ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ပြီးနောက် ဒဏ်ရာရခဲ့နေတဲ့ စီရော်နယ်ဒိုအနေနဲ့ နေးရှင်းလိဂ်ပွဲစဉ်များကို လွဲချော်ဖို့ရှိနေ

ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ကစားဖို့ ရှိနေတဲ့ အသင်းခေါင်းဆောင်စီရော်နယ်ဒိုဟာ ဒဏ်ရာရခဲ့တာကြောင့် ကြာသ ပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ပြီးနောက် ခရိုအေရှား၊ ဆွီဒင်တို့နဲ့ ကစားမယ့်ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ဖို့အတွက် မသေချာဘူးလို့ သိရပါတယ်။ လက်ရှိချန်ပီယံဖြစ်တဲ့ ပေါ်တူဂီအတွက် စီရော်နယ်ဒို ဒဏ်ရာရ သွားတာဟာ အသင်းအတွက် ထိခိုက်မှုတွေဖြစ်စေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။


ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကတော့ ဒဏ်ရာရှိနေတဲ့ စီရော်နယ်ဒိုကို စွန့်စားမှုပြုလုပ်ပြီးတော့ အသင်းရဲ့ပွဲစဉ်တွေမှာ ကစား ခိုင်းမှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ကာယလေ့ကျင့်ခန်းအစီအစဉ်မှာစီရော် နယ်ဒိုရဲ့ အခြေအနေကို ဆေးဝန်ထမ်းတွေက တစ်ရက်ချင်းစောင့်ကြည့်ပြီးမှ အခုလိုထုတ်ပြန်ချက်ကို ပေါ်တူဂီဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် စီရော်နယ်ဒိုဟာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်မယ့် စီးရီးအေပြိုင်ပွဲ မတိုင်ခင်မှာ ကြံခိုင်မှုပြည့်ဝလာမှာ သေချာတယ်လို့လည်း သိရပါတယ်။ဂျူဗင်တပ်အနေနဲ့ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားရမှာဖြစ်သလို နောက် ဆုံး ၁၀ နှစ်ဆက်ချန်ပီယံဖြစ်ဖို့လည်း ကြိုးစားရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဘက်ကတော့ စီရော်နယ်ဒိုရဲ့ ဒဏ်ရာအ တွက် စိုးရိမ်မှုမရှိဘူးလို့လည်း သိရပါတယ်။


စီရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းအတွက် ကစားဖို့ မသေချာဖြစ်နေတာကြောင့် နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ဖို့ကို ထပ်ပြီးစောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုး ၉၉ ဂိုးအထိသွင်းယူထား တဲ့ စီရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပေမယ့် အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ ဟာ စနေနေ့မှာ ခရိုအေရှားနဲ့ လာမယ့်အင်္ဂါနေ့မှာ ဆွီဒင်အသင်းတို့နဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ၾကာသပေတးေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းအစီအစဥ္ကို လြဲေခ်ာ္ၿပီးေနာက္ ဒဏ္ရာရခဲ့ေနတဲ့ စီေရာ္နယ္ဒိုအေနနဲ႔ ေနးရွင္းလိဂ္ပြဲစဥ္မ်ားကို လြဲေခ်ာ္ဖို႔ရွိေန
ေပၚတူဂီအသင္းနဲ႔အတူ ေနးရွင္းလိဂ္ကစားဖို႔ ရွိေနတဲ့ အသင္းေခါင္းေဆာင္စီေရာ္နယ္ဒိုဟာ ဒဏ္ရာရခဲ့တာေၾကာင့္ ၾကာသ ပေတးေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းအစီအစဥ္ကို လြဲေခ်ာ္ၿပီးေနာက္ ခ႐ိုေအရွား၊ ဆြီဒင္တို႔နဲ႔ ကစားမယ့္ပြဲစဥ္မ်ားတြင္ ပါဝင္ကစားႏိုင္ဖို႔အတြက္ မေသခ်ာဘူးလို႔ သိရပါတယ္။ လက္ရွိခ်န္ပီယံျဖစ္တဲ့ ေပၚတူဂီအတြက္ စီေရာ္နယ္ဒို ဒဏ္ရာရ သြားတာဟာ အသင္းအတြက္ ထိခိုက္မႈေတြျဖစ္ေစတယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။
ေပၚတူဂီေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ ဒဏ္ရာရွိေနတဲ့ စီေရာ္နယ္ဒိုကို စြန္႔စားမႈျပဳလုပ္ၿပီးေတာ့ အသင္းရဲ႕ပြဲစဥ္ေတြမွာ ကစား ခိုင္းမွာ မဟုတ္ဘူးလို႔ သတင္းထုတ္ျပန္ေၾကျငာခဲ့ပါတယ္။ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ ကာယေလ့က်င့္ခန္းအစီအစဥ္မွာစီေရာ္ နယ္ဒိုရဲ႕ အေျခအေနကို ေဆးဝန္ထမ္းေတြက တစ္ရက္ခ်င္းေစာင့္ၾကည့္ၿပီးမွ အခုလိုထုတ္ျပန္ခ်က္ကို ေပၚတူဂီေဘာလံုး အဖြဲ႔ခ်ဳပ္က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ စီေရာ္နယ္ဒိုဟာ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ စတင္မယ့္ စီးရီးေအၿပိဳင္ပြဲ မတိုင္ခင္မွာ ၾကံခိုင္မႈျပည့္ဝလာမွာ ေသခ်ာတယ္လို႔လည္း သိရပါတယ္။ဂ်ဴဗင္တပ္အေနနဲ႔ လက္ရွိခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္သလို ေနာက္ ဆံုး ၁၀ ႏွစ္ဆက္ခ်န္ပီယံျဖစ္ဖို႔လည္း ႀကိဳးစားရမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းဘက္ကေတာ့ စီေရာ္နယ္ဒိုရဲ႕ ဒဏ္ရာအ တြက္ စိုးရိမ္မႈမရွိဘူးလို႔လည္း သိရပါတယ္။
စီေရာ္နယ္ဒိုအေနနဲ႔ ေပၚတူဂီအသင္းအတြက္ ကစားဖို႔ မေသခ်ာျဖစ္ေနတာေၾကာင့္ ႏိုင္ငံအသင္းအတြက္ သြင္းဂိုး ၁၀၀ ျပည့္ဖို႔ကို ထပ္ၿပီးေစာင့္ဆိုင္းရဦးမွာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ ေပၚတူဂီအသင္းအတြက္ သြင္းဂိုး ၉၉ ဂိုးအထိသြင္းယူထား တဲ့ စီေရာ္နယ္ဒိုဟာ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနသူလည္း ျဖစ္ပါတယ္။ ေပၚတူဂီ ဟာ စေနေန႔မွာ ခ႐ိုေအရွားနဲ႔ လာမယ့္အဂၤါေန႔မွာ ဆြီဒင္အသင္းတို႔နဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။