေဘာလံုးေလာကကို ျပန္လာရန္ စဥ္းစားေနတယ္လို႔ အာဂ်င္တီးနားက သတင္းမ်ားအရ သိရပါတယ္။ အသက္ (၄၀) အရြယ္ ဘာစီလိုနာ ကစားသမားေဟာင္းဟာ ၂၀၁၅ ခုႏွစ္ကတည္းက ေဘာလံုးကစားျခင္းကေန အနားယူခဲ့သူျဖစ္ပါတယ္။သို႔ေသာ္ အာဂ်င္တီးနားက သတင္းမ်ားအရ မာရာဒိုနာက သူ႔အသင္းမွာ ဘရာဇီးအသင္းနဲ႔ ကမာၻ႕ဖလား ဆြတ္ခူးႏိုင္ထားသူကို ကစားေစခ်င္ေနတယ္လို႔ အေၾကာင္းၾကားခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

သို႔ေသာ္လည္း ေရာ္နယ္ဒင္ဟိုဟာ လက္ရွိ ပါရာေဂြးမွာ ႏိုင္ငံကူးလက္မွတ္အတု နဲ႔ ၀င္ေရာက္ရန္ ၾကိဳးစားခဲ့မႈေၾကာင့္ ေနအိမ္အက်ယ္ခ်ဳပ္က်ေနသူ ျဖစ္ပါတယ္။သူဟာ မတ္လတုန္းက သူ႔အကို မန္ေနဂ်ာျဖစ္သူ ေရာ္ဘတ္တိုဒီအဆစ္ နဲ႔ အတူ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။သူတို႔ (၂) ေယာက္ဟာ ေထာင္ထဲမွာ (၃၂) ရက္အက်ခံရေပမယ့္ ဧျပီလက ျပန္လည္လြတ္ေျမာက္လာျပီးကတည္းက ပါရာေဂြးမွာ အက်ယ္ခ်ဳပ္က်ခံေနပါတယ္။

ဘရာဇီးလက္ေရြးစင္ကစားသမားေဟာင္းဟာ ေထာင္ (၆) လ က်ခံရမယ့္ အေရးနဲ႔ ေတြ႕ၾကံဳေနရျပီး ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ျပစ္မႈကိစၥ ေဆာင္ရြက္မႈဟာ ၾကန္႔ၾကာေနတာျဖစ္ပါတယ္။ေရာ္နယ္ဒင္ဟိုက သူအသံုးျပဳခဲ့တဲ့ စာရြက္စာတမ္းေတြဟာ တရားမ၀င္ဘူး လို႔ သိရတဲ့အခါ အံ့အားသင့္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

“ဒီလုိ ျဖစ္ရပ္မ်ိဳး ကၽြန္ေတာ့္ဆီမွာ ျဖစ္လာမယ္လို႔ တစ္ခါမွ မေတြးမိဖူးပါဘူး။ ကၽြန္ေတာ္ ပါရာေဂြးကို ကာစီႏို ကစားဖို႔ နဲ႔ ေနလည္စာ လာစားတာပါ။ အားလံုးက ကၽြန္ေတာ့္အကို စီမံခဲ့တာပါ။ ဒီစာရြက္စာတမ္းေတြ တရားမ၀င္ဘူးဆိုလို႔ လံုး၀ အံ့အားသင့္ရပါတယ္။ ကၽြန္ေတာ္ဟာ အျမဲတမ္း ဘာသာေရးကိုင္းရိႈင္းပါတယ္။ အားလံုးကိုလည္း ဆုေတာင္းေပးပါတယ္။ အဆံုးမွာ ဒါေတြ သိပ္မၾကာခင္ျပီးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္လံုး လူေတြကို ေဘာလံုးကို ႏွစ္သက္လာေအာင္ လံုးေပးျပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ အျမင့္ဆံုးေရာက္ေအာင္ ပဲ ၾကိဳးစားခဲ့ပါတယ္။

ေထာင္ထဲမွာ ေတာ့ သူတို႔အားလံုး က ကၽြန္ေတာ့္အေပၚ ၾကင္နာၾကပါတယ္။ ေဘာလံုးကစားတယ္၊ သီခ်င္းဆိုတယ္၊ လက္မွတ္ထိုးျပီး ဓာတ္ပံုေတြ ရိုက္ၾကပါတယ္။ ဒါက ကၽြန္ေတာ့္ဘ၀ရဲ႕ အစိတ္အပိုင္းေတြပါ” လို႔ ဘာစီလိုနာ ကစားသမားေဟာင္းက မာကာ ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။