၈၄ နှစ်အတွင်း စပိန်အသင်းရဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် အန်ဆုဖာတီ မှတ်တမ်းတင်နိုင်ခဲ့

ပြီးခဲ့တဲ့နေ့က ဂျာမနီနဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ လူငယ်ကစားသမား အန်ဆုဖာတီအနေနဲ့ ၈၄ နှစ်အ တွင်း စပိန်အသင်းရဲ့အသက်အငယ်ဆုံးကစားသမား အဖြစ်မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ အန်ဆုဖာတီကို ခေါ်ယူဖို့အတွက် ယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစားခွင့်ရခဲ့တယ်ဆိုပေမယ့် လူစားဝင်ကစားရတဲ့ပွဲကများခဲ့တဲ့ အန်ဆု ဖာတီဟာ တစ်ရာသီလုံးမှာမှ သွင်းဂိုး ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီနဲ့ပွဲမှာ ဒုတိယပိုင်းအစမှာ နာဗက်စ်အစား ဝင်ရောက်ခွင့်ရခဲ့တဲ့ ဖာတီဟာ စပိန်လက်ရွေးစင်ကစားသမားအဖြစ် အယောက် ၈၀၀ မြောက်ကစားခွင့်ရခဲ့သူဖြစ်ခဲ့ပြီး ဂီနီ ဘစ်ဆောမှာမွေးဖွားသူတစ်ယောက်အနေနဲ့လည်း စပိန်အသင်းအတွက် ပထမဆုံးကစားခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။


ဖာတီထက် လက်ရွေးစင်အသင်းမှာ အသက်အငယ်ဆုံးကစားအဖြစ် မှတ်တမ်းတင်ထားသူကတော့ ဘီလ်ဘာအိုမြို့မှာ မွေးဖွားခဲ့တဲ့ ဇူဘီတာပဲ ဖြစ်ပါတယ်။ ဇူဘီတာဟာ စပိန်လက်ရွေးစင်ကစားသမားဖြစ်ပေမယ့် အာဂျင်တီးနားကလပ် ဆန် လော်ရန်ဇိုအသင်းမှာ ပိုနာမည်ကျော်ခဲ့တာဖြစ်ပါတယ်။သူဟာ စပိန်လက်ရွေးစင်အသင်းကြီးအတွက် ကစားခွင့်ရခဲ့တဲ့အ ချိန်တုန်းက ၁၇ နှစ်နဲ့ ၂၈၄ ရက်ပဲရှိသေးပြီး ၁၉၃၆ ခုနှစ်မှာ ချက်အသင်းနဲ့ကစားတဲ့ပွဲမှာ ပွဲဦးထွက်ကစားခွင့်ရခဲ့တာပဲ ဖြစ် ပါတယ်။


ဂျာမနီနဲ့ပွဲမှာ ၁၇ နှစ်နဲ့ ၃၀၈ ရက်နဲ့ အသင်းကြီးအတွက် ကစားခွင့်ရခဲ့တဲ့ ဖာတီဟာ စပိန်အသင်းကြီးမှာ ဒုတိယအသက်အ ငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဖာတီဟာ ဘာစီလိုနာကစားသမားတွေထဲက စပိန်အသင်းအတွက် အသက်အ ငယ်ဆုံးကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှူး ဘိုဂျန်ကာကစ်ရဲ့ ၁၈ နှစ်နဲ့ ၁၃ရက် ကိုကျော်ဖြတ်ပြီး အသက်အငယ်ဆုံးနဲ့ ကစားခွင့် ရခဲ့သူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi version

၈၄ ႏွစ္အတြင္း စပိန္အသင္းရဲ႕အသက္အငယ္ဆံုးကစားသမားအျဖစ္ အန္ဆုဖာတီ မွတ္တမ္းတင္ႏိုင္ခဲ့
ၿပီးခဲ့တဲ့ေန႔က ဂ်ာမနီနဲ႔ ကစားခဲ့တဲ့ပြဲမွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ လူငယ္ကစားသမား အန္ဆုဖာတီအေနနဲ႔ ၈၄ ႏွစ္အ တြင္း စပိန္အသင္းရဲ႕အသက္အငယ္ဆံုးကစားသမား အျဖစ္မွတ္တမ္းတင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာမွာ ပံုမွန္ ပြဲထြက္ခြင့္မရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနတဲ့ အန္ဆုဖာတီကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစံု ၃၃ ပြဲကစားခြင့္ရခဲ့တယ္ဆိုေပမယ့္ လူစားဝင္ကစားရတဲ့ပြဲကမ်ားခဲ့တဲ့ အန္ဆု ဖာတီဟာ တစ္ရာသီလံုးမွာမွ သြင္းဂိုး ၈ ဂိုးပဲ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီနဲ႔ပြဲမွာ ဒုတိယပိုင္းအစမွာ နာဗက္စ္အစား ဝင္ေရာက္ခြင့္ရခဲ့တဲ့ ဖာတီဟာ စပိန္လက္ေရြးစင္ကစားသမားအျဖစ္ အေယာက္ ၈၀၀ ေျမာက္ကစားခြင့္ရခဲ့သူျဖစ္ခဲ့ၿပီး ဂီနီ ဘစ္ေဆာမွာေမြးဖြားသူတစ္ေယာက္အေနနဲ႔လည္း စပိန္အသင္းအတြက္ ပထမဆံုးကစားခြင့္ရသူ ျဖစ္လာခဲ့ပါတယ္။
ဖာတီထက္ လက္ေရြးစင္အသင္းမွာ အသက္အငယ္ဆံုးကစားအျဖစ္ မွတ္တမ္းတင္ထားသူကေတာ့ ဘီလ္ဘာအိုၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ဇူဘီတာပဲ ျဖစ္ပါတယ္။ ဇူဘီတာဟာ စပိန္လက္ေရြးစင္ကစားသမားျဖစ္ေပမယ့္ အာဂ်င္တီးနားကလပ္ ဆန္ ေလာ္ရန္ဇိုအသင္းမွာ ပိုနာမည္ေက်ာ္ခဲ့တာျဖစ္ပါတယ္။သူဟာ စပိန္လက္ေရြးစင္အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့တဲ့အ ခ်ိန္တုန္းက ၁၇ ႏွစ္နဲ႔ ၂၈၄ ရက္ပဲရွိေသးၿပီး ၁၉၃၆ ခုႏွစ္မွာ ခ်က္အသင္းနဲ႔ကစားတဲ့ပြဲမွာ ပြဲဦးထြက္ကစားခြင့္ရခဲ့တာပဲ ျဖစ္ ပါတယ္။
ဂ်ာမနီနဲ႔ပြဲမွာ ၁၇ ႏွစ္နဲ႔ ၃၀၈ ရက္နဲ႔ အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့တဲ့ ဖာတီဟာ စပိန္အသင္းႀကီးမွာ ဒုတိယအသက္အ ငယ္ဆံုးကစားသမား ျဖစ္လာခဲ့ပါတယ္။ ဖာတီဟာ ဘာစီလိုနာကစားသမားေတြထဲက စပိန္အသင္းအတြက္ အသက္အ ငယ္ဆံုးကစားခြင့္ရခဲ့တဲ့ တိုက္စစ္မွဴး ဘိုဂ်န္ကာကစ္ရဲ႕ ၁၈ ႏွစ္နဲ႔ ၁၃ရက္ ကိုေက်ာ္ျဖတ္ၿပီး အသက္အငယ္ဆံုးနဲ႔ ကစားခြင့္ ရခဲ့သူအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။