စိတ်အနှောင့်အယှက်ဖြစ်စရာပဲလို့ စပိန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပေါ်ကို မကျေနပ်နေတဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာ

ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက နေးရှင်းလိဂ်အဖြစ်ကစားခဲ့တဲ့ ဂျာမနီနဲ့စပိန်တို့ပွဲစဉ်မှာ ဂျာမနီဟာ တီမိုဝါနာရဲ့သွင်းဂိုးနဲ့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုရောက်မှ ချေပဂိုးပေးလိုက်ရတာကြောင့် နိုင်ပွဲပျောက်ခဲ့သလို ရမှတ် ၂ မှတ်လည်း ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ စပိန်အတွက် ချေပဂိုးကိုတော့ နောက်ခံလူဖြစ်တဲ့ ဂါယာက သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ တီမိုဝါနာက “ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ အသင်းသားတွေအားလုံးက နိုင်ပွဲရဖို့အတွက် ကြိုးစားခဲ့ကျပေမယ့် နောက်ဆုံးအချိန်ကျမှ ချေပဂိုးပေးလိုက်ရပါတယ်။ အချိန်နည်းနည်းလေးက ကျွန် တော်တို့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဂျာမနီဟာ ၂၀၁၈-၁၉ ခုနှစ်က ကျင်းပခဲ့တဲ့နေးရှင်း လိဂ်ပြိုင်ပွဲမှာ ပွဲစဉ်-၄ ပွဲကစားခဲ့ပေမယ့် နိုင်ပွဲမရခဲ့ဘဲ ၂ပွဲသရေ ၂ပွဲရှုံးခဲ့တာကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရဖို့ ကြိုးစား ခဲ့တာပဲ ဖြစ်ပါတယ်။


ဂျာမနီနည်းပြ ဂျိုအာချင်လိုက “ ကျွန်တော်အသင်းရဲ့ ကစားပုံနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ကျေနပ် မိပါတယ်။ နှစ်သင်းစလုံးက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်အရ ပြောရမယ် ဆို ရင်တော့ စပိန်အသင်းကို အခွင့်အရေးပေးပြီး ကစားတာမျိုး မလုပ်သင့်ပါဘူး။ သူတို့အသင်းထက် ပိုကောင်းတဲ့အခွင့်အရေး တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ နိုင်ပွဲမရခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။


စပိန်နည်းပြ အင်းနရစ်ကလည်း ပွဲအပြီးမှာ “ အသင်းအနေနဲ့ အများကြီးတိုးတက်မှုတွေရှိလာတာကြောင့်ပျော်ရွှင်မိပါတယ်။ နည်းစနစ်ပိုင်းတွေ ကောင်းလာတာကြောင့် သရေရယူနိုင်ခဲ့တာပါ။ ပြိုင်ပွဲက အခုမှအစပဲ ရှိသေးပါတယ်။ အသင်းအနေနဲ့ အခွင့်အရေးတွေနဲ့ နိုင်ပွဲရယူနိုင်ပါလိမ့်မယ်။ ဂျာမနီနဲ့ပွဲရလဒ်ကတော့ မျှတတဲ့ရလဒ်လို့ပဲ ဆိုရမှာပါ” လို့ပြောခဲ့ပါတယ်။ လိဂ် A ရဲ့ အုပ်စုနံပါတ် ၄ မှာတော့ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ယူကရိန်းက အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

