ဦးစားပေးနေရာအတွက် ပစ်ဖို့ဒ်နဲ့ အဝေးကြီးမှာ ကျန်ခဲ့သလိုမျိုး ခံစားရတယ်လို့ ပြောခဲ့တဲ့ အင်္ဂလန်အရန်ဂိုးသမား နစ်ပုတ်ခ်


အင်္ဂလန်အသင်းရဲ့ဂိုးသမားတစ်ဦးဖြစ်တဲ့ နစ်ပုတ်ခ်က အသင်းရဲ့ဦးစားပေးဂိုးသမားနေရာအတွက် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ အဝေးကြီးမှာ ကျန်ခဲ့သလိုမျိုးခံစားနေရကြောင်းပြောခဲ့ပါတယ်။ နစ်ပုတ်ခ်ဟာ ဒီနှစ်ပိုင်းမှာ အင်္ဂလန်အသင်းအ တွက် ရွေးချယ်ခံခဲ့ရပေမယ့် ပွဲထွက်ခွင့်မှာတော့ ပစ်ဖို့ဒ်ကို မယှဉ်နိုင်ဘဲ သုံးပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားတာကြောင့် အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ နစ်ပုတ်ခ်က “ ပြီးခဲ့တဲ့ပွဲ ၃၀ လောက်ကို ပြန်ကြည့်မယ်ဆိုရင် ပစ်ဖို့ဒ်က ၂၈ ပွဲလောက် ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။ သူက အင်္ဂလန်အသင်းအတွက် နံပါတ်တစ်ဂိုးသမားလို့ ဆိုရမှာသလို နည်းပြဆောက်ဂိတ်ရဲ့ ယုံကြည်မှုကိုလည်း ရနေတဲ့သူပါ။ ကျွန်တော်အပါအဝင် အခြားဂိုးသမားတွေ လက်စွမ်းပြနိုင်ပေမယ့် အင်္ဂလန်အသင်းကြီး မှာ နေရာရဖို့တော့ မလွယ်တဲ့ အနေအထားတွေဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။


ဒီနေ့ည အိုင်ယာလန်အသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲမှာ နစ်ပုတ်ခ်အနေနဲ့ သူရဲ့အင်္ဂလန်အသင်းကြီးကစားသမားဘဝ ၄ပွဲ မြောက်အဖြစ် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အိုင်ယာလန်နဲ့ ခြေစမ်းပွဲပြီးရင်တော့ အင်္ဂလန်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲအဖြစ် ဘယ်ဂျီယံကို အဝေးကွင်းနဲ့ အိုက်စလန်ကို အိမ်ကွင်းတွေမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ လက်ရှိအုပ်စုအနေအထားမှာတော့ အင်္ဂလန်က ရမှတ် ၇ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

zawgyi version

ဦးစားေပးေနရာအတြက္ ပစ္ဖို႔ဒ္နဲ႔ အေဝးႀကီးမွာ က်န္ခဲ့သလိုမ်ိဳး ခံစားရတယ္လို႔ ေျပာခဲ့တဲ့ အဂၤလန္အရန္ဂိုးသမား နစ္ပုတ္ခ္
အဂၤလန္အသင္းရဲ႕ဂိုးသမားတစ္ဦးျဖစ္တဲ့ နစ္ပုတ္ခ္က အသင္းရဲ႕ဦးစားေပးဂိုးသမားေနရာအတြက္ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္နဲ႔ အေဝးႀကီးမွာ က်န္ခဲ့သလိုမ်ိဳးခံစားေနရေၾကာင္းေျပာခဲ့ပါတယ္။ နစ္ပုတ္ခ္ဟာ ဒီႏွစ္ပိုင္းမွာ အဂၤလန္အသင္းအ တြက္ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ပြဲထြက္ခြင့္မွာေတာ့ ပစ္ဖို႔ဒ္ကို မယွဥ္ႏိုင္ဘဲ သံုးပြဲသာ ပြဲထြက္ကစားခြင့္ရရွိထားတာေၾကာင့္ အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ နစ္ပုတ္ခ္က “ ၿပီးခဲ့တဲ့ပြဲ ၃၀ ေလာက္ကို ျပန္ၾကည့္မယ္ဆိုရင္ ပစ္ဖို႔ဒ္က ၂၈ ပြဲေလာက္ ပြဲထြက္ ကစားခြင့္ရခဲ့ပါတယ္။ သူက အဂၤလန္အသင္းအတြက္ နံပါတ္တစ္ဂိုးသမားလို႔ ဆိုရမွာသလို နည္းျပေဆာက္ဂိတ္ရဲ႕ ယံုၾကည္မႈကိုလည္း ရေနတဲ့သူပါ။ ကြ်န္ေတာ္အပါအဝင္ အျခားဂိုးသမားေတြ လက္စြမ္းျပႏိုင္ေပမယ့္ အဂၤလန္အသင္းႀကီး မွာ ေနရာရဖို႔ေတာ့ မလြယ္တဲ့ အေနအထားေတြျဖစ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒီေန႔ည အိုင္ယာလန္အသင္းနဲ႔ ကစားမယ့္ေျခစမ္းပြဲမွာ နစ္ပုတ္ခ္အေနနဲ႔ သူရဲ႕အဂၤလန္အသင္းႀကီးကစားသမားဘဝ ၄ပြဲ ေျမာက္အျဖစ္ ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ အိုင္ယာလန္နဲ႔ ေျခစမ္းပြဲၿပီးရင္ေတာ့ အဂၤလန္ဟာ ေနးရွင္းလိဂ္ၿပိဳင္ပြဲအျဖစ္ ဘယ္ဂ်ီယံကို အေဝးကြင္းနဲ႔ အိုက္စလန္ကို အိမ္ကြင္းေတြမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။ လက္ရွိအုပ္စုအေနအထားမွာေတာ့ အဂၤလန္က ရမွတ္ ၇ မွတ္နဲ႔ အုပ္စုတတိယေနရာမွာ ရွိေနတာပဲ ျဖစ္ပါတယ္။