အင်္ဂလန်အသင်းရဲ့ နံပါတ်-၁ ဂိုးသမားနေရာအတွက် သုံးယောက်စလုံးမှာ အခွင့်အရေးရှိတယ်လို့ ပြောခဲ့တဲ့ နည်းပြ ဆောက်ဂိတ်


အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရှိအင်္ဂလန်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ဂိုးသမားသုံးယောက်ဖြစ်တဲ့ ပစ်ဖို့ဒ်၊ ဒိန်း ဟန်ဒါဆန်နဲ့ နစ်ပုတ် တို့ သုံးယောက်စလုံးမှာ အသင်းရဲ့ပွဲထွက်ခွင့်ဂိုးသမားနေရာအတွက် အခွင့်အရေး တန်းတူရှိကြောင်း ပြောခဲ့ပါတယ်။ လက်ရှိအင်္ဂလန်အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် ရွေးချယ်ခံထားရတဲ့ ပစ်ဖို့ဒ်ဟာ လက်စွမ်းပိုင်းကျဆင်း နေတာကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ဝေးလ်နဲ့ကစားမယ့် ခြေစမ်းပွဲမှာ ဒိန်းဟန်ဒါဆန်နဲ့ နစ်ပုတ်တို့ နှစ်ဦး ထဲက တစ်ဦးကို ပွဲထွက်ကစားစေမယ်လို့လည်း သိရပါတယ်။


အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “ လက်ရှိမှာ ပစ်ဖို့ဒ်က လက်စွမ်းကျနေတယ်ဆိုတာ အားလုံးသိပါတယ်။ နစ်ပုတ်ကလည်း ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တုန်းက အမှားတွေပြုလုပ်ခဲပါတယ်။ ဟန်ဒါဆန်ကတော့ လိဂ်ဖလားတစ်ပွဲပဲ ဒီရာသီမှာယှဉ်ပြိုင် ကစားခွင့်ရထားပါတယ်။ ကစားသမား သုံးယောက်စလုံးမှာ ပွဲထွက်ကစားခွင့်ရဖို့အတွက် အခွင့်အရေးအညီအမျှ ရှိနေပါ တယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပြဿနာဖြစ်ပွားခဲ့တဲ့ လူငယ်ကစားသမား ဖိုဒန်နဲ့ ဂရင်းဝုဒ်တို့ မပါတာကြောင့် အင်္ဂလန် အသင်းမှာ အားနည်းမှုတွေရှိနိုင်သလို မွေးနေ့ပါတီပြုလုပ်ခဲ့တဲ့ အေဘရာဟမ်၊ ဘင်ချီဝဲလ်နဲ့ ဆန်ချိုတို့ကိုလည်း ဝေးလ်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အသုံးပြုမှာ မဟုတ်ဘူးလို့ နည်းပြဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။ မွေးနေ့ပါတီပြုလုပ်ခဲ့အပြီး မှာတော့ အေဘရာဟမ်နဲ့ ဆန်ချိုတို့က တောင်းပန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

zawgyi version

အဂၤလန္အသင္းရဲ႕ နံပါတ္-၁ ဂိုးသမားေနရာအတြက္ သံုးေယာက္စလံုးမွာ အခြင့္အေရးရွိတယ္လို႔ ေျပာခဲ့တဲ့ နည္းျပ ေဆာက္ဂိတ္
အဂၤလန္နည္းျပ ေဆာက္ဂိတ္က လက္ရွိအဂၤလန္အသင္းမွာ ေရြးခ်ယ္ခံထားရတဲ့ ဂိုးသမားသံုးေယာက္ျဖစ္တဲ့ ပစ္ဖို႔ဒ္၊ ဒိန္း ဟန္ဒါဆန္နဲ႔ နစ္ပုတ္ တို႔ သံုးေယာက္စလံုးမွာ အသင္းရဲ႕ပြဲထြက္ခြင့္ဂိုးသမားေနရာအတြက္ အခြင့္အေရး တန္းတူရွိေၾကာင္း ေျပာခဲ့ပါတယ္။ လက္ရွိအဂၤလန္အသင္းရဲ႕ဦးစားေပးဂိုးသမားအျဖစ္ ေရြးခ်ယ္ခံထားရတဲ့ ပစ္ဖို႔ဒ္ဟာ လက္စြမ္းပိုင္းက်ဆင္း ေနတာေၾကာင့္ အဂၤလန္နည္းျပေဆာက္ဂိတ္အေနနဲ႔ ေဝးလ္နဲ႔ကစားမယ့္ ေျခစမ္းပြဲမွာ ဒိန္းဟန္ဒါဆန္နဲ႔ နစ္ပုတ္တို႔ ႏွစ္ဦး ထဲက တစ္ဦးကို ပြဲထြက္ကစားေစမယ္လို႔လည္း သိရပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္က “ လက္ရွိမွာ ပစ္ဖို႔ဒ္က လက္စြမ္းက်ေနတယ္ဆိုတာ အားလံုးသိပါတယ္။ နစ္ပုတ္ကလည္း ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္တုန္းက အမွားေတြျပဳလုပ္ခဲပါတယ္။ ဟန္ဒါဆန္ကေတာ့ လိဂ္ဖလားတစ္ပြဲပဲ ဒီရာသီမွာယွဥ္ၿပိဳင္ ကစားခြင့္ရထားပါတယ္။ ကစားသမား သံုးေယာက္စလံုးမွာ ပြဲထြက္ကစားခြင့္ရဖို႔အတြက္ အခြင့္အေရးအညီအမွ် ရွိေနပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္ေတြမွာ ျပႆနာျဖစ္ပြားခဲ့တဲ့ လူငယ္ကစားသမား ဖိုဒန္နဲ႔ ဂရင္းဝုဒ္တို႔ မပါတာေၾကာင့္ အဂၤလန္ အသင္းမွာ အားနည္းမႈေတြရွိႏိုင္သလို ေမြးေန႔ပါတီျပဳလုပ္ခဲ့တဲ့ ေအဘရာဟမ္၊ ဘင္ခ်ီဝဲလ္နဲ႔ ဆန္ခ်ိဳတို႔ကိုလည္း ေဝးလ္နဲ႔ ကစားမယ့္ ေျခစမ္းပြဲမွာ အသံုးျပဳမွာ မဟုတ္ဘူးလို႔ နည္းျပေဆာက္ဂိတ္က အတည္ျပဳခဲ့ပါတယ္။ ေမြးေန႔ပါတီျပဳလုပ္ခဲ့အၿပီး မွာေတာ့ ေအဘရာဟမ္နဲ႔ ဆန္ခ်ိဳတို႔က ေတာင္းပန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။