ဘယ်ဂျီယံကို အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်က ပြီးပြည့်စုံတဲ့အသင်းလို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ နည်းပြ ဆောက် ဂိတ်တို့ ပြောကြား


နေးရှင်းလိဂ်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဘယ်ဂျီယံနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအနေနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဖြစ်တဲ့ ဟန်ဒါဆန်က လက်ရှိမှာအင်္ဂလန်အသင်းက ပြီးပြည့်စုံတဲ့အသင်းဖြစ်တယ်လို့ ပြောခဲ့ပြီး နည်းပြ ဆောက်ဂိတ်က လည်း အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်ဟာ ဘယ်ဂျီယံကို အိမ်ကွင်းမှာ နောက် ကနေ လိုက်ကစားပြီး နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


နှစ်သင်းစလုံးမှာ အဓိက,ကစားသမားအချို့ မပါဝင်ဘူးဆိုပေမယ့် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘယ်ဂျီယံက လူ ကာကူရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အတွက် ချေပဂိုးကိုတော့ ပင်နယ်တီကနေတဆင့် ရက်ရှ်ဖို့်ဒ် သွင်းယူခဲ့ပြီး မာဆန်မောင့်က အင်္ဂလန်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ အနိုင်ရခဲ့တာကြောင့် အင်္ဂလန်ဟာ အုပ်စုတွင်းမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုကို ဦးဆောင်နိုင်ထားပါတယ်။


အင်္ဂလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအိမ်ကွင်း ၂၁ ပွဲမှာနိုင်ပွဲ ၂၀ အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာက သက်သာလာပြီးနောက် ဟန်ဒါဆန်က “ အသင်းအနေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ။ ဘယ်ဂျီယံ ကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ဥရောပမှာ အကောင်းဆုံးအသင်းပါ။ အင်္ဂလန်အသင်းတစ်သင်းလုံး အကောင်းဆုံး ကစားနိုင်ခဲ့လို့သာ နိုင်ပွဲရခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။


အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ပွဲအပြီးမှာတော့ အသင်းကြီးအချင်းချင်း တွေ့ဆုံတဲ့ပွဲစဉ်မှာ နိုင်ပွဲရအောင်စွမ်း ဆောင်ပေးခဲ့တဲ့ အသင်းရဲ့ကစားပုံကို ချီးကျူးသွားခဲ့ပါတယ်။ ဆောက်ဂိတ်က “ တကယ်ကို ပွဲကောင်းတစ်ပွဲပါ။ အသင်း မှာ လူငယ်ကစားသမား အများစုရှိတယ်ဆိုပေမယ့် သူတို့မှာ အတွေ့အကြုံကောင်းတွေအများကြီးရှိပါတယ်။ပင်နယ်တီပေး ခဲ့ရပေမယ့် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘယ္ဂ်ီယံကို အႏိုင္ရခဲ့ၿပီးေနာက္ အဂၤလန္က ၿပီးျပည့္စံုတဲ့အသင္းလို႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ နည္းျပ ေဆာက္ ဂိတ္တုိ႔ ေျပာၾကား
ေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ကစားခဲ့တဲ့ ဘယ္ဂ်ီယံနဲ႔ ပြဲစဥ္မွာ အဂၤလန္အသင္းအေနနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ ျဖစ္တဲ့ ဟန္ဒါဆန္က လက္ရွိမွာအဂၤလန္အသင္းက ၿပီးျပည့္စံုတဲ့အသင္းျဖစ္တယ္လို႔ ေျပာခဲ့ၿပီး နည္းျပ ေဆာက္ဂိတ္က လည္း အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္မႈရွိတယ္လို႔ ေျပာခဲ့ပါတယ္။ အဂၤလန္္ဟာ ဘယ္ဂ်ီယံကို အိမ္ကြင္းမွာ ေနာက္ ကေန လိုက္ကစားၿပီး ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ႏွစ္သင္းစလံုးမွာ အဓိက,ကစားသမားအခ်ိဳ႕ မပါဝင္ဘူးဆိုေပမယ့္ အေကာင္းဆံုးယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဘယ္ဂ်ီယံက လူ ကာကူရဲ႕ ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္အတြက္ ေခ်ပဂိုးကိုေတာ့ ပင္နယ္တီကေနတဆင့္ ရက္ရွ္ဖို႔္ဒ္ သြင္းယူခဲ့ၿပီး မာဆန္ေမာင့္က အဂၤလန္အတြက္ အႏိုင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။ အႏိုင္ရခဲ့တာေၾကာင့္ အဂၤလန္ဟာ အုပ္စုတြင္းမွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ႏိုင္ထားပါတယ္။
အဂၤလန္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံုအိမ္ကြင္း ၂၁ ပြဲမွာႏိုင္ပြဲ ၂၀ အထိ ရရွိခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာက သက္သာလာၿပီးေနာက္ ဟန္ဒါဆန္က “ အသင္းအေနနဲ႔ အေကာင္းဆံုးျပန္လာႏိုင္ခဲ့တယ္လို႔ပဲ ေျပာရမွာပါ။ ဘယ္ဂ်ီယံ ကလည္း အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ဥေရာပမွာ အေကာင္းဆံုးအသင္းပါ။ အဂၤလန္အသင္းတစ္သင္းလံုး အေကာင္းဆံုး ကစားႏိုင္ခဲ့လို႔သာ ႏိုင္ပြဲရခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း ပြဲအၿပီးမွာေတာ့ အသင္းၾကီးအခ်င္းခ်င္း ေတြ႕ဆံုတဲ့ပြဲစဥ္မွာ ႏိုင္ပြဲရေအာင္စြမ္း ေဆာင္ေပးခဲ့တဲ့ အသင္းရဲ႕ကစားပံုကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ ေဆာက္ဂိတ္က “ တကယ္ကို ပြဲေကာင္းတစ္ပြဲပါ။ အသင္း မွာ လူငယ္ကစားသမား အမ်ားစုရွိတယ္ဆိုေပမယ့္ သူတို႔မွာ အေတြ႕အၾကံဳေကာင္းေတြအမ်ားၾကီးရွိပါတယ္။ပင္နယ္တီေပး ခဲ့ရေပမယ့္ ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ေက်နပ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။