ရာမို့စ်က အခြားနောက်ခံလူတွေနဲ့ မတူတဲ့အဆင့်ရောက်သွားပြီလို့ စပိန်နည်းပြ အင်းနရစ် ချီးကျူးခဲ့


နယ်သာလန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာတော့ စပိန်အသင်းနည်းပြ အင်းနရစ်က အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ် က အခြားနောက်ခံလူတွေနဲ့ မတူတဲ့အဆင့်ကို ရောက်သွားပြီလို့ ပြောခဲ့ပါတယ်။ နယ်သာလန်နဲ့ ပွဲမှာ လူစားဝင်ကစားခဲ့ တယ်ဆိုပေမယ့် ရာမို့စ်ဟာ ဥရောပနိုင်ငံအသင်းတွေမှာ ပွဲအများဆုံးကစားသမားထားတဲ့ အီတလီဂိုးသမား ဘတ်ဖွန်ရဲ့ ပွဲ အများဆုံးကစားထားတဲ့ ၁၇၆ ပွဲစံချိန်ကို လိုက်မီနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


၂၀၀၅ ခုနှစ်ကတည်းက စပိန်အသင်းကြီးအတွက် ကစားခွင့်ရခဲ့တဲ့ရာမို့စ်ဟာ လက်ရှိအချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတာကြောင့် စနေနေ့မှာကစားမယ့် ဆွစ်ဇာလန်နဲ့ ပွဲမှာပါဝင်ကစားဖို့ရှိနေပြီး ဒီပွဲမှာကစားခဲ့မယ်ဆိုရင် ဥရော ပနိုင်ငံအသင်းတွေမှာ ပွဲအများဆုံးကစားထားတဲ့စံချိန်ကို ရာမို့စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ဒီတစ်ပတ် ကစားမယ့်နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ဆွစ်ဇာလန်၊ ဂျာမနီတို့ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စပိန်နည်းပြ အင်းနရစ်က “ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး
ပြောစရာမရှိပါဘူး။ ကောင်းမွန်တဲ့ခံစားမှုမျိုးကို ရရှိပါတယ်။ စပိန်က ၂၀၂၀ ခုနှစ်အတွင်း ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ ၂ ပွဲပဲ ရခဲ့တယ်ဆိုပေမယ့် ဆွစ်ဇာလန်၊ ဂျာမနီတို့နဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းရမှာပါ။ အသင်းခေါင်းဆောင်ရာမို့စ်က အခြားခံစစ် ကစားသမားတွေနဲ့ မတူတော့ဘဲ အခြားသူတွေထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့အဆင့်မျိုးကို ရောက်နေပါပြီ” လို့ ပြောခဲ့ ပါတယ်။

zawgyi version

ရာမို႔စ္က အျခားေနာက္ခံလူေတြနဲ႔ မတူတဲ့အဆင့္ေရာက္သြားၿပီလို႔ စပိန္နည္းျပ အင္းနရစ္ ခ်ီးက်ဴးခဲ့
နယ္သာလန္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာေတာ့ စပိန္အသင္းနည္းျပ အင္းနရစ္က အသင္းေခါင္းေဆာင္ျဖစ္တဲ့ ရာမို႔စ္ က အျခားေနာက္ခံလူေတြနဲ႔ မတူတဲ့အဆင့္ကို ေရာက္သြားၿပီလို႔ ေျပာခဲ့ပါတယ္။ နယ္သာလန္နဲ႔ ပြဲမွာ လူစားဝင္ကစားခဲ့ တယ္ဆိုေပမယ့္ ရာမို႔စ္ဟာ ဥေရာပႏိုင္ငံအသင္းေတြမွာ ပြဲအမ်ားဆံုးကစားသမားထားတဲ့ အီတလီဂိုးသမား ဘတ္ဖြန္ရဲ႕ ပြဲ အမ်ားဆံုးကစားထားတဲ့ ၁၇၆ ပြဲစံခ်ိန္ကို လိုက္မီႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
၂၀၀၅ ခုႏွစ္ကတည္းက စပိန္အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့တဲ့ရာမို႔စ္ဟာ လက္ရွိအခ်ိန္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတာေၾကာင့္ စေနေန႔မွာကစားမယ့္ ဆြစ္ဇာလန္နဲ႔ ပြဲမွာပါဝင္ကစားဖို႔ရွိေနၿပီး ဒီပြဲမွာကစားခဲ့မယ္ဆိုရင္ ဥေရာ ပႏိုင္ငံအသင္းေတြမွာ ပြဲအမ်ားဆံုးကစားထားတဲ့စံခ်ိန္ကို ရာမို႔စ္အေနနဲ႔ ရရွိမွာပဲ ျဖစ္ပါတယ္။ စပိန္အသင္းဟာ ဒီတစ္ပတ္ ကစားမယ့္ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာေတာ့ ဆြစ္ဇာလန္၊ ဂ်ာမနီတို႔ကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ စပိန္နည္းျပ အင္းနရစ္က “ အသင္းရဲ႕စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး
ေျပာစရာမရွိပါဘူး။ ေကာင္းမြန္တဲ့ခံစားမႈမ်ိဳးကို ရရွိပါတယ္။ စပိန္က ၂၀၂၀ ခုႏွစ္အတြင္း ကစားခဲ့တဲ့ပြဲေတြမွာ ႏိုင္ပြဲ ၂ ပြဲပဲ ရခဲ့တယ္ဆိုေပမယ့္ ဆြစ္ဇာလန္၊ ဂ်ာမနီတို႔နဲ႔ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းရမွာပါ။ အသင္းေခါင္းေဆာင္ရာမို႔စ္က အျခားခံစစ္ ကစားသမားေတြနဲ႔ မတူေတာ့ဘဲ အျခားသူေတြထက္ စြမ္းေဆာင္ရည္ပိုေကာင္းတဲ့အဆင့္မ်ိဳးကို ေရာက္ေနပါၿပီ” လို႔ ေျပာခဲ့ ပါတယ္။