ဂျာမနီလက်ရွေးစင်အသင်းအတွက် အမှောင်နေ့ရက်ပဲလို့ စပိန်ကို (၆-ဝ) နဲ့ ရှုံးပွဲအပြီး ပြောဆိုခဲ့တဲ့ ဂျိုအာချင်လို

ဂျာမနီလက်ရွေးစင်အသင်းဟာ အင်္ဂါနေ့ညက စပိန်ကို (၆-ဝ) နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နေရှင်းလိဂ် နောက်ဆုံး (၄) သင်းစာရင်းကို ဝင်ရောက်နိုင်ခဲ့ခြင်းမရှိတော့ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လက်ရွေးစင် (၈) ပွဲမှာ (၃) ပွဲသာ အနိုင်ရထားတာဖြစ်ပါတယ်။

အင်္ဂါနေ့က နေးရှင်းလိဂ်အတွက်အဆုံးအဖြတ်ပွဲကစားခဲ့ပေမယ့် ပထမပိုင်းမှာတင် (၃-ဝ) နဲ့ ရှုံးခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် (၃) ဂိုးထပ်ပေးခဲ့ရပါတယ်။

“ ဘာတွေဖြစ်သွားတာလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။ ကျွန်တော်တို့ဟာ အခွင့်အရေးတစ်ကြိမ်ရဖို့ ကို ခက်ခဲနေပြီး ကွင်းထဲမှာလည်း တစ်ဦးချင်းမယှဉ်နိုင်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက်အမှောင်နေ့ရက်ပါပဲ။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကြိုးစားခဲ့ပေမယ့် စပိန်က ပိုပြီး ကောင်းသွားပါတယ်။ ဒီပွဲမတိုင်ခင်က ကျွန်တော့်အသင်းကို ယုံကြည်မှုရှိကြောင်းနဲ့ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ပြောခဲ့ပေမယ့် ဒီနေ့မှာတော့ကျွန်တော်တို့ဟာ မတိုးတက်လာဘူးဆိုတာ သိလိုက်ရပါတယ်” လို့ ဂျိုအာချင်လိုက ဂျာမနီအသင်းရဲ့ ၈၉ နှစ်အတွင်း အဆိုးရွားဆုံး ရှုံးပွဲအပြီးမှာ သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ အေမွာင္ေန႔ရက္ပဲလို႔ စပိန္ကို (၆-၀) န႔ဲ ရႈံးပြဲအျပီး ေျပာဆိုခဲ့တဲ့ ဂ်ိဳအာခ်င္လို

ဂ်ာမနီလက္ေရြးစင္အသင္းဟာ အဂၤါေန႔ညက စပိန္ကို (၆-၀) နဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ျပီးေနာက္ ေနရွင္းလိဂ္ ေနာက္ဆံုး (၄) သင္းစာရင္းကို ၀င္ေရာက္ႏိုင္ခဲ့ျခင္းမရွိေတာ့ပါဘူး။ ၂၀၁၈ ကမာၻ႕ဖလားတုန္းကလည္း အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတဲ့ ဂ်ာမနီအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ လက္ေရြးစင္ (၈) ပြဲမွာ (၃) ပြဲသာ အႏိုင္ရထားတာျဖစ္ပါတယ္။

အဂၤါေန႔က ေနးရွင္းလိဂ္အတြက္အဆံုးအျဖတ္ပြဲကစားခဲ့ေပမယ့္ ပထမပိုင္းမွာတင္ (၃-၀) နဲ႔ ရႈံးခဲ့ျပီး ဒုတိယပိုင္းမွာ ေနာက္ထပ္ (၃) ဂိုးထပ္ေပးခဲ့ရပါတယ္။

“ ဘာေတြျဖစ္သြားတာလဲဆိုတာ ကၽြန္ေတာ္မသိေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ အခြင့္အေရးတစ္ၾကိမ္ရဖို႔ ကို ခက္ခဲေနျပီး ကြင္းထဲမွာလည္း တစ္ဦးခ်င္းမယွဥ္ႏိုင္ခဲ့ပါဘူး။ ဒါဟာ ကၽြန္ေတာ္တို႔အတြက္အေမွာင္ေန႔ရက္ပါပဲ။

ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ ပိုၾကိဳးစားခဲ့ေပမယ့္ စပိန္က ပိုျပီး ေကာင္းသြားပါတယ္။ ဒီပြဲမတိုင္ခင္က ကၽြန္ေတာ့္အသင္းကို ယံုၾကည္မႈရွိေၾကာင္းနဲ႔ ကၽြန္ေတာ္တို႔ဟာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေနျပီလို႔ ေျပာခဲ့ေပမယ့္ ဒီေန႔မွာေတာ့ကၽြန္ေတာ္တို႔ဟာ မတိုးတက္လာဘူးဆိုတာ သိလိုက္ရပါတယ္” လို႔ ဂ်ိဳအာခ်င္လိုက ဂ်ာမနီအသင္းရဲ႕ ၈၉ ႏွစ္အတြင္း အဆိုးရြားဆံုး ရႈံးပြဲအျပီးမွာ သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။