ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်လမှာ နယူးဇီလန် နဲ့ မဟုတ်ပဲ အိုင်ယာလန်နဲ့ ခြေစမ်းပွဲကစားမယ့် အင်္ဂလန်အသင်း

အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ ဝင်ဘလေကွင်း၌ ခြေစမ်းပွဲကို နယူးဇီလန်အသင်းနဲ့ ကစားရမယ့်အစား အိုင်ယာလန်အသင်းနဲ့ပဲ ကစားသွားမှာဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ရဲ့အသင်းဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ နဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွေမှာ ဘယ်လ်ဂျီယံ နဲ့ အိုက်စလန်အသင်းတို့နဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲ (၂) ပွဲကစား ကစားရဦးမှာဖြစ်ပါတယ်။

နယူးဇီလန်အသင်းက ဝင်ဘလေမှာ ကစားမယ့် ခြေစမ်းပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ လူစာရင်းရွေးချယ်ရမှာ မသေချာတဲ့အတွက် ယခုလို နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန် နဲ့ အိုင်ယာလန်အသင်းပွဲကိုလည်း အစိုးရရဲ့ ကန့်သတ်ချက်နဲ့အတူ ကွင်းပိတ်ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ အိုင်ယာလန်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။

အင်္ဂလန်အသင်းက ဂျက်ဂရှီလစ်ရှ် နဲ့ ဒီကလန်ရိုက်တို့ဟာ အိုင်ယာလန်လူငယ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားပေးခဲ့ဖူးသူတွေဖြစ်ပါတယ်။ ဒီကလန်ရိုက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပြီးခဲ့တဲ့နှစ်ကတည်းကရွေးချယ်ခြင်းခံခဲ့ရပြီး (၁၁)ပွဲကစားပေးထားပါတယ်။ ဒီကလန်ရိုက်ကတော့ စက်တင်ဘာလကမှ ပထမဆုံးရွေးချယ်ခေါ်ယူခံခဲ့ရပြီး အိုက်စလန်နဲ့ ဒိန်းမတ်အသင်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေနာက္လမွာ နယူးဇီလန္ နဲ႔ မဟုတ္ပဲ အိုင္ယာလန္နဲ႔ ေျခစမ္းပြဲကစားမယ့္ အဂၤလန္အသင္း

အဂၤလန္အသင္းဟာ ႏို၀င္ဘာလ ၁၂ ရက္ေန႔ ၾကာသပေတးေန႔မွာ ၀င္ဘေလကြင္း၌ ေျခစမ္းပြဲကို နယူးဇီလန္အသင္းနဲ႔ ကစားရမယ့္အစား အိုင္ယာလန္အသင္းနဲ႔ပဲ ကစားသြားမွာျဖစ္ပါတယ္။ နညး္ျပေဆာက္ဂိတ္ရဲ႕အသင္းဟာ ႏို၀င္ဘာလ ၁၅ ရက္ေန႔ နဲ႔ ႏို၀င္ဘာလ ၁၈ ရက္ေန႔ေတြမွာ ဘယ္လ္ဂ်ီယံ နဲ႔ အိုက္စလန္အသင္းတို႔နဲ႔ ယူအီးအက္ဖ္ေအေနရွင္းလိဂ္ျပိဳင္ပြဲ (၂) ပြဲကစား ကစားရဦးမွာျဖစ္ပါတယ္။

နယူးဇီလန္အသင္းက ၀င္ဘေလမွာ ကစားမယ့္ ေျခစမ္းပြဲကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသင္းရဲ႕ လူစာရင္းေရြးခ်ယ္ရမွာ မေသခ်ာတဲ့အတြက္ ယခုလို ႏႈတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။ အဂၤလန္ နဲ႔ အိုင္ယာလန္အသင္းပြဲကိုလည္း အစိုးရရဲ႕ ကန္႔သတ္ခ်က္နဲ႔အတူ ကြင္းပိတ္ကစားသြားမွာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ အိုင္ယာလန္အသင္းနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ပြဲမွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။

အဂၤလန္အသင္းက ဂ်က္ဂရွီလစ္ရွ္ နဲ႔ ဒီကလန္ရိုက္တို႔ဟာ အိုင္ယာလန္လူငယ္လက္ေရြးစင္အသင္းအတြက္ ကိုယ္စားျပဳကစားေပးခဲ့ဖူးသူေတြျဖစ္ပါတယ္။ ဒီကလန္ရိုက္ဟာ အဂၤလန္လက္ေရြးစင္အသင္းၾကီးမွာ ျပီးခဲ့တဲ့ႏွစ္ကတည္းကေရြးခ်ယ္ျခင္းခံခဲ့ရျပီး (၁၁)ပြဲကစားေပးထားပါတယ္။ ဒီကလန္ရိုက္ကေတာ့ စက္တင္ဘာလကမွ ပထမဆံုးေရြးခ်ယ္ေခၚယူခံခဲ့ရျပီး အိုက္စလန္နဲ႔ ဒိန္းမတ္အသင္းတို႔နဲ႔ ကစားခဲ့တဲ့ပြဲေတြမွာ ပါ၀င္ကစားခဲ့သူျဖစ္ပါတယ္။