သမိုင်းဝင်ရှုံးပွဲ ဖြစ်ခဲ့ပြီး စပိန်က ဘောလုံးကို ဘယ်လိုကစားရမယ်ဆိုတာ ပြသွားခဲ့တယ်လို့ ပြောခဲ့တဲ့ တိုနီခရူးစ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ဂျာမနီဟာ စပိန်ကို အဝေးကွင်းမှာ ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၉၀ လောက်တုန်းက ဂျာမနီအနေနဲ့ စပိန်ကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဒီတစ်ကြိမ်ရှုံးပွဲက အသင်းသမိုင်းတစ် လျှောက်အဆိုးရွားဆုံး ရှုံးပွဲဖြစ်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂျာမနီဟာ ပြိုင်ဘက်အသင်း ကို ခြောက်ဂိုးပြတ်နဲ့ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲတုန်းက ပြင်သစ်အသင်းကို နောက်ဆုံးအရေးနိမ့်ခဲ့တာ ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂျာမနီအသင်းက သရေတစ်မှတ်ရယူနိုင်တာကြောင့် နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် အိမ်ရှင်ဖြစ်တဲ့ စပိန်ကတော့ အနိုင်ရမှ နောက်တစ်ဆင့်တက်ရောက်နိုင်မှာမို့ ပွဲအစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ စပိန်အသင်းအနေနဲ့ ဂျာမနီကို ပထမပိုင်းမှာ သုံးဂိုးပြတ်နဲ့နိုင်နေပေမယ့် ကစားအားမချဘဲ ကစားခဲ့တာကြောင့် ဒုတိယပိုင်းမှာ နောက်ထပ်သုံးဂိုးသွင်းယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဂျာမနီကွင်းလယ်လူတစ်ဦးဖြစ်တဲ့ တိုနီခရူးစ်က “ ပြီးခဲ့တဲ့ပွဲမှာတော့ စပိန်အသင်းက ကျွန်တော်တို့ကို ဘောလုံးဘယ်လိုကစားရမလဲ ဆိုတာကိုပြသွားခဲ့ပါတယ်။ ဒီပွဲမှာ သူတို့က ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်လောက် ရခဲ့ပေ မယ့် ဂျာမနီကတော့ နှစ်ကြိမ်ပဲရခဲ့ပါတယ်။” လို့ပြောသွားခဲ့ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ဖာရန်တောရက်စ်က ဂျာမနီလက်ရွေးစင်အသင်းကြီးကို ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

သမိုင္းဝင္ရႈံးပြဲ ျဖစ္ခဲ့ၿပီး စပိန္က ေဘာလံုးကို ဘယ္လိုကစားရမယ္ဆိုတာ ျပသြားခဲ့တယ္လို႔ ေျပာခဲ့တဲ့ တိုနီခ႐ူးစ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာ ဂ်ာမနီဟာ စပိန္ကို အေဝးကြင္းမွာ ၆ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၉၀ ေလာက္တုန္းက ဂ်ာမနီအေနနဲ႔ စပိန္ကို ဂိုးျပတ္ရႈံးခဲ့ၿပီးေနာက္ ဒီတစ္ႀကိမ္ရႈံးပြဲက အသင္းသမိုင္းတစ္ ေလွ်ာက္အဆိုးရြားဆံုး ရႈံးပြဲျဖစ္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဂ်ာမနီဟာ ၿပိဳင္ဘက္အသင္း ကို ေျခာက္ဂိုးျပတ္နဲ႔ ၁၉၅၈ ကမ႓ာ့ဖလားၿပိဳင္ပြဲ တတိယေနရာလုပြဲတုန္းက ျပင္သစ္အသင္းကို ေနာက္ဆံုးအေရးနိမ့္ခဲ့တာ ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဂ်ာမနီအသင္းက သေရတစ္မွတ္ရယူႏိုင္တာေၾကာင့္ ေနာက္တစ္ဆင့္ျဖစ္တဲ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ အိမ္ရွင္ျဖစ္တဲ့ စပိန္ကေတာ့ အႏိုင္ရမွ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မွာမို႔ ပြဲအစကတည္းက တိုက္စစ္ဆင္ကစားခဲ့ပါတယ္။ စပိန္အသင္းအေနနဲ႔ ဂ်ာမနီကို
ပထမပိုင္းမွာ သံုးဂိုးျပတ္နဲ႔ႏိုင္ေနေပမယ့္ ကစားအားမခ်ဘဲ ကစားခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ ေနာက္ထပ္သံုးဂိုးသြင္းယူ ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဂ်ာမနီကြင္းလယ္လူတစ္ဦးျဖစ္တဲ့ တိုနီခ႐ူးစ္က “ ၿပီးခဲ့တဲ့ပြဲမွာေတာ့ စပိန္အသင္းက ကြ်န္ေတာ္တို႔ကို ေဘာလံုးဘယ္လိုကစားရမလဲ ဆိုတာကိုျပသြားခဲ့ပါတယ္။ ဒီပြဲမွာ သူတို႔က ဂိုးေပါက္ကန္သြင္းမႈ ၂၃ ႀကိမ္ေလာက္ ရခဲ့ေပ မယ့္ ဂ်ာမနီကေတာ့ ႏွစ္ႀကိမ္ပဲရခဲ့ပါတယ္။” လို႔ေျပာသြားခဲ့ပါတယ္။ ဒီပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ စပိန္ကြင္းလယ္လူ ဖာရန္ေတာရက္စ္က ဂ်ာမနီလက္ေရြးစင္အသင္းႀကီးကို ပထမဆံုးဟက္ထရစ္သြင္းယူႏိုင္ခဲ့သူျဖစ္တယ္လို႔လည္း သိရပါ တယ္။