ဆောက်ဂိတ်ရဲ့အင်္ဂလန်နည်းပြ နေရာအတွက် မော်ရင်ဟိုနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး မီဒို


အီဂျစ်တိုက်စစ်မှူးဖြစ်ပြီး မစ်ဒယ်ဘရော့အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ မီဒိုက လက်ရှိအင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ရဲ့နေရာကို စပါးအသင်းနည်းပြ မော်ရင်ဟိုနဲ့ အစားထိုးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ မီဒိုဟာ အင်္ဂလန် ကလပ်အသင်းတွေဖြစ်တဲ့ စပါး၊ မစ်ဒယ်ဘရော့နဲ့ ဘန်စလေတို့မှာကစားဖူးပြီး မယ်ဒယ်ဘရော့မှာ ကစားခဲ့စဉ်က ဆောက်ဂိတ်လက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။


မီဒိုက လက်ရှိအင်္ဂလန်အသင်းအနေနဲ့ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် စိတ်ဓာတ်ပြင်းပြတဲ့နည်းပြတစ်ဦး ရဲ့ ဦးဆောင်မှုမျိုးလိုအပ်နေတယ်လို့ ပြောခဲ့ပြီး ဆောက်ဂိတ်နေရာမှာ မော်ရင်ဟိုကို အစားထိုးသင့်ကြောင်း ပြောခဲ့တာဖြစ် ပါတယ်။ ဆက်လက်ပြီး မီဒိုက ဆောက်ဂိတ်အနေနဲ့ ကစားသမားဘဝတုန်းက နောက်ခံလူတစ်ဦးဖြစ်တာကြောင့် တိုက်စစ် ထက် ခံစစ်ကိုပိုပြီး ဦးစားပေးလေ့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။


ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းကို ပွဲပေါင်း ၄၈ ပွဲကိုင်တွယ်ခဲ့ရာမှာတော့ ရှုံးပွဲ ၁၀ ပွဲအထိရှိခဲ့တာကြောင့် ဝေဖန်ခံနေ ရတာဖြစ်ပြီး သူရဲ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ရွှေရောင်မျိုးဆက်ကို ပိုင်ဆိုင်ထားတယ်ဆိုပြီး မီဒီယာတွေရဲ့ဖော်ပြခံရတဲ့ အင်္ဂလန်ဟာ ဒီနှစ်ကျင်းပတဲ့နေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ရေပန်းစားခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်တော့တာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

zawgyi version

ေဆာက္ဂိတ္ရဲ႕အဂၤလန္နည္းျပ ေနရာအတြက္ ေမာ္ရင္ဟိုနဲ႔ အစားထိုးသင့္တယ္လို႔ ေျပာခဲ့တဲ့ အီဂ်စ္တိုက္စစ္မွဴး မီဒို
အီဂ်စ္တိုက္စစ္မွဴးျဖစ္ၿပီး မစ္ဒယ္ဘေရာ့အသင္းတိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ မီဒိုက လက္ရွိအဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ရဲ႕ေနရာကို စပါးအသင္းနည္းျပ ေမာ္ရင္ဟိုနဲ႔ အစားထိုးသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မီဒိုဟာ အဂၤလန္ ကလပ္အသင္းေတြျဖစ္တဲ့ စပါး၊ မစ္ဒယ္ဘေရာ့နဲ႔ ဘန္စေလတို႔မွာကစားဖူးၿပီး မယ္ဒယ္ဘေရာ့မွာ ကစားခဲ့စဥ္က ေဆာက္ဂိတ္လက္ေအာက္မွာ ကစားခဲ့ဖူးသူျဖစ္ပါတယ္။
မီဒိုက လက္ရွိအဂၤလန္အသင္းအေနနဲ႔ ကစားသမားေကာင္းေတြကို ပိုင္ဆိုင္ထားေပမယ့္ စိတ္ဓာတ္ျပင္းျပတဲ့နည္းျပတစ္ဦး ရဲ႕ ဦးေဆာင္မႈမ်ိဳးလိုအပ္ေနတယ္လို႔ ေျပာခဲ့ၿပီး ေဆာက္ဂိတ္ေနရာမွာ ေမာ္ရင္ဟိုကို အစားထိုးသင့္ေၾကာင္း ေျပာခဲ့တာျဖစ္ ပါတယ္။ ဆက္လက္ၿပီး မီဒိုက ေဆာက္ဂိတ္အေနနဲ႔ ကစားသမားဘဝတုန္းက ေနာက္ခံလူတစ္ဦးျဖစ္တာေၾကာင့္ တိုက္စစ္ ထက္ ခံစစ္ကိုပိုၿပီး ဦးစားေပးေလ့ရွိတယ္လို႔လည္း ေျပာခဲ့ပါတယ္။
ေဆာက္ဂိတ္အေနနဲ႔ အဂၤလန္အသင္းကို ပြဲေပါင္း ၄၈ ပြဲကိုင္တြယ္ခဲ့ရာမွာေတာ့ ရႈံးပြဲ ၁၀ ပြဲအထိရွိခဲ့တာေၾကာင့္ ေဝဖန္ခံေန ရတာျဖစ္ၿပီး သူရဲ႕ရာထူးကေန ထုတ္ပယ္ခံရႏိုင္တယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။ ေရႊေရာင္မ်ိဳးဆက္ကို ပိုင္ဆိုင္ထားတယ္ဆိုၿပီး မီဒီယာေတြရဲ႕ေဖာ္ျပခံရတဲ့ အဂၤလန္ဟာ ဒီႏွစ္က်င္းပတဲ့ေနးရွင္းလိဂ္မွာ ဗိုလ္စြဲဖို႔အတြက္ ေရပန္းစားခဲ့ေပမယ့္ ဆီမီးဖိုင္နယ္အဆင့္ကို မတက္ေရာက္ႏိုင္ေတာ့တာေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။