အင်္ဂလန်ယူ-၁၇ အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံရထားတဲ့ ဖိုဒန်က အသင်းကြီးနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်တယ်လို့ ပြောခဲ့

အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ မန်စီးတီးကွင်းလယ်လူ ဖိုဒန်က အင်္ဂလန်ယူ-၁၇ အ သင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းကြီးနဲ့လည်း ကမ္ဘာ့ချန်ပီယံဆုကို ရယူချင်ကြောင်းပြောခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖိုဒန်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ အသင်းကြီးအတွက် ပထမဆုံးအကြိမ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


မန်စီးတီးလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဖိုဒန်ဟာ ဂွါဒီယိုလာရဲကလက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ပြီးနောက် မန်စီးတီးအသင်းမှာလည်း ပွဲထွက်ခွင့်ရလာခဲ့သလို အင်္ဂလန်အသင်းကြီးအတွက်လည်း ရွေးချယ်ခံခဲ့ရတာဖြစ် ပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရတဲ့ အင်္ဂလန်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ကျင်း ပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ပြင်ဆင်ထားတယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။


ကွင်းလယ်ကစားသမားဖိုဒန်က “ လက်ရှိအချိန်မှာတော့ ကျွန်တော်အနေနဲ့ ပြိုင်ပွဲတွေမှာကစားဖို့အတွက် အဆင်သင့်ဖြစ် နေပါပြီ။ အင်္ဂလန်ကလည်း ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြနိုင်ခဲ့တာကြောင့် ပြိုင်ပွဲတွေရဲ့နောက် ဆုံးအဆင့်ထိကို ရောက်ရှိမယ်လို့ ယုံကြည်မှု ရှိပါတယ်။”လို့ ပြောခဲ့ပါတယ်။ ဖိုဒန်ဟာ အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်မှာ ခြေ စွမ်းပြနိုင်မယ့်သူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။


အင်္ဂလန်ယူ-၂၁ အသင်းမှာခြေစွမ်းပြနိုင်ခဲ့တဲ့ ဖိုဒန်ဟာ မန်စီးတီးအသင်းမှာလည်း အသင်းကထွက်ခွာနေတဲ့ ဒေးဗစ်ဆေးလ် ဗားရဲ့နေရာကို အစားထိုးဝင်ရောက်နိုင်မယ့်သူအဖြစ်လည်း ဖော်ပြခံနေရတာဖြစ်ပါတယ်။ဖိုဒန်ကတော့ အင်္ဂလန်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားချန်ပီယံရခဲ့မယ်ဆိုရင် သူအနေနဲ့ ကြီးကျယ်တဲ့ကစားသမားအဖြစ်ကို ရောက်ရှိသွားမယ်လို့ ခံစားရ ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

အဂၤလန္ယူ-၁၇ အသင္းနဲ႔ ကမ႓ာ့ဖလားခ်န္ပီယံရထားတဲ့ ဖိုဒန္က အသင္းႀကီးနဲ႔လည္း ကမ႓ာ့ဖလားခ်န္ပီယံျဖစ္ခ်င္တယ္လို႔ ေျပာခဲ့
အဂၤလန္လက္ေရြးစင္အသင္းႀကီးအတြက္ ပထမဆံုးေရြးခ်ယ္ခံခဲ့ရတဲ့ မန္စီးတီးကြင္းလယ္လူ ဖိုဒန္က အဂၤလန္ယူ-၁၇ အ သင္းနဲ႔အတူ ကမ႓ာ့ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ အသင္းႀကီးနဲ႔လည္း ကမ႓ာ့ခ်န္ပီယံဆုကို ရယူခ်င္ေၾကာင္းေျပာခဲ့ပါတယ္။ မန္စီးတီးနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဖိုဒန္ကို အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ အသင္းႀကီးအတြက္ ပထမဆံုးအႀကိမ္ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
မန္စီးတီးလူငယ္အကယ္ဒမီကေန ေပၚထြက္လာတဲ့ ဖိုဒန္ဟာ ဂြါဒီယိုလာရဲကလက္ေအာက္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ ခဲ့ၿပီးေနာက္ မန္စီးတီးအသင္းမွာလည္း ပြဲထြက္ခြင့္ရလာခဲ့သလို အဂၤလန္အသင္းႀကီးအတြက္လည္း ေရြးခ်ယ္ခံခဲ့ရတာျဖစ္ ပါတယ္။ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲတုန္းက ရႈံးထြက္အဆင့္ကေန ထြက္ခဲ့ရတဲ့ အဂၤလန္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ က်င္း ပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔လည္း သတင္းေတြကေဖာ္ျပေနၾကပါတယ္။
ကြင္းလယ္ကစားသမားဖိုဒန္က “ လက္ရွိအခ်ိန္မွာေတာ့ ကြ်န္ေတာ္အေနနဲ႔ ၿပိဳင္ပြဲေတြမွာကစားဖို႔အတြက္ အဆင္သင့္ျဖစ္ ေနပါၿပီ။ အဂၤလန္ကလည္း ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းမွာ အေကာင္းဆံုးေျခစြမ္းေတြကို ျပႏိုင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲေတြရဲ႕ေနာက္ ဆံုးအဆင့္ထိကို ေရာက္ရွိမယ္လို႔ ယံုၾကည္မႈ ရွိပါတယ္။”လို႔ ေျပာခဲ့ပါတယ္။ ဖိုဒန္ဟာ အဂၤလန္ရဲ႕ေရႊေရာင္မ်ိဳးဆက္မွာ ေျခ စြမ္းျပႏိုင္မယ့္သူတစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရသူျဖစ္ပါတယ္။
အဂၤလန္ယူ-၂၁ အသင္းမွာေျခစြမ္းျပႏိုင္ခဲ့တဲ့ ဖိုဒန္ဟာ မန္စီးတီးအသင္းမွာလည္း အသင္းကထြက္ခြာေနတဲ့ ေဒးဗစ္ေဆးလ္ ဗားရဲ႕ေနရာကို အစားထိုးဝင္ေရာက္ႏိုင္မယ့္သူအျဖစ္လည္း ေဖာ္ျပခံေနရတာျဖစ္ပါတယ္။ဖိုဒန္ကေတာ့ အဂၤလန္အသင္းနဲ႔ အတူ ကမ႓ာ့ဖလားခ်န္ပီယံရခဲ့မယ္ဆိုရင္ သူအေနနဲ႔ ႀကီးက်ယ္တဲ့ကစားသမားအျဖစ္ကို ေရာက္ရွိသြားမယ္လို႔ ခံစားရ ေၾကာင္း ေျပာခဲ့ပါတယ္။