ဟိုတယ်ကို မိန်းကလေးနှစ်ယောက် ဖိတ်ခေါ်ခဲ့တဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန် တို့ အင်္ဂလန်အသင်းကနေ ၄ ပွဲပယ် ခံရမယ်လို့ သိရ

အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ဟာ ကိုဗစ် အတွက် တားမြစ်ထားတဲ့စည်းကမ်းတွေကို ချိုးဖောက်ပြီး ဟိုတယ်ကို မိန်းကလေးနှစ်ယောက် ခေါ်ယူခဲ့တာကြောင့် သူတို့ နှစ်ယောက်အနေနဲ့ အင်္ဂလန်အသင်းကနေ ၄ပွဲပယ် ပြစ်ဒဏ်ကျခံရဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့က ဖော်ပြခဲ့တဲ့ သ တင်းတွေအရ သိရပါတယ်။


The Sun သတင်းစာရဲ့ဖော်ပြချက်အရတော့ ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ဟာ ဒီနေ့ညမှာကစားမယ့် ဒိန်းမတ်နဲ့ပွဲအပါအဝင် ဝေးလ်၊ ဘယ်ဂျီယံ၊ဒိန်းမတ်နဲ့ ဒုတိယအကျော့ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရမှာမဟုတ်ပါဘူးလို့ သိရပါတယ်။ အိုင်ယာလန်ရဲတပ်ဖွဲ့ ကတော့ စည်းကမ်းချိုးဖောက်ခဲ့တဲ့ အင်္ဂလန်အတွဲကို အိုင်ယာလန်ငွေဖြစ်တဲ့ ကာရိုနာ ၂၅၀,၀၀၀ (ပေါင် ၁၃၀၀) ဒဏ် ရိုက်ခဲ့တယ်လို့လည်း သိရပါတယ်။


ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ဟာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးပွဲအဖြစ် အိုက်စလန်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ကြတာ ဖြစ်ပါ တယ်။ ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ရဲ့ ဟိုတယ်ခန်းအတွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ပါဝင်တဲ့မိန်းကလေးတစ်ယောက်က အိုင်ယာလန်မော်ဒယ်လ် နဒီယာဆစ်လင်ဒယ်လ် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ လာရာ ကလော်ဆန်ပဲ ဖြစ်ပါတယ်။


ဒီဖြစ်ရပ်ဖြစ်ပြီးမှာတော့ MailOnline ကနေတဆင့် နဒီယာဆစ်လင်ဒယ်လ်က “ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီ လိုမျိုးဖြစ်မယ်လို့ တကယ်မထင်ထားခဲ့ပါဘူး။ အခုလိုတွေ့ဆုံ့ခဲ့တာကြောင့် သူတို့အနေနဲ့ ကွာရန်တင်းဝင်ရမယ်ဆိုရင် ကျွန်မတို့ အားလုံးတွေ့ခဲ့ကြမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ အိုက်စလန်အစိုးရဟာ ကိုရိုနာရောဂါပြန်ပွားမှု ထိန်း ချုပ်ဖို့အတွက် နိုင်ငံကို ရောက်ရှိလာသူတွေကို သီးခြားနေထိုင်ဖို့ တားမြစ်ထားတာပဲ ဖြစ်ပါတယ်။

zawgyi version

ဟိုတယ္ကို မိန္းကေလးႏွစ္ေယာက္ ဖိတ္ေခၚခဲ့တဲ့ ဂရင္းဝုဒ္နဲ႔ ဖိုဒန္ တို႔ အဂၤလန္အသင္းကေန ၄ ပြဲပယ္ ခံရမယ္လို႔ သိရ
အဂၤလန္လက္ေရြးစင္ အသင္းႀကီးအတြက္ ေရြးခ်ယ္ခံခဲ့ရတဲ့ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂရင္းဝုဒ္နဲ႔ ဖိုဒန္တို႔ဟာ ကိုဗစ္ အတြက္ တားျမစ္ထားတဲ့စည္းကမ္းေတြကို ခ်ိဳးေဖာက္ၿပီး ဟိုတယ္ကို မိန္းကေလးႏွစ္ေယာက္ ေခၚယူခဲ့တာေၾကာင့္ သူတို႔ ႏွစ္ေယာက္အေနနဲ႔ အဂၤလန္အသင္းကေန ၄ပြဲပယ္ ျပစ္ဒဏ္က်ခံရဖို႔ ရွိေနတယ္လို႔ ၿပီးခဲ့တဲ့တနလၤာေန႔က ေဖာ္ျပခဲ့တဲ့ သ တင္းေတြအရ သိရပါတယ္။
The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ဂရင္းဝုဒ္နဲ႔ ဖိုဒန္တို႔ဟာ ဒီေန႔ညမွာကစားမယ့္ ဒိန္းမတ္နဲ႔ပြဲအပါအဝင္ ေဝးလ္၊ ဘယ္ဂ်ီယံ၊ဒိန္းမတ္နဲ႔ ဒုတိယအေက်ာ့ပြဲစဥ္ေတြမွာ ပါဝင္ကစားခြင့္ရမွာမဟုတ္ပါဘူးလို႔ သိရပါတယ္။ အိုင္ယာလန္ရဲတပ္ဖြဲ႕ ကေတာ့ စည္းကမ္းခ်ိဳးေဖာက္ခဲ့တဲ့ အဂၤလန္အတြဲကို အိုင္ယာလန္ေငြျဖစ္တဲ့ ကာ႐ိုနာ ၂၅၀,၀၀၀ (ေပါင္ ၁၃၀၀) ဒဏ္ ႐ိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဂရင္းဝုဒ္နဲ႔ ဖိုဒန္တို႔ဟာ အဂၤလန္အသင္းႀကီးအတြက္ ပထမဆံုးပြဲအျဖစ္ အိုက္စလန္နဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့ၾကတာ ျဖစ္ပါ တယ္။ ဂရင္းဝုဒ္နဲ႔ ဖိုဒန္တို႔ရဲ႕ ဟိုတယ္ခန္းအတြင္းမွာ ႐ိုက္ကူးထားတဲ့ ဗီဒီယိုထဲမွာ ပါဝင္တဲ့မိန္းကေလးတစ္ေယာက္က အိုင္ယာလန္ေမာ္ဒယ္လ္ နဒီယာဆစ္လင္ဒယ္လ္ ျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ သူမရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္တဲ့ လာရာ ကေလာ္ဆန္ပဲ ျဖစ္ပါတယ္။
ဒီျဖစ္ရပ္ျဖစ္ၿပီးမွာေတာ့ MailOnline ကေနတဆင့္ နဒီယာဆစ္လင္ဒယ္လ္က “ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီ လိုမ်ိဳးျဖစ္မယ္လို႔ တကယ္မထင္ထားခဲ့ပါဘူး။ အခုလိုေတြ႕ဆံု႔ခဲ့တာေၾကာင့္ သူတို႔အေနနဲ႔ ကြာရန္တင္းဝင္ရမယ္ဆိုရင္ ကြ်န္မတို႔ အားလံုးေတြ႕ခဲ့ၾကမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။ အိုက္စလန္အစိုးရဟာ ကို႐ိုနာေရာဂါျပန္ပြားမႈ ထိန္း ခ်ဳပ္ဖို႔အတြက္ ႏိုင္ငံကို ေရာက္ရွိလာသူေတြကို သီးျခားေနထိုင္ဖို႔ တားျမစ္ထားတာပဲ ျဖစ္ပါတယ္။