ဖာတီရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှုက ပုံမှန်ထက်လွန်နေတယ်လို့ စပိန်နည်းပြ အင်းနရစ် ပြောဆို

စပိန်နည်းပြ အင်းနရစ်က ယူကရိန်းကို လေးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဖာတီကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဖာတီဟာ စပိန်လက်ရွေးစင်အသင်းကြီးအ တွက် ပထမဆုံးအကြိမ်ရွေးချယ်ခံရတာဖြစ်ပြီး ဂျာမနီနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း လူစားဝင်ကစားရတယ်ဆိုပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။


ယူကရိန်းကို အနိုင်ရတဲ့ပွဲမှာတော့ ဖာတီဟာ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရလာခဲ့တာဖြစ်ပြီး စပိန်အသင်းရဲ့အဖွင့်ဂိုး ကလည်း သူကြောင့် ပင်နယ်တီရခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာတော့ ဖာတီက လက်ရွေးစင်အသင်းကြီးအတွက် သူရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာ ကြောင့် စပိန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။


ပွဲအပြီးမှာတော့ စပိန်နည်းပြ အင်းနရစ်က “ အသင်းအတွက် လူရွေးချယ်တုန်းက အသက်အရွယ်ကိုမကြည့်ဘဲ ခြေစွမ်းကို ကြည့်ပြီးရွေးချယ်ခဲ့တာပါ။ ဖာတီရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။ အချို့ပွဲတွေမှာ သူအနေနဲ့ ကောင်းကောင်းမကစားနိုင် တဲ့ပွဲတွေရှိသလို အမှားတွေလည်းလုပ်တတ်ပါတယ်။သူအနေနဲ့ သင်ယူမှုတွေပြုလုပ်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် သူရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှုကတော့ ပုံမှန်မဟုတ်ဘူးလို့ပဲ ပြောရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


စပိန်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဖာတီက လာမယ့်ရာသီမှာ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ အသင်းမှာ ပွဲထွက်အခွင့်အရေးရဖို့အတွက် ရည်မှန်းနေတယ်လို့ သိရပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ချန်ပီ ယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အင်တာမီလန်ကို အနိုင်ရတဲ့ပွဲနဲ့ ဖေဖော်ဝါရီလမှာ လီဗန်တေးကို အနိုင်ရတဲ့ပွဲတွေမှာ ဂိုးသွင်းယူနိုင်တာ ကြောင့် ဘာစီလိုနာအတွက် ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။

zawgyi version

ဖာတီရဲ႕ ကိုယ္ကိုယ္ကို ယံုၾကည္မႈက ပံုမွန္ထက္လြန္ေနတယ္လို႔ စပိန္နည္းျပ အင္းနရစ္ ေျပာဆို
စပိန္နည္းျပ အင္းနရစ္က ယူကရိန္းကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းႀကီးအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္း ျပႏိုင္ခဲ့တဲ့ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဖာတီကို ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။ ဖာတီဟာ စပိန္လက္ေရြးစင္အသင္းႀကီးအ တြက္ ပထမဆံုးအႀကိမ္ေရြးခ်ယ္ခံရတာျဖစ္ၿပီး ဂ်ာမနီနဲ႔တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာလည္း လူစားဝင္ကစားရတယ္ဆိုေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ယူကရိန္းကို အႏိုင္ရတဲ့ပြဲမွာေတာ့ ဖာတီဟာ ပထမပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ရလာခဲ့တာျဖစ္ၿပီး စပိန္အသင္းရဲ႕အဖြင့္ဂိုး ကလည္း သူေၾကာင့္ ပင္နယ္တီရခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္ျဖစ္တဲ့ ရာမို႔စ္က အမွားအယြင္းမရွိ ကန္သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဖာတီက လက္ေရြးစင္အသင္းႀကီးအတြက္ သူရဲ႕ပထမဆံုးဂိုးကို သြင္းယူႏိုင္ခဲ့တာ ေၾကာင့္ စပိန္အသင္းရဲ႕ အသက္အငယ္ဆံုးဂိုးသြင္းသူ ျဖစ္လာခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ စပိန္နည္းျပ အင္းနရစ္က “ အသင္းအတြက္ လူေရြးခ်ယ္တုန္းက အသက္အရြယ္ကိုမၾကည့္ဘဲ ေျခစြမ္းကို ၾကည့္ၿပီးေရြးခ်ယ္ခဲ့တာပါ။ ဖာတီရဲ႕ ေျခစြမ္းက မွန္းဆရခက္ပါတယ္။ အခ်ိဳ႕ပြဲေတြမွာ သူအေနနဲ႔ ေကာင္းေကာင္းမကစားႏိုင္ တဲ့ပြဲေတြရွိသလို အမွားေတြလည္းလုပ္တတ္ပါတယ္။သူအေနနဲ႔ သင္ယူမႈေတြျပဳလုပ္ဖို႔ လိုအပ္ေသးတယ္ဆိုေပမယ့္ သူရဲ႕ ကိုယ္ကိုယ္ကို ယံုၾကည္မႈကေတာ့ ပံုမွန္မဟုတ္ဘူးလို႔ပဲ ေျပာရမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
စပိန္လက္ေရြးစင္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ဖာတီက လာမယ့္ရာသီမွာ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းရဲ႕ အသင္းမွာ ပြဲထြက္အခြင့္အေရးရဖို႔အတြက္ ရည္မွန္းေနတယ္လို႔ သိရပါတယ္။ ဖာတီဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ခ်န္ပီ ယံလိဂ္ပြဲစဥ္ျဖစ္တဲ့ အင္တာမီလန္ကို အႏိုင္ရတဲ့ပြဲနဲ႔ ေဖေဖာ္ဝါရီလမွာ လီဗန္ေတးကို အႏိုင္ရတဲ့ပြဲေတြမွာ ဂိုးသြင္းယူႏိုင္တာ ေၾကာင့္ ဘာစီလိုနာအတြက္ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါမွာ အသက္အငယ္ဆံုးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ထားသူ ျဖစ္ပါ တယ္။