ပွဲဦးထွက်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကဲလ်ဗက်လီဝင် နဲ့အတူ ဝေးလ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ အင်္ဂလန်


ပြီးခဲ့တဲ့နေ့က ဝေးလ်နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အင်္ဂလန်ဟာ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမယ့် သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနိုင်ပြီး အင်္ဂလန်အသင်းကြီးမှာ ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ တိုက်စစ် မှူး ကဲလ်ဗက်လီဝင်ကလည်း ဒီပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ ပါတယ်။


အင်္ဂလန်အသင်းအတွက် နောက်ထပ်ဂိုးတွေကိုတော့ ဝုဗ်အသင်းခေါင်းဆောင် ကိုအာဒီနဲ့ ဆောက်သမ်တန်အသင်းအ တွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒန်နီအင့်စ်တို့က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကဲလ်ဗက်လီဝင်က “ တကယ်ကို အိပ်မက်ဆန်တဲ့ ပွဲဦးထွက်ပါပဲ။ပရိသတ်မရှိဘဲ ၊ ကျွန်တော်ရဲ့မိသားစုတွေမရှိဘဲ အောင်ပွဲခံရတာ ရှက်စရာ ကောင်းပါတယ်။” လို့ ပြောခဲ့ပါတယ်။


နောက်ထပ်အနိုင်ဂိုးသွင်းယူပေးခဲ့သူတစ်ဦးဖြစ်တဲ့ ကိုအာဒီကလည်း ပွဲအပြီးမှာ “ ကျွန်တော်ကိုယ်တိုင်ကို အံသြလို့မဆုံးပါ ဘူး။ ကျွန်တော်အတွက် တစ်ကယ်ကို မေ့မရနိုင်တဲ့ညတစ်ညပါ။ အင်္ဂလန်ရဲ့ ဝင်ဘလေကွင်းကြီးထဲမှာ အသင်းအတွက် ဂိုး သွင်းယူပေးနိုင်တဲ့ ရှင်းမပြနိုင်လောက်အောင် ပျော်ရွှင်မိနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဗဟိုနောက်ခံလူအဖြစ်ကစားတဲ့ ကိုအာဒီဟာ ကလပ်နဲ့နိုင်ငံအတွက် ကစားခဲ့တဲ့နောက်ဆုံး ၁၁၁ ပွဲမှာပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်နည်းပြဆောက်ဂိတ်ကလည်း ဝေးလ်ကိုအနိုင်ရတဲ့ပွဲမှာ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပြီး ကဲလ်ဗက်လီဝင်အနေနဲ့လည်း ကစားသမားဘဝနောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဝေးလ် က အသင်းကောင်းတစ်သင်းဖြစ်ပြီး အတွေ့အကြုံနည်းတဲ့ လူငယ်ကစားသမားအများစုနဲ့ ပွဲထွက်လာတာကြောင့် စိုးရိမ်မှု တွေရှိခဲ့ပေမယ့် အနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်မိကြောင်း ပြောခဲ့ပါတယ်။

zawgyi version

ပြဲဦးထြက္မွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကဲလ္ဗက္လီဝင္ နဲ႔အတူ ေဝးလ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ အဂၤလန္
ၿပီးခဲ့တဲ့ေန႔က ေဝးလ္နဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ အဂၤလန္ဟာ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့တယ္ဆိုေပမယ့္ သုံးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒီရာသီမွာ ေျခစြမ္းျပႏိုင္ၿပီး အဂၤလန္အသင္းႀကီးမွာ ပထမဆုံးေ႐ြးခ်ယ္ခံခဲ့ရတဲ့ တိုက္စစ္ မႉး ကဲလ္ဗက္လီဝင္ကလည္း ဒီပြဲမွာလည္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့ ပါတယ္။
အဂၤလန္အသင္းအတြက္ ေနာက္ထပ္ဂိုးေတြကိုေတာ့ ဝုဗ္အသင္းေခါင္းေဆာင္ ကိုအာဒီနဲ႔ ေဆာက္သမ္တန္အသင္းအ တြက္ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး ဒန္နီအင့္စ္တို႔က သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ကဲလ္ဗက္လီဝင္က “ တကယ္ကို အိပ္မက္ဆန္တဲ့ ပြဲဦးထြက္ပါပဲ။ပရိသတ္မရွိဘဲ ၊ ကြၽန္ေတာ္ရဲ႕မိသားစုေတြမရွိဘဲ ေအာင္ပြဲခံရတာ ရွက္စရာ ေကာင္းပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ေနာက္ထပ္အႏိုင္ဂိုးသြင္းယူေပးခဲ့သူတစ္ဦးျဖစ္တဲ့ ကိုအာဒီကလည္း ပြဲအၿပီးမွာ “ ကြၽန္ေတာ္ကိုယ္တိုင္ကို အံၾသလို႔မဆုံးပါ ဘူး။ ကြၽန္ေတာ္အတြက္ တစ္ကယ္ကို ေမ့မရႏိုင္တဲ့ညတစ္ညပါ။ အဂၤလန္ရဲ႕ ဝင္ဘေလကြင္းႀကီးထဲမွာ အသင္းအတြက္ ဂိုး သြင္းယူေပးႏိုင္တဲ့ ရွင္းမျပႏိုင္ေလာက္ေအာင္ ေပ်ာ္႐ႊင္မိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဗဟိုေနာက္ခံလူအျဖစ္ကစားတဲ့ ကိုအာဒီဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ကစားခဲ့တဲ့ေနာက္ဆုံး ၁၁၁ ပြဲမွာပထမဆုံးအႀကိမ္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ကလည္း ေဝးလ္ကိုအႏိုင္ရတဲ့ပြဲမွာ အသင္းသားေတြရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးသြားခဲ့ၿပီး ကဲလ္ဗက္လီဝင္အေနနဲ႔လည္း ကစားသမားဘဝေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ေဝးလ္ က အသင္းေကာင္းတစ္သင္းျဖစ္ၿပီး အေတြ႕အႀကဳံနည္းတဲ့ လူငယ္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာတာေၾကာင့္ စိုးရိမ္မႈ ေတြရွိခဲ့ေပမယ့္ အႏိုင္ရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့အတြက္ ေက်နပ္မိေၾကာင္း ေျပာခဲ့ပါတယ္။