အောက်တိုဘာလမှာ ကစားမယ့်ပွဲတွေမှာ မက်ဂွိုင်းယားကို ပြန်ရွေးမယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ် အတည်ပြုခဲ့

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို နေးရှင်းလိဂ်ကစားမယ့် အသင်းမှာ ရွေးချယ်ခဲ့ပေမယ့် ဂရိနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မက်ဂွိုင်းယားရဲ့အမှုကို ကြားနာစစ်ဆေးပြီးမှာတော့ လူစာရင်းကနေ ပြန်ပြီး ထုတ်ပယ်ခဲ့ပါတယ်။ ထောင်ဒဏ်ကျခံရဖို့ရှိနေပေမယ့် မက်ဂွိုင်းယားဟာ ဆိုင်းငံပြစ်ဒဏ် ၃ နှစ်ရရှိထားတာကြောင့် လာမယ့်စက်တင်ဘာလမှာ ကစားမယ့်ပွဲတွေမှာတော့ အင်္ဂလန်အသင်းမှာ မက်ဂွိုင်းယားကို ပြန်ရွေးချယ်လို့ ဆောက်ဂိတ် က အတည်ပြုပြောခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ အားလပ်ရက်အဖြစ် ဂရိနိုင်ငံမှာ အပန်းဖြေနေတုန်းမှာ ရန်ဖြစ်ခဲ့တာကြောင့် ဂရိနိုင်ငံရဲ့ ဥပဒေအရ မက်ဂွိုင်းယားနဲ့ အခြားသူနှစ်ဦးတို့ဟာ ထောင်ဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ လာမယ့် အောက်တိုဘာလအတွင်းမှာတော့ ဝေးလ်၊ ဘယ်ဂျီယံနဲ့ ဒိန်းမတ်အသင်းတွေနဲ့ ကစားဖို့ရှိနေတာပဲ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “ မက်ဂွိုင်းယားအတွက် ခက်ခဲတဲ့အချိန်တွေဖြစ်နေမှာမို့ သူကို လူစာရင်းကနေ ပြန်ပြီး ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂရိမှာ အမှုအတွက် လုပ်စရာရှိတာတွေလုပ်ပြီးနောက်မှာ သူအနေနဲ့ ယူနိုက်တက်နဲ့ပြန်ပြီး ပူးပေါင်းဖို့ လုပ်ဆောင်ရဦးမှာပါ။ ကျွန်တော်ဘက်က အခိုင်အမာပြောနိုင်တာတစ်ခုကတော့ အောက်တိုဘာလမှာကစား မယ့်အသင်းအတွက် ပွဲစဉ်တွေမှာ သူကိုပြန်ပြီး ရွေးချယ်မှာဖြစ်တယ် ဆိုတာပါပဲ” လို့ ပြောခဲ့ပါတယ်။


ဂရိမှာ ရန်ပွဲဖြစ်ပြီးနောက် ဘီဘီစီနဲ့ အင်တာဗျူးခဲ့ရာမှာတော့ မက်ဂွိုင်းယားက သူနဲ့ သူရဲ့သူငယ်ချင်းတွေဟာ ရဲတပ်ဖွဲ့ ထိန်းသိမ်းခြင်းခံရချိန်မှာတော့ ဘဝအတွက် ကြောက်ရွံမှုဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက အခု ဖြစ်ရပ်မှာ သူအနေနဲ့ အမှားကျူးလွန်ခဲ့တာမျိုး မရှိတာကြောင့် ဘယ်သူကိုမှ တောင်းပန်မှုပြုလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

