ပစ်ဖို့ဒ်ထက်စာရင် နစ်ပုတ်ခ်က အင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သင့်တယ်လို့ ပြောခဲ့တဲ့ အသင်းဖော်ဟောင်း ဟီလ်တန်


ဘန်လေအသင်းဂိုးသမားဟောင်း တွမ်ဟီလ်တန်က လက်ရှိအသင်းရဲ့ဂိုးသမား နစ်ပုတ်ခ်ရဲ့လက်စွမ်းတွေကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ဂိုးသမားနေရာကို ပစ်ဖို့ဒ်ကို ကျော်ပြီး ရသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးကို အဝေးကွင်း မှာ ဘန်လေက အနိုင်ရခဲ့ရာမှာ နစ်ပုတ်ခ်ရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးမပေးခဲ့ရလို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ဟီလ်တန်က ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ လက်စွမ်းကျဆင်းနေတဲ့ ပစ်ဖို့ဒ်ကို အသင်းရဲ့အဓိကဂိုးသမားနေရာအတွက် အသုံးပြုတာကြောင့် ဟီလ်တန်က ဝေဖန်ခဲ့တာဖြစ်ပြီး နစ်ပုတ်ခ်ကသာ အင်္ဂလန်အသင်းရဲ့ ဂျာစီနံပါတ်တစ်ကို ဝတ်ဆင်ပြီး ဦးစားပေးဂိုးသမားဖြစ်သင့်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ နစ်ပုတ်ခ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကတည်းက စတင် ပြီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးမပေးခဲ့ရတာ ၂၂ ပွဲအထိရှိခဲ့ပြီး သူထက်ဂိုးမပေးရတဲ့ဂိုးသမားကတော့ မန်စီး တီးဂိုးသမား အီဒါဆန်က ၂၆ ပွဲဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။


လက်ရှိ အက်စ်တွန်ဗီလာအသင်းဂိုးသမားဖြစ်တဲ့ ဟီလ်တန်က “ နစ်ပုတ်ခ်က ပစ်ဖို့ဒ်ရဲ့နေရာကို စိန်ခေါ်နိုင်တဲ့သူလို့ စဉ်း စားမိပါတယ်။ ဘန်လေနဲ့ အင်္ဂလန်အသင်းရဲ့ ကစားပုံက မတူဘူးဆိုပေမယ့် အင်္ဂလန်အသင်းမှာဆိုရင် နစ်ပုတ်ခ်အနေနဲ့ ပိုပြီး လက်စွမ်းပြနိုင်မှာပဲ ဖြစ်ပါတယ်။နစ်ပုတ်ခ်ဟာ လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးဘက်ကဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ၆ ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအတွင်းမှာ အများဆုံးကာကွယ်နိုင်တဲ့သူ လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ပစ္ဖို႔ဒ္ထက္စာရင္ နစ္ပုတ္ခ္က အဂၤလန္ရဲ႕ နံပါတ္တစ္ ဂိုးသမားျဖစ္သင့္တယ္လို႔ ေျပာခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဟီလ္တန္
ဘန္ေလအသင္းဂိုးသမားေဟာင္း တြမ္ဟီလ္တန္က လက္ရွိအသင္းရဲ႕ဂိုးသမား နစ္ပုတ္ခ္ရဲ႕လက္စြမ္းေတြေၾကာင့္ အဂၤလန္ လက္ေရြးစင္အသင္းရဲ႕ ဂိုးသမားေနရာကို ပစ္ဖို႔ဒ္ကို ေက်ာ္ၿပီး ရသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူးကို အေဝးကြင္း မွာ ဘန္ေလက အႏိုင္ရခဲ့ရာမွာ နစ္ပုတ္ခ္ရဲ႕ လက္စြမ္းျပမႈေၾကာင့္ ဂိုးမေပးခဲ့ရလို႔ အႏိုင္ရခဲ့တာျဖစ္တယ္လို႔ ဟီလ္တန္က ေျပာသြားခဲ့တာပဲ ျဖစ္ပါတယ္။
လက္ရွိအဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ လက္စြမ္းက်ဆင္းေနတဲ့ ပစ္ဖို႔ဒ္ကို အသင္းရဲ႕အဓိကဂိုးသမားေနရာအတြက္ အသံုးျပဳတာေၾကာင့္ ဟီလ္တန္က ေဝဖန္ခဲ့တာျဖစ္ၿပီး နစ္ပုတ္ခ္ကသာ အဂၤလန္အသင္းရဲ႕ ဂ်ာစီနံပါတ္တစ္ကို ဝတ္ဆင္ၿပီး ဦးစားေပးဂိုးသမားျဖစ္သင့္ေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။ နစ္ပုတ္ခ္ဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီကတည္းက စတင္ ၿပီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ဂိုးမေပးခဲ့ရတာ ၂၂ ပြဲအထိရွိခဲ့ၿပီး သူထက္ဂိုးမေပးရတဲ့ဂိုးသမားကေတာ့ မန္စီး တီးဂိုးသမား အီဒါဆန္က ၂၆ ပြဲဂိုးမေပးခဲ့ရတာ ျဖစ္ပါတယ္။
လက္ရွိ အက္စ္တြန္ဗီလာအသင္းဂိုးသမားျဖစ္တဲ့ ဟီလ္တန္က “ နစ္ပုတ္ခ္က ပစ္ဖို႔ဒ္ရဲ႕ေနရာကို စိန္ေခၚႏိုင္တဲ့သူလို႔ စဥ္း စားမိပါတယ္။ ဘန္ေလနဲ႔ အဂၤလန္အသင္းရဲ႕ ကစားပံုက မတူဘူးဆိုေပမယ့္ အဂၤလန္အသင္းမွာဆိုရင္ နစ္ပုတ္ခ္အေနနဲ႔ ပိုၿပီး လက္စြမ္းျပႏိုင္မွာပဲ ျဖစ္ပါတယ္။နစ္ပုတ္ခ္ဟာ လီဗာပူးကို အႏိုင္ရခဲ့တဲ့ပြဲမွာ လီဗာပူးဘက္ကဂိုးရႏိုင္ေလာက္တဲ့ အခြင့္အေရး ၆ ႀကိမ္ကို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ခုအတြင္းမွာ အမ်ားဆံုးကာကြယ္ႏိုင္တဲ့သူ လည္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။