နှစ်ကြိမ်ဆက် ပင်နယ်တီလွဲချော်ခဲ့ပေမယ့် စပိန်အသင်းအတွက် ပင်နယ်တီဆက်ကန်နေဦးမှာလို့ ပြောခဲ့တဲ့ ရာမို့စ်


ပြီးခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်တုန်းက စပိန်အသင်းဟာဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့ပြီး တစ်ဂိုးစီသရေကျခဲ့တယ်ဆိုပေမယ့် ပွဲချိန်အတွင်းမှာ ပင်နယ်တီ နှစ်ကြိမ်ကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ်က နှစ်ကြိမ်စလုံးကန်သွင်းခဲ့ပေမယ့် နှစ်ကြိမ်စလုံး ဂိုးအဖြစ်ဝင်ခဲ့ခြင်းမရှိပါဘူး။ ရာမို့စ်ဟာ ဒီပင်နယ်တီကန်သွင်းမှုမတိုင်ခင် စပိန်နဲ့ ရီးရဲလ်အတွက် ပင်နယ်တီ ကန်သွင်းမှု အကြိမ် ၂၅ ကြိမ်ဆက်တိုက် ဂိုးရရှိအောင်ကန်သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။


ရာမို့စ်ဟာ ဆွစ်ဇာလန်နဲ့ ပွဲတုန်းက ဥရောပတိုက်ကိုယ်စားပြုကစားတဲ့ကစားသမားတွေထဲက နိုင်ငံတကာ ပွဲအများဆုံး ကစားထားသူအဖြစ် ၁၇၇ ပွဲစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ရာမို့စ်ထက်အရင် ပွဲအများဆုံးကစားထားသူက အီတလီဂိုးသမား ဘတ်ဖွန်ပဲ ဖြစ်ပြီး ၁၇၆ ပွဲကစားထားတာဖြစ်ပါတယ်။ ရာမို့စ်ဟာ နိုင်ငံတကာကစားသမားတွေထဲမှာ အသင်းကိုယ်စားပြု အဖြစ် မက္ကဆီကိုကစားသမား ကလော်ဒီယိုဆွာရက်ဇ်နဲ့အတူ ပဉ္စမမြောက်ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။

BASEL, SWITZERLAND – NOVEMBER 14: Goalkeeper Yann Sommer of Switzerland (C) reacts after defending a free kick from Sergio Ramos of Spain (H) during the UEFA Nations League group stage match between Switzerland and Spain at St. Jakob-Park on November 14, 2020 in Basel, Switzerland. (Photo by Vedran Galijas/Eurasia Sport Images/Getty Images)

ရာမို့စ်အနေနဲ့ နိုင်ငံတကာပွဲစဉ်များအတွက် ပွဲအများဆုံးကစားထားတဲ့ အီဂျစ်ကွင်းလယ်လူ အာမတ်ဟာဆန်ရဲ့ ၁၈၄ ပွဲစံ ချိန်ကို ကျော်ဖြတ်ဖို့အတွက်တော့ နောက်ထပ် ၈ ပွဲပဲ လိုအပ်တော့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ ကစားနေတဲ့ ရီးရဲလ်နဲ့ စပိန်အသင်းတွေမှာ အသင်းခေါင်းဆောင်တာဝန်တွေကို ယူထားသလို ခြေစွမ်းလည်းကောင်းနေ တာကြောင့် ဘောလုံးသမိုင်းမှာနိုင်ငံတကာပွဲအများဆုံးကစားတဲ့ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ဖို့ များနေပါတယ်။

zawgyi version

ႏွစ္ႀကိမ္ဆက္ ပင္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ စပိန္အသင္းအတြက္ ပင္နယ္တီဆက္ကန္ေနဦးမွာလို႔ ေျပာခဲ့တဲ့ ရာမို႔စ္
ၿပီးခဲ့တဲ့ေနးရွင္းလိဂ္ပြဲစဥ္တုန္းက စပိန္အသင္းဟာဆြစ္ဇာလန္အသင္းနဲ႔ ကစားခဲ့ၿပီး တစ္ဂိုးစီသေရက်ခဲ့တယ္ဆိုေပမယ့္ ပြဲခ်ိန္အတြင္းမွာ ပင္နယ္တီ ႏွစ္ႀကိမ္ကန္ခြင့္ရခဲ့ၿပီး အသင္းေခါင္းေဆာင္ျဖစ္တဲ့ ရာမို႔စ္က ႏွစ္ႀကိမ္စလံုးကန္သြင္းခဲ့ေပမယ့္ ႏွစ္ႀကိမ္စလံုး ဂိုးအျဖစ္ဝင္ခဲ့ျခင္းမရွိပါဘူး။ ရာမို႔စ္ဟာ ဒီပင္နယ္တီကန္သြင္းမႈမတိုင္ခင္ စပိန္နဲ႔ ရီးရဲလ္အတြက္ ပင္နယ္တီ ကန္သြင္းမႈ အႀကိမ္ ၂၅ ႀကိမ္ဆက္တိုက္ ဂိုးရရွိေအာင္ကန္သြင္းႏိုင္ခဲ့သူ ျဖစ္ပါတယ္။
ရာမို႔စ္ဟာ ဆြစ္ဇာလန္နဲ႔ ပြဲတုန္းက ဥေရာပတိုက္ကိုယ္စားျပဳကစားတဲ့ကစားသမားေတြထဲက ႏိုင္ငံတကာ ပြဲအမ်ားဆံုး ကစားထားသူအျဖစ္ ၁၇၇ ပြဲစံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ ရာမို႔စ္ထက္အရင္ ပြဲအမ်ားဆံုးကစားထားသူက အီတလီဂိုးသမား ဘတ္ဖြန္ပဲ ျဖစ္ၿပီး ၁၇၆ ပြဲကစားထားတာျဖစ္ပါတယ္။ ရာမို႔စ္ဟာ ႏိုင္ငံတကာကစားသမားေတြထဲမွာ အသင္းကိုယ္စားျပဳ အျဖစ္ မကၠဆီကိုကစားသမား ကေလာ္ဒီယိုဆြာရက္ဇ္နဲ႔အတူ ပဥၥမေျမာက္ပြဲအမ်ားဆံုးကစားထားသူအျဖစ္ မွတ္တမ္းဝင္ ခဲ့ပါတယ္။
ရာမို႔စ္အေနနဲ႔ ႏိုင္ငံတကာပြဲစဥ္မ်ားအတြက္ ပြဲအမ်ားဆံုးကစားထားတဲ့ အီဂ်စ္ကြင္းလယ္လူ အာမတ္ဟာဆန္ရဲ႕ ၁၈၄ ပြဲစံ ခ်ိန္ကို ေက်ာ္ျဖတ္ဖို႔အတြက္ေတာ့ ေနာက္ထပ္ ၈ ပြဲပဲ လိုအပ္ေတာ့တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ဟာ ကစားေနတဲ့ ရီးရဲလ္နဲ႔ စပိန္အသင္းေတြမွာ အသင္းေခါင္းေဆာင္တာဝန္ေတြကို ယူထားသလို ေျခစြမ္းလည္းေကာင္းေန တာေၾကာင့္ ေဘာလံုးသမိုင္းမွာႏိုင္ငံတကာပြဲအမ်ားဆံုးကစားတဲ့ကစားသမားအျဖစ္ မွတ္တမ္းတင္ႏိုင္ဖို႔ မ်ားေနပါတယ္။