အင်္ဂလန်အသင်းအတွက် လေ့ကျင့်ခန်းလုပ်ရင်း ဗန်ဒိုက်ခ်လိုမျိုး ဒဏ်ရာရသွားခဲ့တာကြောင့် ကာလရှည်အနားယူဖို့ရှိနေတဲ့ ဂျိုးဂိုမက်ဇ်


အင်္ဂလန်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျိုးဂိုမက်ဇ်ဟာ အသင်းအတွက်လေ့ကျင့်ခန်းဆင်းရင်း ဒဏ်ရာရသွားခဲ့တာကြောင့် ကလပ်အသင်းဖော်ဖြစ်တဲ့ ဗန်ဒိုက်ခ်လိုမျိုး ကာလရှည်ကြာအနားယူဖို့ ရှိနေတယ်လို့ SunSport ရဲ့ ဖော်ပြချက်အရ သိရပါ တယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဂျိုးဂိုမက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို မသိရသေးတာကြောင့် စောင့်ကြည့်ရ ဦးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “ ကျွန်တော်တို့အနေနဲ့ ဂိုမက်ဇ်ရဲ့ဒဏ်ရာအတွက် စောင့်ကြည့်နေပါတယ်။သူရဲ့ ဒဏ်ရာ ကို Scan ဖတ်ထားပြီး စစ်ဆေးနေပေမယ့် အခြေအနေကို မသိရသေးပါဘူး။ သတင်းတွေမှာ ဖော်ပြနေတဲ့ ကာလရှည် အနားယူရမယ်ဆိုတဲ့သတင်းတွေက မသေချာပါဘူး။ ကစားသမားတစ်ယောက် ဒဏ်ရာရသွားတာကြောင့် သူနဲ့သက်ဆိုင် တဲ့ အသင်းတွေအားလုံး အခက်တွေ့စေပါတယ်” လို့ ပြောခဲ့ပါတယ်။


လီဗာပူးအသင်းတာဝန်ရှိသူတွေကလည်း ဂိုမက်ဇ်ရဲ့ ဒဏ်ရာအတွက် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လီဗာပူးဟာ အဓိကခံစစ်မှူးဖြစ်တဲ့ ဗန်ဒိုက်ခ်ကို ရာသီကုန်အထိ လက်လွှတ်ရဖို့ရှိနေပြီး နောက်တန်းမှာ ဆင်းကစားနေတဲ့ ဖာဘင်ဟိုလည်း ဒဏ်ရာရနေတာကြောင့် ဂိုမက်ဇ် ဒဏ်ရာရတဲ့သတင်းဟာ အသင်းအ တွက်တော့ ကံမကောင်းစေခဲ့တဲ့ သတင်းလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

zawgyi version

အဂၤလန္အသင္းအတြက္ ေလ့က်င့္ခန္းလုပ္ရင္း ဗန္ဒိုက္ခ္လိုမ်ိဳး ဒဏ္ရာရသြားခဲ့တာေၾကာင့္ ကာလရွည္အနားယူဖို႔ရွိေနတဲ့ ဂ်ိဳးဂိုမက္ဇ္
အဂၤလန္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဂ်ိဳးဂိုမက္ဇ္ဟာ အသင္းအတြက္ေလ့က်င့္ခန္းဆင္းရင္း ဒဏ္ရာရသြားခဲ့တာေၾကာင့္ ကလပ္အသင္းေဖာ္ျဖစ္တဲ့ ဗန္ဒိုက္ခ္လိုမ်ိဳး ကာလရွည္ၾကာအနားယူဖို႔ ရွိေနတယ္လို႔ SunSport ရဲ႕ ေဖာ္ျပခ်က္အရ သိရပါ တယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ ဂ်ိဳးဂိုမက္ဇ္ရဲ႕ ဒဏ္ရာအေျခအေနကို မသိရေသးတာေၾကာင့္ ေစာင့္ၾကည့္ရ ဦးမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္က “ ကြ်န္ေတာ္တို႔အေနနဲ႔ ဂိုမက္ဇ္ရဲ႕ဒဏ္ရာအတြက္ ေစာင့္ၾကည့္ေနပါတယ္။သူရဲ႕ ဒဏ္ရာ ကို Scan ဖတ္ထားၿပီး စစ္ေဆးေနေပမယ့္ အေျခအေနကို မသိရေသးပါဘူး။ သတင္းေတြမွာ ေဖာ္ျပေနတဲ့ ကာလရွည္ အနားယူရမယ္ဆိုတဲ့သတင္းေတြက မေသခ်ာပါဘူး။ ကစားသမားတစ္ေယာက္ ဒဏ္ရာရသြားတာေၾကာင့္ သူနဲ႔သက္ဆိုင္ တဲ့ အသင္းေတြအားလံုး အခက္ေတြ႕ေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လီဗာပူးအသင္းတာဝန္ရွိသူေတြကလည္း ဂိုမက္ဇ္ရဲ႕ ဒဏ္ရာအတြက္ ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ လီဗာပူးဟာ အဓိကခံစစ္မွဴးျဖစ္တဲ့ ဗန္ဒိုက္ခ္ကို ရာသီကုန္အထိ လက္လႊတ္ရဖို႔ရွိေနၿပီး ေနာက္တန္းမွာ ဆင္းကစားေနတဲ့ ဖာဘင္ဟိုလည္း ဒဏ္ရာရေနတာေၾကာင့္ ဂိုမက္ဇ္ ဒဏ္ရာရတဲ့သတင္းဟာ အသင္းအ တြက္ေတာ့ ကံမေကာင္းေစခဲ့တဲ့ သတင္းလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။