ကြံ့ခိုင်မှု ပြည့်ဝလာတာကြောင့် ဆွီဒင်နဲ့ ကစားမယ့်ပွဲမှာ အမ်ဘတ်ပီပြန်ပါလာမယ်လို့ သတင်းထွက်နေပေမယ့် မာရှယ်တစ် ယောက်တည်း လေ့ကျင့်ခန်းပြုလုပ်နေ


နေးရှင်းလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆွီဒင်အသင်းနဲ့ ကစားမယ့်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာတာကြောင့် တိုက်စစ် မှူး အမ်ဘတ်ပီအနေနဲ့ ပြန်လည်ပါဝင်ကစားနိုင်တော့မယ်လို့ သိရပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာရှယ်က တစ် ယောက်တည်း လေ့ကျင့်မှုပြုလုပ်နေတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ပြင်သစ်ဟာ နောက်ဆုံး ပွဲစဉ်မှာ သရေတစ်မှတ်ရရုံနဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

 

အမ်ဘတ်ပီဟာ နန့်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေရတာဖြစ်ပေမယ့် ပြင်သစ်နည်းပြ ဒက်ချမ့်ကတော့ အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖင်လန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ။ ပေါ်တူဂီနဲ့ နေးရှင်း လိဂ်ပွဲတွေကို အမ်ဘတ်ပီအနေနဲ့ လွဲချော်ခဲ့ပေမယ့် ဆွီဒင်နဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်ကစားနိုင်ဖို့ ရှိနေတယ်လို့ သတင်း တွေက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

ဆွီဒင်နဲ့ မကစားခင်ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာတော့ ပြင်သစ်နည်းပြ ဒက်ချမ့်က “ အမ်ဘတ်ပီအနေနဲ့ အကောင်း ဆုံး ကြံ့ခိုင်မှုကို ပြန်ရနေပါပြီ။ ပြီးခဲ့တဲ့နေ့က သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဆွီဒင်နဲ့ပွဲမှာ သူအနေနဲ့ ပွဲထွက်ကစားနိုင်သလို အရန်ကစားသမားအဖြစ်လည်း ကစားလာနိုင်ပါတယ်။ သူပါဝင်လာတာ အသင်းအတွက် အကျိုးရှိတာမှန်ပေမယ့် စွန့်စား ရတဲ့လုပ်ရပ်မျိုးတော့ လုပ်ဆောင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ၾကံ့ခိုင္မႈ ျပည့္ဝလာတာေၾကာင့္ ဆြီဒင္နဲ႔ ကစားမယ့္ပြဲမွာ အမ္ဘတ္ပီျပန္ပါလာမယ္လို႔ သတင္းထြက္ေနေပမယ့္ မာရွယ္တစ္ ေယာက္တည္း ေလ့က်င့္ခန္းျပဳလုပ္ေန
ေနးရွင္းလိဂ္အုပ္စုအဆင့္ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ဆြီဒင္အသင္းနဲ႔ ကစားမယ့္ပြဲမွာ ၾကံ့ခိ္ုင္မႈျပည့္ဝလာတာေၾကာင့္ တိုက္စစ္ မွဴး အမ္ဘတ္ပီအေနနဲ႔ ျပန္လည္ပါဝင္ကစားႏိုင္ေတာ့မယ္လို႔ သိရၿပီး အျခားတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ မာရွယ္က တစ္ ေယာက္တည္း ေလ့က်င့္မႈျပဳလုပ္ေနတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။ ျပင္သစ္ဟာ ေနာက္ဆံုး ပြဲစဥ္မွာ သေရတစ္မွတ္ရရံုနဲ႔ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာပဲ ျဖစ္ပါတယ္။
အမ္ဘတ္ပီဟာ နန္႔တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ ေပါင္ျခံဒဏ္ရာရရွိခဲ့တာေၾကာင့္ အနားယူေနရတာျဖစ္ေပမယ့္ ျပင္သစ္နည္းျပ ဒက္ခ်မ့္ကေတာ့ အသင္းရဲ႕လူစာရင္းမွာ ေရြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖင္လန္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲ။ ေပၚတူဂီနဲ႔ ေနးရွင္း လိဂ္ပြဲေတြကို အမ္ဘတ္ပီအေနနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ဆြီဒင္နဲ႔ ပြဲမွာေတာ့ ျပန္လည္ပါဝင္ကစားႏိုင္ဖို႔ ရွိေနတယ္လို႔ သတင္း ေတြက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ဆြီဒင္နဲ႔ မကစားခင္ျပဳလုပ္တဲ့ သတင္းစားရွင္းလင္းပြဲမွာေတာ့ ျပင္သစ္နည္းျပ ဒက္ခ်မ့္က “ အမ္ဘတ္ပီအေနနဲ႔ အေကာင္း ဆံုး ၾကံ့ခိုင္မႈကို ျပန္ရေနပါၿပီ။ ၿပီးခဲ့တဲ့ေန႔က သူနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ ဆြီဒင္နဲ႔ပြဲမွာ သူအေနနဲ႔ ပြဲထြက္ကစားႏိုင္သလို အရန္ကစားသမားအျဖစ္လည္း ကစားလာႏိုင္ပါတယ္။ သူပါဝင္လာတာ အသင္းအတြက္ အက်ိဳးရွိတာမွန္ေပမယ့္ စြန္႔စား ရတဲ့လုပ္ရပ္မ်ိဳးေတာ့ လုပ္ေဆာင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။