နေးရှင်းလိဂ် နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ဖို့ မျှော်လင့်ချက်ရှိတဲ့အသင်းတွေမှာ ရေပန်းအစားဆုံး အင်္ဂလန် မပါတော့


ပထမအကြိမ်ကျင်းပတဲ့နေးရှင်းလိဂ်ပြိုင်ပွဲတုန်းက နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တတိယရရှိခဲ့တဲ့ အင်္ဂလန်ဟာ ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် အုပ်စုကျပ်ထဲမှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် နောက်ဆုံးအဆင့်ထိကို မတက်ရောက်နိုင်တော့ဘဲ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်ဟာ အုပ်စုတွင် မှာ ဘယ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ပွဲစဉ်တုန်းက အင်္ဂလန်ဟာ ဘယ်ဂျီယံကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးအဆင့်ကို တက်ရောက်ဖို့အတွက် ပွဲစဉ်တစ်ခုကစားဖို့ ကျန်နေသေးပေမယ့် ဘယ်ဂျီယံနဲ့ ၅ မှတ်အထိကွာဟသွားတာကြောင့် မျှော် လင့်ချက်မဲ့သွားတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် လက်ရှိအင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ရာထူးကထုတ်ပယ်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။


နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ကျင်းပပုံအရ A လိဂ် အုပ်စုတစ်ခုစီရဲ့ ထိပ်ဆုံးအသင်းတွေဟာ ဆီမီးဖိုင်နယ်လို့ ခေါ်တဲ့နောက်ဆုံး အဆင့်ကို တက်ရောက်တာဖြစ်ပြီး နောက်ဆုံးအဆင့်အတွက် ပြင်သစ်အသင်းတစ်သင်းတည်းသာ အသေချာဆုံးဖြစ်နေ တယ်လို့ ဆိုရမှာဖြစ်ပါမယ်။ နောက်ဆုံးပွဲစဉ်မှာတော့ အကြိတ်အနယ်အဖြစ်ဆုံးပွဲကတော့ စပိန်နဲ့ ဂျာမနီတို့ ထိပ်တိုက်တွေ့ ဆုံတဲ့ပွဲဖြစ်ပြီး အိမ်ရှင်ဖြစ်တဲ့ စပိန်အသင်းက နောက်တစ်ဆင်တက်ဖို့အတွက် အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

zawgyi version

ေနးရွင္းလိဂ္ ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲကို တက္ေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိတဲ့အသင္းေတြမွာ ေရပန္းအစားဆံုး အဂၤလန္ မပါေတာ့
ပထမအႀကိမ္က်င္းပတဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲတုန္းက ေနာက္ဆံုးအဆင့္ထိ တက္ေရာက္ႏိုင္ခဲ့ၿပီး တတိယရရွိခဲ့တဲ့ အဂၤလန္ဟာ ဒီႏွစ္ၿပိဳင္ပြဲမွာေတာ့ ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးျဖစ္ခဲ့ေပမယ့္ အုပ္စုက်ပ္ထဲမွာ ေျခစြမ္းျပဖို႔႐ုန္းကန္ခဲ့ရတာေၾကာင့္ ေနာက္ဆံုးအဆင့္ထိကို မတက္ေရာက္ႏိုင္ေတာ့ဘဲ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ အဂၤလန္ဟာ အုပ္စုတြင္ မွာ ဘယ္ဂ်ီယံ၊ ဒိန္းမတ္၊ အိုက္စလန္တို႔နဲ႔ တစ္အုပ္စုတည္းက်ခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ပြဲစဥ္တုန္းက အဂၤလန္ဟာ ဘယ္ဂ်ီယံကို အေဝးကြင္းမွာ ႏွစ္ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ေနာက္ဆံုးအဆင့္ကို တက္ေရာက္ဖို႔အတြက္ ပြဲစဥ္တစ္ခုကစားဖို႔ က်န္ေနေသးေပမယ့္ ဘယ္ဂ်ီယံနဲ႔ ၅ မွတ္အထိကြာဟသြားတာေၾကာင့္ ေမွ်ာ္ လင့္ခ်က္မဲ့သြားတာ ျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္ေတြေၾကာင့္ လက္ရွိအဂၤလန္နည္းျပ ေဆာက္ဂိတ္ကို ရာထူးကထုတ္ပယ္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနတယ္လို႔ သိရပါတယ္။
ေနးရွင္းလိဂ္ၿပိဳင္ပြဲရဲ႕ က်င္းပပံုအရ A လိဂ္ အုပ္စုတစ္ခုစီရဲ႕ ထိပ္ဆံုးအသင္းေတြဟာ ဆီမီးဖိုင္နယ္လို႔ ေခၚတဲ့ေနာက္ဆံုး အဆင့္ကို တက္ေရာက္တာျဖစ္ၿပီး ေနာက္ဆံုးအဆင့္အတြက္ ျပင္သစ္အသင္းတစ္သင္းတည္းသာ အေသခ်ာဆံုးျဖစ္ေန တယ္လို႔ ဆိုရမွာျဖစ္ပါမယ္။ ေနာက္ဆံုးပြဲစဥ္မွာေတာ့ အႀကိတ္အနယ္အျဖစ္ဆံုးပြဲကေတာ့ စပိန္နဲ႔ ဂ်ာမနီတို႔ ထိပ္တိုက္ေတြ႕ ဆံုတဲ့ပြဲျဖစ္ၿပီး အိမ္ရွင္ျဖစ္တဲ့ စပိန္အသင္းက ေနာက္တစ္ဆင္တက္ဖို႔အတြက္ အႏိုင္ရဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။