zawgyi version

စိတ္အေႏွာင့္အယွက္ျဖစ္စရာပဲလို႔ စပိန္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲအေပၚကို မေက်နပ္ေနတဲ့ ဂ်ာမနီတိုက္စစ္မွဴး တီမိုဝါနာ
ဂ်ာမနီတိုက္စစ္မွဴး တီမိုဝါနာက ေနးရွင္းလိဂ္အျဖစ္ကစားခဲ့တဲ့ ဂ်ာမနီနဲ႔စပိန္တို႔ပြဲစဥ္မွာ ဂ်ာမနီဟာ တီမိုဝါနာရဲ႕သြင္းဂိုးနဲ႔ အႏိုင္ရဖို႔ နီးစပ္ခဲ့ေပမယ့္ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုေရာက္မွ ေခ်ပဂိုးေပးလိုက္ရတာေၾကာင့္ ႏိုင္ပြဲေပ်ာက္ခဲ့သလို ရမွတ္ ၂ မွတ္လည္း ဆံုးရႈံးခဲ့တာျဖစ္ပါတယ္။ စပိန္အတြက္ ေခ်ပဂိုးကိုေတာ့ ေနာက္ခံလူျဖစ္တဲ့ ဂါယာက သြင္းယူခဲ့တာပဲ ျဖစ္ပါ တယ္။
ပြဲအၿပီးမွာေတာ့ တီမိုဝါနာက “ တကယ္ကို စိတ္အေႏွာင့္အယွက္ျဖစ္တဲ့ အခိုက္အတန္႔ပါပဲ။ အသင္းသားေတြအားလံုးက ႏိုင္ပြဲရဖို႔အတြက္ ႀကိဳးစားခဲ့က်ေပမယ့္ ေနာက္ဆံုးအခ်ိန္က်မွ ေခ်ပဂိုးေပးလိုက္ရပါတယ္။ အခ်ိန္နည္းနည္းေလးက ကြ်န္ ေတာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဂ်ာမနီဟာ ၂၀၁၈-၁၉ ခုႏွစ္က က်င္းပခဲ့တဲ့ေနးရွင္း လိဂ္ၿပိဳင္ပြဲမွာ ပြဲစဥ္-၄ ပြဲကစားခဲ့ေပမယ့္ ႏိုင္ပြဲမရခဲ့ဘဲ ၂ပြဲသေရ ၂ပြဲရႈံးခဲ့တာေၾကာင့္ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ႏိုင္ပြဲရဖို႔ ႀကိဳးစား ခဲ့တာပဲ ျဖစ္ပါတယ္။
ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုက “ ကြ်န္ေတာ္အသင္းရဲ႕ ကစားပံုနဲ႔ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္ၿပီး ေက်နပ္ မိပါတယ္။ ႏွစ္သင္းစလံုးက အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္။ ကြ်န္ေတာ္တစ္ေယာက္တည္းရဲ႕အျမင္အရ ေျပာရမယ္ ဆို ရင္ေတာ့ စပိန္အသင္းကို အခြင့္အေရးေပးၿပီး ကစားတာမ်ိဳး မလုပ္သင့္ပါဘူး။ သူတို႔အသင္းထက္ ပိုေကာင္းတဲ့အခြင့္အေရး ေတြရခဲ့ေပမယ့္ အသံုးမခ်ႏိုင္ခဲ့လို႔သာ ႏိုင္ပြဲမရခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
စပိန္နည္းျပ အင္းနရစ္ကလည္း ပြဲအၿပီးမွာ “ အသင္းအေနနဲ႔ အမ်ားႀကီးတိုးတက္မႈေတြရွိလာတာေၾကာင့္ေပ်ာ္ရႊင္မိပါတယ္။ နည္းစနစ္ပိုင္းေတြ ေကာင္းလာတာေၾကာင့္ သေရရယူႏိုင္ခဲ့တာပါ။ ၿပိဳင္ပြဲက အခုမွအစပဲ ရွိေသးပါတယ္။ အသင္းအေနနဲ႔ အခြင့္အေရးေတြနဲ႔ ႏိုင္ပြဲရယူႏိုင္ပါလိမ့္မယ္။ ဂ်ာမနီနဲ႔ပြဲရလဒ္ကေတာ့ မွ်တတဲ့ရလဒ္လို႔ပဲ ဆိုရမွာပါ” လို႔ေျပာခဲ့ပါတယ္။ လိဂ္ A ရဲ႕ အုပ္စုနံပါတ္ ၄ မွာေတာ့ ဆြစ္ဇာလန္ကို အႏိုင္ရခဲ့တဲ့ ယူကရိန္းက အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။