ပိုလန်နဲ့ ပွဲမှာ အီတလီအနေနဲ့ အနိုင်ရခဲ့သင့်တယ်လို့ ပြောခဲ့တဲ့ အီတလီနည်းပြ မန်စီနီ

အီတလီနည်းပြ မန်စီနီက ပိုလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ အီတလီအသင်းအနေနဲ့ ပိုလန်နဲ့ပွဲမှာ အနည်းဆုံး သွင်းဂိုး တစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုး သွင်းယူနိုင်ခဲ့သင့်ကြောင်း ပြောခဲ့ပါတယ်။ အီတလီဟာ နေရှင်းလိဂ်ပွဲစဉ်အဖြစ် သုံးပွဲက စားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ တစ်ပွဲနိုင်၊နှစ်ပွဲသရေနဲ့ ရမှတ် ငါးမှတ်ကာ အုပ်စုကို ဦးဆောင်ထားနိုင်တဲ့အသင်းလည်း ဖြစ်ပါ တယ်။


ပွဲအပြီးမှာတော့ RAI Sport ကနေတဆင့် မန်စီနီက “ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူးလို့ဆိုရမှာပါ။ ပထမပိုင်းမှာလည်း ပင်နယ်တီရသင့်တဲ့ အခွင့်အရေးမျိုးကို မရခဲ့ပါဘူး။ သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့တဲ့အတွက် နစ်နာခဲ့ရတယ်ဆိုပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ကျေနပ်မိပါတယ်။ အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်ခဲ့တာကြောင့် သွင်းဂိုးတစ် ဂိုး ဒါမှမဟုတ်ရင် နှစ်ဂိုးရခဲ့သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ပိုလန်နဲ့ အီတလီတို့ကစားခဲ့တဲ့ပွဲမှာ ပိုလန်နိုင်ငံမှာ ကိုဗစ်ရောဂါပိုးပြန်လည်သက်သာလာတဲ့အနေအထားတွေကြောင့် ကွင်း အတွင်းမှာ ပရိသတ် ၁၀၀၀ ခန့်လာရောက်ကြည့်ရှုခဲ့တယ်လို့လည်းသိရပါတယ်။ပိုလန်နဲ့ အီတလီတို့ ဂိုးမရှိသရေကျခဲ့သလို အုပ်စုတွင်းပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ဘော့စနီးယားနဲ့ နယ်သာလန်တို့ပွဲစဉ်မှာလည်း ဂိုးမရှိသရေကျခဲ့ပါတယ်။ အုပ်စု တွင်းမှာတော့ အီတလီက ၅ မှတ်၊ ပိုလန်နဲ့ နယ်သာလန်တို့က ၄ မှတ်စီရရှိထားပြီး ဘော့စနီးယားက ၂ မှတ်ရရှိထားတာပဲ ဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ပိုလန်နဲ့ ဘော့စနီးယား၊ အီတလီနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါ တယ်။

zawgyi version

ပိုလန္နဲ႔ ပြဲမွာ အီတလီအေနနဲ႔ အႏိုင္ရခဲ့သင့္တယ္လို႔ ေျပာခဲ့တဲ့ အီတလီနည္းျပ မန္စီနီ
အီတလီနည္းျပ မန္စီနီက ပိုလန္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ အီတလီအသင္းအေနနဲ႔ ပိုလန္နဲ႔ပြဲမွာ အနည္းဆံုး သြင္းဂိုး တစ္ဂိုး ဒါမွမဟုတ္ ႏွစ္ဂိုး သြင္းယူႏိုင္ခဲ့သင့္ေၾကာင္း ေျပာခဲ့ပါတယ္။ အီတလီဟာ ေနရွင္းလိဂ္ပြဲစဥ္အျဖစ္ သံုးပြဲက စားၿပီးခ်ိန္မွာ ရႈံးပြဲမရွိေသးဘဲ တစ္ပြဲႏိုင္၊ႏွစ္ပြဲသေရနဲ႔ ရမွတ္ ငါးမွတ္ကာ အုပ္စုကို ဦးေဆာင္ထားႏိုင္တဲ့အသင္းလည္း ျဖစ္ပါ တယ္။
ပြဲအၿပီးမွာေတာ့ RAI Sport ကေနတဆင့္ မန္စီနီက “ ကြ်န္ေတာ္တို႔ ကံမေကာင္းခဲ့ဘူးလို႔ဆိုရမွာပါ။ ပထမပိုင္းမွာလည္း ပင္နယ္တီရသင့္တဲ့ အခြင့္အေရးမ်ိဳးကို မရခဲ့ပါဘူး။ သေရတစ္မွတ္ပဲ ရယူႏိုင္ခဲ့တဲ့အတြက္ နစ္နာခဲ့ရတယ္ဆိုေပမယ့္ အသင္းရဲ႕ စြမ္းေဆာင္ရည္ကိုေတာ့ ေက်နပ္မိပါတယ္။ အသင္းအေနနဲ႔ အေကာင္းဆံုးကစားႏိုင္ခဲ့တာေၾကာင့္ သြင္းဂိုးတစ္ ဂိုး ဒါမွမဟုတ္ရင္ ႏွစ္ဂိုးရခဲ့သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပိုလန္နဲ႔ အီတလီတို႔ကစားခဲ့တဲ့ပြဲမွာ ပိုလန္ႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးျပန္လည္သက္သာလာတဲ့အေနအထားေတြေၾကာင့္ ကြင္း အတြင္းမွာ ပရိသတ္ ၁၀၀၀ ခန္႔လာေရာက္ၾကည့္ရႈခဲ့တယ္လို႔လည္းသိရပါတယ္။ပိုလန္နဲ႔ အီတလီတို႔ ဂိုးမရွိသေရက်ခဲ့သလို အုပ္စုတြင္းၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ ေဘာ့စနီးယားနဲ႔ နယ္သာလန္တို႔ပြဲစဥ္မွာလည္း ဂိုးမရွိသေရက်ခဲ့ပါတယ္။ အုပ္စု တြင္းမွာေတာ့ အီတလီက ၅ မွတ္၊ ပိုလန္နဲ႔ နယ္သာလန္တို႔က ၄ မွတ္စီရရွိထားၿပီး ေဘာ့စနီးယားက ၂ မွတ္ရရွိထားတာပဲ ျဖစ္ပါတယ္။ လာမယ့္ဗုဒၶဟူးေန႔မွာေတာ့ ပိုလန္နဲ႔ ေဘာ့စနီးယား၊ အီတလီနဲ႔ နယ္သာလန္တို႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါ တယ္။