ယူနိုက်တက်မှာ ဗန်ဒီဘိတ်ခ် ကစားရတဲ့အချိန်ပမာဏာက နယ်သာလန်အတွက် သက်ရောက်မှုမရှိဘူးလို့ ပြောခဲ့တဲ့ နည်းပြ ဒီဘိုးဝါး


နယ်သာလန်နည်းပြ ဒီဘိုးဝါးက ယူနိုက်တက်အသင်းကို နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ခဲ့ပေမယ့် ပုံမှန်ကစားခွင့် မရတဲ့ ဗန်ဒီဘိတ်ခ်ရဲ့ အနေအထားက နယ်သာလန်အသင်းအတွက် သက်ရောက်မှုမဖြစ်စေဘူးလို့ ပြောခဲ့ပါတယ်။ ဗန်ဒီ ဘိတ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲစုံမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ နောက်မှာ အရန်ကစားသမားအဖြစ်သာ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီဘိုးဝါးက “ ဗန်ဒီဘိတ်ခ်ရဲ့ ပွဲကစားတဲ့အချိန်ပမာ ဏာက ကျွန်တော်အတွက် အခက်အခဲမဖြစ်စေပါဘူး။သူက ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို ခြေစွမ်းကောင်းပြနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာကစားသမားကောင်းတွေ ရှိနေ လို့သာ သူအနေနဲ့ ပွဲကစားခွင့်အနည်းငယ်ပဲ ရနေတာပါ” လို့ ပြောခဲ့ပါတယ်။


ဗန်ဒီဘိတ်ခ်အနေနဲ့ ဒီတစ်ပတ် ကစားမယ့်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပေါ့ဘာရဲ့နေရာကို ရယူနိုင်ဖို့ရှိနေတယ်လို့လည်း ဒီဘိုးဝါးက ပြောခဲ့ပါတယ်။ ပေါ့ဘာကို ရီးရဲလ်အသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်က လည်း ရီးရဲလ်မှာ ကစားဖို့က သူရဲ့အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ပေါ့ဘာကို ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

zawgyi version

ယူႏိုက္တက္မွာ ဗန္ဒီဘိတ္ခ္ ကစားရတဲ့အခ်ိန္ပမာဏာက နယ္သာလန္အတြက္ သက္ေရာက္မႈမရွိဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ ဒီဘိုးဝါး
နယ္သာလန္နည္းျပ ဒီဘိုးဝါးက ယူႏိုက္တက္အသင္းကို ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ပံုမွန္ကစားခြင့္ မရတဲ့ ဗန္ဒီဘိတ္ခ္ရဲ႕ အေနအထားက နယ္သာလန္အသင္းအတြက္ သက္ေရာက္မႈမျဖစ္ေစဘူးလို႕ ေျပာခဲ့ပါတယ္။ ဗန္ဒီ ဘိတ္ဟာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ ၿပိဳင္ပြဲစံုမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ဖာနန္ဒက္စ္၊ ေပါ့ဘာတို႔ ေနာက္မွာ အရန္ကစားသမားအျဖစ္သာ ရွိေနတာျဖစ္ပါတယ္။
ႏိုင္ငံတကာပြဲစဥ္ေတြမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဒီဘိုးဝါးက “ ဗန္ဒီဘိတ္ခ္ရဲ႕ ပြဲကစားတဲ့အခ်ိန္ပမာ ဏာက ကြ်န္ေတာ္အတြက္ အခက္အခဲမျဖစ္ေစပါဘူး။သူက ကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး အၿမဲတမ္းလိုလို ေျခစြမ္းေကာင္းျပႏိုင္တဲ့ ကစားသမားတစ္ေယာက္ပါ။ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္မွာကစားသမားေကာင္းေတြ ရွိေန လို႔သာ သူအေနနဲ႔ ပြဲကစားခြင့္အနည္းငယ္ပဲ ရေနတာပါ” လို႔ ေျပာခဲ့ပါတယ္။
ဗန္ဒီဘိတ္ခ္အေနနဲ႔ ဒီတစ္ပတ္ ကစားမယ့္ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ ေပါ့ဘာရဲ႕ေနရာကို ရယူႏိုင္ဖို႔ရွိေနတယ္လို႔လည္း ဒီဘိုးဝါးက ေျပာခဲ့ပါတယ္။ ေပါ့ဘာကို ရီးရဲလ္အသင္းက ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ကစားသမားကိုယ္တိုင္က လည္း ရီးရဲလ္မွာ ကစားဖို႔က သူရဲ႕အိပ္မက္ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက ေပါ့ဘာကို ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။