ဘယ်ဂျီယံကို နှစ်ဂိုးပြတ်နဲ့ ရှုံးပြီးနောက် လက်ကျန်ပွဲကစားဖို့ကျန်နေသေးပေမယ့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်မရှိတော့တဲ့ အင်္ဂလန် အသင်း


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်ဟာ ဘယ်ဂျီယံကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ကြောင့် လက်ကျန်တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့် နောက်ဆုံးအဆင့်ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် မျှော်လင့် ချက်မရှိတော့ဘူးလို့ သိရပါတယ်။ ငါးပွဲကစားပြီးချိန်မှာ အင်္ဂလန်အနေနဲ့ ရမှတ် ၇ မှတ်သာရထားပြီး ဘယ်ဂျီယံကတော့ ရမှတ် ၁၂ မှတ်ရထားတာပဲ ဖြစ်ပါတယ်။


ပထမအကျော့က ဘယ်ဂျီယံကို အနိုင်ရထားပေမယ့် ဒိန်းမတ်ကိုမထင်မှတ်ဘဲ ရှုံးခဲ့တဲ့အင်္ဂလန်ဟာ ဘယ်ဂျီယံနဲ့ပွဲမှာ ရလဒ်ကောင်းရဖို့  ကြိုးစားခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ ကစားအားကို မယှဉ်နိုင်ခဲ့ဘဲ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ် ပါတယ်။ ဘယ်ဂျီယံအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၀ မိနစ်မှာ တိုင်လီမန်းစ်နဲ့ ပွဲချိန် ၂၃ မိနစ်မှာ မာတန်းစ်တို့က သွင်း ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။


ဘယ်ဂျီယံနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ စတာလင်း၊ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယား၊ အာနိုးလ်နဲ့ ဂျိုးဂိုမက်ဇ်တို့ဟာ ဒဏ်ရာရ၊ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် မပါဝင်နိုင်ခဲ့လို အင်္ဂလန်အနေနဲ့ ဘယ်ဂျီယံကို မယှဉ်နိုင်ခဲ့တာလို့ လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။ အင်္ဂလန်ဟာ ဒီနှစ်ကျင်းပတဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ ပေမယ့် ဘယ်ဂျီယံနဲ့ တစ်အုပ်စုတည်း ကျခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

zawgyi version

ဘယ္ဂ်ီယံကို ႏွစ္ဂိုးျပတ္နဲ႔ ရႈံးၿပီးေနာက္ လက္က်န္ပြဲကစားဖို႔က်န္ေနေသးေပမယ့္ ဆီမီးဖိုင္နယ္တက္ေရာက္ခြင့္မရွိေတာ့တဲ့ အဂၤလန္ အသင္း
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ေနးရွင္းလိဂ္ပြဲစဥ္မွာ အဂၤလန္ဟာ ဘယ္ဂ်ီယံကို အေဝးကြင္းမွာ ႏွစ္ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာ ေၾကာင့္ လက္က်န္တစ္ပြဲကစားဖို႔ က်န္ေနေသးေပမယ့္ ေနာက္ဆံုးအဆင့္ဆီမီးဖိုင္နယ္တက္ေရာက္ဖို႔အတြက္ ေမွ်ာ္လင့္ ခ်က္မရွိေတာ့ဘူးလို႔ သိရပါတယ္။ ငါးပြဲကစားၿပီးခ်ိန္မွာ အဂၤလန္အေနနဲ႔ ရမွတ္ ၇ မွတ္သာရထားၿပီး ဘယ္ဂ်ီယံကေတာ့ ရမွတ္ ၁၂ မွတ္ရထားတာပဲ ျဖစ္ပါတယ္။
ပထမအေက်ာ့က ဘယ္ဂ်ီယံကို အႏိုင္ရထားေပမယ့္ ဒိန္းမတ္ကိုမထင္မွတ္ဘဲ ရႈံးခဲ့တဲ့အဂၤလန္ဟာ ဘယ္ဂ်ီယံနဲ႔ပြဲမွာ
ရလဒ္ေကာင္းရဖို႔ ႀကိဳးစားခဲ့ေပမယ့္ အိမ္ရွင္အသင္းရဲ႕ ကစားအားကို မယွဥ္ႏိုင္ခဲ့ဘဲ ႏွစ္ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာပဲ ျဖစ္ ပါတယ္။ ဘယ္ဂ်ီယံအတြက္ ဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၁၀ မိနစ္မွာ တိုင္လီမန္းစ္နဲ႔ ပြဲခ်ိန္ ၂၃ မိနစ္မွာ မာတန္းစ္တို႔က သြင္း ယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
ဘယ္ဂ်ီယံနဲ႔ပြဲစဥ္မွာ အဂၤလန္အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ စတာလင္း၊ ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယား၊ အာႏိုးလ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ဟာ ဒဏ္ရာရ၊ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ မပါဝင္ႏိုင္ခဲ့လို အဂၤလန္အေနနဲ႔ ဘယ္ဂ်ီယံကို မယွဥ္ႏိုင္ခဲ့တာလို႔ လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ အဂၤလန္ဟာ ဒီႏွစ္က်င္းပတဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုးျဖစ္ခဲ့ ေပမယ့္ ဘယ္ဂ်ီယံနဲ႔ တစ္အုပ္စုတည္း က်ခဲ့တာေၾကာင့္ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။