ခရိုအေရှားနဲ့ပွဲတုန်းက ပွဲကြည့်စင်ပေါ်မှာ မျက်နှာအကာအကွယ် မတပ်ထားတာကြောင့် သတိပေးခံခဲ့ရတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့လူစာရင်းမှာပါဝင်လာပေမယ့် ကစားခွင့်မရခဲ့ဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ ဒီတစ်ပတ်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေကို အားပေးခဲ့ရတာဖြစ်ပါတယ်။ ခရိုအေရှားကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီပွဲကို ပွဲကြည့်စင်မှာ ကြည့်နေခဲ့ပေမယ့် ကိုဗစ် ရောဂါကာကွယ်ဖို့ ထုတ်ပြန်ထားတဲ့ မျက်နှာအကာအကွယ် မတပ်ထားတာကြောင့် တာဝန်ရှိသူတွေရဲ့ လာရောက်ပြောဆို သတိပေးတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။


စီရော်နယ်ဒိုဟာ ပွဲကြည့်စင်ပေါ်မှာ အခြားသူတွေနဲ့အတူ ပေါ်တူဂီပွဲကို ကြည့်နေတာဖြစ်ပေမယ့် အခြားသူတွေလို မျက်နှာ အကာအကွယ် မတပ်ထားတာကြောင့် ဝန်ထမ်းအမျိုးသမီးတစ်ယောက်က လာရောက်သတိပေးခဲ့တာဖြစ်ပါတယ်။ သတိ ပေးခံရပြီးနောက်မှာတော့ စီရော်နယ်ဒိုဟာ မျက်နှာအကာအကွယ်ကို တပ်ခဲ့တယ်လို့လည်း သိရပါတယ်။ နေးရှင်းလိဂ်ရဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီကတော့ အသင်းခေါင်းဆောင်စီရော်နယ်ဒို မပါပေမယ့် ခရိုအေးရှားကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။


ပေါ်တူဂီနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်သူ အရေအတွက်များပြားနေခဲ့တာကြောင့် ယူကေအစိုးရကတော့ အားလပ်ရက်အ ဖြစ် ပေါ်တူဂီနိုင်ငံမှာ အပန်းဖြေခဲ့သူအားလုံးကို ယူကေကို ပြန်လည်ရောက်ရှိလာပါက ၁၄ ရက်သီးခြားနေထိုင်ဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။


စီရော်နယ်ဒိုဟာ ခြေချောင်းဒဏ်ရာရှိနေခဲ့တာကြောင့် ခရိုအေးရှားနဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ဆွီဒင်နဲ့ ကစားမယ့်ပွဲမှာ လည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကြီးအတွက် သွင်းဂိုး ၉၉ ဂိုး အထိသွင်းယူထားတာကြောင့် သွင်းဂိုး ၁၀၀ ပြည့်ဖို့အတွက် အခွင့်အရေးကို ဒီတစ်ပတ်မှာကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ် တွေမှာ ရယူနိုင်ဖို့ ခက်နေတယ်လို့လည်း သိရပါတယ်။

zawgyi version

ခ႐ိုေအရွားနဲ႔ပြဲတုန္းက ပြဲၾကည့္စင္ေပၚမွာ မ်က္ႏွာအကာအကြယ္ မတပ္ထားတာေၾကာင့္ သတိေပးခံခဲ့ရတဲ့ စီေရာ္နယ္ဒို
ေပၚတူဂီအသင္းေခါင္းေဆာင္ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ဒဏ္ရာျပႆနာေၾကာင့္ အသင္းရဲ႕လူစာရင္းမွာပါဝင္လာေပမယ့္ ကစားခြင့္မရခဲ့ဘဲ ပြဲၾကည့္ပရိသတ္အျဖစ္သာ ဒီတစ္ပတ္ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြကို အားေပးခဲ့ရတာျဖစ္ပါတယ္။ ခ႐ိုေအရွားကို ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ စီေရာ္နယ္ဒိုအေနနဲ႔ ေပၚတူဂီပြဲကို ပြဲၾကည့္စင္မွာ ၾကည့္ေနခဲ့ေပမယ့္ ကိုဗစ္ ေရာဂါကာကြယ္ဖို႔ ထုတ္ျပန္ထားတဲ့ မ်က္ႏွာအကာအကြယ္မတပ္ထားတာေၾကာင့္ တာဝန္ရွိသူေတြရဲ႕ လာေရာက္ေျပာဆို သတိေပးတာကို ခံခဲ့ရတယ္လို႔ သိရပါတယ္။
စီေရာ္နယ္ဒိုဟာ ပြဲၾကည့္စင္ေပၚမွာ အျခားသူေတြနဲ႔အတူ ေပၚတူဂီပြဲကို ၾကည့္ေနတာျဖစ္ေပမယ့္ အျခားသူေတြလို မ်က္ႏွာ အကာအကြယ္ မတပ္ထားတာေၾကာင့္ ဝန္ထမ္းအမ်ိဳးသမီးတစ္ေယာက္က လာေရာက္သတိေပးခဲ့တာျဖစ္ပါတယ္။ သတိ ေပးခံရၿပီးေနာက္မွာေတာ့ စီေရာ္နယ္ဒိုဟာ မ်က္ႏွာအကာအကြယ္ကို တပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေနးရွင္းလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ ေပၚတူဂီကေတာ့ အသင္းေခါင္းေဆာင္စီေရာ္နယ္ဒို မပါေပမယ့္ ခ႐ိုေအးရွားကို ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့ ပါတယ္။
ေပၚတူဂီႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးကူးစက္သူ အေရအတြက္မ်ားျပားေနခဲ့တာေၾကာင့္ ယူေကအစိုးရကေတာ့ အားလပ္ရက္အ ျဖစ္ ေပၚတူဂီႏိုင္ငံမွာ အပန္းေျဖခဲ့သူအားလံုးကို ယူေကကို ျပန္လည္ေရာက္ရွိလာပါက ၁၄ ရက္သီးျခားေနထိုင္ဖို႔အတြက္ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။
စီေရာ္နယ္ဒိုဟာ ေျခေခ်ာင္းဒဏ္ရာရွိေနခဲ့တာေၾကာင့္ ခ႐ိုေအးရွားနဲ႔ပြဲမွာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိသလို ဆြီဒင္နဲ႔ ကစားမယ့္ပြဲမွာ လည္း ပါဝင္ႏိုင္ဖို႔ မေသခ်ာဘူးလို႔ သိရပါတယ္။ စီေရာ္နယ္ဒိုဟာ ေပၚတူဂီလက္ေရြးစင္အသင္းႀကီးအတြက္ သြင္းဂိုး ၉၉ ဂိုး အထိသြင္းယူထားတာေၾကာင့္ သြင္းဂိုး ၁၀၀ ျပည့္ဖို႔အတြက္ အခြင့္အေရးကို ဒီတစ္ပတ္မွာကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ ေတြမွာ ရယူႏိုင္ဖို႔ ခက္ေနတယ္လို႔လည္း သိရပါတယ္။