မက္ကဆီကိုနဲ့ ခြေစမ်းပွဲမှာ နယ်သာလန်နည်းပြဘဝ ပထမဆုံးပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဖရန့်ဒီဘိုးဝါး


ဘာစီလိုနာအသင်းကိုနည်းပြလုပ်ဖို့အတွက် ရော်နယ်ကိုးမန်းထွက်သွားတာကြောင့် နယ်သာလန်အသင်းနည်းပြဖြစ်လာတဲ့ ဖရန့်ဒီဘိုးဝါးဟာ အသင်းနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်တဲ့ မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ နယ်သာလန်ဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် မက္ကဆီကိုတိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


မက္ကဆီကို အသင်းကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့ နယ်သာလန်နည်းပြ ဖရန့်ဒီဘိုးဝါးက နည်းပြဘဝမှာ ပထမဆုံးအကြိမ်ရှုံးပွဲ တွေ့ကြုံခဲ့ရတာ မဟုတ်တာကြောင့် အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဖရန့်ဒီဘိုးဝါး ဟာ ၂၀၁၆ ခုနှစ်က အင်တာမီလန်အသင်းကို ၈၅ ရက်ပဲ တာဝန်ယူခွင့်ရခဲ့သလို ၂၀၁၇ခုနှစ်မှာလည်း ခရစ္စတယ်ပဲလေ့စ် ကို ကိုင်တွယ်တော့ ၇ ပွဲသာ နည်းပြခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဘဝတုန်းက နယ်သာလန်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့တဲ့ ဖရန်ဒီဘိုးဝါးက “ ပွဲပြီးရလဒ် က တကယ်နှစ်သက်စရာမကောင်းပါဘူး။ ကျွန်တော်လည်း အမြဲအနိုင်ရချင်တဲ့သူတစ်ယောက်ပါ။ ကျွန်တော်ကစားသမား တွေအနေနဲ့ အကောင်းဆုံးကစားနိုင်တဲ့ အနေအထားတွေ ရှိမနေတာကို တွေ့ခဲ့ရပါတယ်။” လို့ ပြောခဲ့ပါတယ်။ နယ်သာ လန်ဟာ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ဘော့စနီးယား၊ အီတလီတို့ကို အဝေးကွင်းတွေမှာ သွားရောက်ကစားရမှာပဲ ဖြစ်ပါ တယ်။

zawgyi version

မကၠဆီကိုနဲ႔ ေျခစမ္းပြဲမွာ နယ္သာလန္နည္းျပဘဝ ပထမဆံုးပြဲမွာ ရႈံးပြဲေတြ႕ခဲ့တဲ့ ဖရန္႔ဒီဘိုးဝါး
ဘာစီလိုနာအသင္းကိုနည္းျပလုပ္ဖို႔အတြက္ ေရာ္နယ္ကိုးမန္းထြက္သြားတာေၾကာင့္ နယ္သာလန္အသင္းနည္းျပျဖစ္လာတဲ့ ဖရန္႔ဒီဘိုးဝါးဟာ အသင္းနည္းျပအျဖစ္ ပထမဆံုးကိုင္တြယ္တဲ့ မကၠဆီကိုနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာေတာ့ တစ္ဂိုးဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ပါတယ္။ နယ္သာလန္ဟာ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ မကၠဆီကိုတိုက္စစ္မွဴး ရာအူးလ္ဂ်ီမီနက္ဇ္ရဲ႕ တစ္လံုးတည္းေသာ ပင္နယ္တီသြင္းဂိုးနဲ႔ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
မကၠဆီကို အသင္းကို ရႈံးနိမ့္တဲ့ပြဲအၿပီးမွာေတာ့ နယ္သာလန္နည္းျပ ဖရန္႔ဒီဘိုးဝါးက နည္းျပဘဝမွာ ပထမဆံုးအၾကိမ္ရႈံးပြဲ ေတြ႕ၾကံဳခဲ့ရတာ မဟုတ္တာေၾကာင့္ အနာဂတ္အတြက္ အေကာင္းဆံုးျပင္ဆင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဖရန္႔ဒီဘိုးဝါး ဟာ ၂၀၁၆ ခုႏွစ္က အင္တာမီလန္အသင္းကို ၈၅ ရက္ပဲ တာဝန္ယူခြင့္ရခဲ့သလို ၂၀၁၇ခုႏွစ္မွာလည္း ခရစၥတယ္ပဲေလ့စ္ ကို ကိုင္တြယ္ေတာ့ ၇ ပြဲသာ နည္းျပခြင့္ရခဲ့တာ ျဖစ္ပါတယ္။
ကစားသမားဘဝတုန္းက နယ္သာလန္အသင္းအတြက္ ပြဲေပါင္း ၁၀၀ ေက်ာ္ကစားေပးခဲ့တဲ့ ဖရန္ဒီဘိုးဝါးက “ ပြဲၿပီးရလဒ္ က တကယ္ႏွစ္သက္စရာမေကာင္းပါဘူး။ ကြ်န္ေတာ္လည္း အျမဲအႏိုင္ရခ်င္တဲ့သူတစ္ေယာက္ပါ။ ကြ်န္ေတာ္ကစားသမား ေတြအေနနဲ႔ အေကာင္းဆံုးကစားႏိုင္တဲ့ အေနအထားေတြ ရွိမေနတာကို ေတြ႕ခဲ့ရပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ နယ္သာ လန္ဟာ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာေတာ့ ေဘာ့စနီးယား၊ အီတလီတို႔ကို အေဝးကြင္းေတြမွာ သြားေရာက္ကစားရမွာပဲ ျဖစ္ပါ တယ္။