zawgyi version

ေအာက္တိုဘာလမွာ ကစားမယ့္ပြဲေတြမွာ မက္ဂြိဳင္းယားကို ျပန္ေရြးမယ္လို႔ အဂၤလန္နည္းျပ ေဆာက္ဂိတ္ အတည္ျပဳခဲ့
အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္က ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို ေနးရွင္းလိဂ္ကစားမယ့္ အသင္းမွာ ေရြးခ်ယ္ခဲ့ေပမယ့္ ဂရိႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕အမႈကို ၾကားနာစစ္ေဆးၿပီးမွာေတာ့ လူစာရင္းကေန ျပန္ၿပီး ထုတ္ပယ္ခဲ့ပါတယ္။ ေထာင္ဒဏ္က်ခံရဖို႔ရွိေနေပမယ့္ မက္ဂြိဳင္းယားဟာ ဆိုင္းငံျပစ္ဒဏ္ ၃ ႏွစ္ရရွိထားတာေၾကာင့္ လာမယ့္စက္တင္ဘာလမွာ ကစားမယ့္ပြဲေတြမွာေတာ့ အဂၤလန္အသင္းမွာ မက္ဂြိဳင္းယားကို ျပန္ေရြးခ်ယ္လို႔ ေဆာက္ဂိတ္ က အတည္ျပဳေျပာခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဂြိဳင္းယားဟာ အားလပ္ရက္အျဖစ္ ဂရိႏိုင္ငံမွာ အပန္းေျဖေနတုန္းမွာ ရန္ျဖစ္ခဲ့တာေၾကာင့္ ဂရိႏိုင္ငံရဲ႕ ဥပေဒအရ မက္ဂြိဳင္းယားနဲ႔ အျခားသူႏွစ္ဦးတို႔ဟာ ေထာင္ဒဏ္က်ခံရမွာပဲ ျဖစ္ပါတယ္။ အဂၤလန္ဟာ လာမယ့္ ေအာက္တိုဘာလအတြင္းမွာေတာ့ ေဝးလ္၊ ဘယ္ဂ်ီယံနဲ႔ ဒိန္းမတ္အသင္းေတြနဲ႔ ကစားဖို႔ရွိေနတာပဲ ျဖစ္ပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္က “ မက္ဂြိဳင္းယားအတြက္ ခက္ခဲတဲ့အခ်ိန္ေတြျဖစ္ေနမွာမို႔ သူကို လူစာရင္းကေန ျပန္ၿပီး ထုတ္ပယ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဂရိမွာ အမႈအတြက္ လုပ္စရာရွိတာေတြလုပ္ၿပီးေနာက္မွာ သူအေနနဲ႔ ယူႏိုက္တက္နဲ႔ျပန္ၿပီး ပူးေပါင္းဖို႔ လုပ္ေဆာင္ရဦးမွာပါ။ ကြ်န္ေတာ္ဘက္က အခိုင္အမာေျပာႏိုင္တာတစ္ခုကေတာ့ ေအာက္တိုဘာလမွာကစား မယ့္အသင္းအတြက္ ပြဲစဥ္ေတြမွာ သူကိုျပန္ၿပီး ေရြးခ်ယ္မွာျဖစ္တယ္ ဆိုတာပါပဲ” လို႔ ေျပာခဲ့ပါတယ္။
ဂရိမွာ ရန္ပြဲျဖစ္ၿပီးေနာက္ ဘီဘီစီနဲ႔ အင္တာဗ်ဴးခဲ့ရာမွာေတာ့ မက္ဂြိဳင္းယားက သူနဲ႔ သူရဲ႕သူငယ္ခ်င္းေတြဟာ ရဲတပ္ဖြဲ႕ ထိန္းသိမ္းျခင္းခံရခ်ိန္မွာေတာ့ ဘဝအတြက္ ေၾကာက္ရြံမႈျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ မက္ဂြိဳင္းယားက အခု ျဖစ္ရပ္မွာ သူအေနနဲ႔ အမွားက်ဴးလြန္ခဲ့တာမ်ိဳး မရွိတာေၾကာင့္ ဘယ္သူကိုမွ ေတာင္းပန္မႈျပဳလုပ္မွာမဟုတ္ဘူးလို႔ ေျပာခဲ့ ပါတယ္။