ဂရင်းဝုဒ်က အင်္ဂလန်အသင်းမှာ ဟယ်ရီကိန်းရဲ့ လက်ထောက်ဖြစ်လာမယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဝိန်းရူနီဆို

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဝိန်းရူနီ က ယူနိုက်တက်အသင်းလူငယ်ကစားသမား ဂရင်းဝုဒ်အနေနဲ့ အင်္ဂလန်အသင်းမှာ လက်ရှိအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီကိန်းရဲ့ တာဝန်တွေကို အကောင်းဆုံးမျှဝေနိုင်မယ့်သူလို့ ပြောခဲ့ပါတယ်။ ဂရင်းဝုဒ်အနေနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲဝင် မယ့် အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ ပြီး အသင်းနည်းပြ ဆိုးလ်ရှားရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ယူနိုက် တက်အတွက် ခြေစွမ်းပြနိုင်တဲ့ ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်အနေနဲ့ အသင်းကြီးမှာ ပါဝင်ကစားဖို့အ တွက် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။


The Times ကနေတဆင့် ဝိန်းရူနီက “ ဂရင်းဝုဒ်က ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၄၀ အထိ ကစားခဲ့ပါတယ်။သူက ဂိုးသွင်း ကောင်းတဲ့သူ တစ်ဦးဆိုတာ ပြောစရာမလိုတဲ့အပြင် ခြေထောက်နှစ်ဘက်စလုံးနဲ့ ဂိုးသွင်းနိုင်ပါတယ်။ အခွင့်အရေးရှာဖွေ တတ်သလို နေရာယူတတ်မှုမှာလည်း အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့သူပါ။ မိုက်ကယ်အိုဝင်နဲ့ ဟယ်ရီကိန်း တစ်ယောက်အထာကိုတစ်ယောက်သိသလိုမျိုး ဟယ်ရီကိန်းနဲ့ ဂရင်းဝုဒ်ကလည်း လုပ်ဆောင်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဝိန်းရူနီက အင်္ဂလန်အသင်းရဲ့တိုက်စစ်မှာ ပါဝင်လာမယ့် ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ်တို့အနေနဲ့ အရည်အချင်းရှိတဲ့ကစားသမားဖြစ်ပေမယ့် ဟယ်ရီကိန်းနဲ့ အကောင်းဆုံးတွဲဖက် ကစားနိုင်မယ့်သူအဖြစ် ဂရင်းဝုဒ်ကို နည်းပြ ဆောက်ဂိတ်အနေနဲ့ အသုံးပြုလိမ့်မယ်လို့လည်း ခန့်မှန်းပြောခဲ့ပါတယ်။ အင်္ဂလန်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ အိုက်စလန်နဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ ဒိန်းမတ် တို့နဲ့ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ဂရင္းဝုဒ္က အဂၤလန္အသင္းမွာ ဟယ္ရီကိန္းရဲ႕ လက္ေထာက္ျဖစ္လာမယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ဝိန္း႐ူနီဆို
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္ၿပီး ယူႏိုက္တက္အသင္းကစားသမားေဟာင္းတစ္ဦးလည္းျဖစ္တဲ့ ဝိန္း႐ူနီ က ယူႏိုက္တက္အသင္းလူငယ္ကစားသမား ဂရင္းဝုဒ္အေနနဲ႔ အဂၤလန္အသင္းမွာ လက္ရွိအသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟယ္ရီကိန္းရဲ႕ တာဝန္ေတြကို အေကာင္းဆံုးမွ်ေဝႏိုင္မယ့္သူလို႔ ေျပာခဲ့ပါတယ္။ ဂရင္းဝုဒ္အေနနဲ႔ ေနးရွင္းလိဂ္ၿပိဳင္ပြဲဝင္ မယ့္ အဂၤလန္အသင္းႀကီးအတြက္ ပထမဆံုးေရြးခ်ယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ၁၇ ဂိုးသြင္းယူႏိုင္ခဲ့ ၿပီး အသင္းနည္းျပ ဆိုးလ္ရွားရဲ႕ အေရးပါတဲ့ကစားသမားတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ယူႏိုက္ တက္အတြက္ ေျခစြမ္းျပႏိုင္တဲ့ ဂရင္းဝုဒ္ကို အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္အေနနဲ႔ အသင္းႀကီးမွာ ပါဝင္ကစားဖို႔အ တြက္ ေရြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။
The Times ကေနတဆင့္ ဝိန္း႐ူနီက “ ဂရင္းဝုဒ္က ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစံု ပြဲ ၄၀ အထိ ကစားခဲ့ပါတယ္။သူက ဂိုးသြင္း ေကာင္းတဲ့သူ တစ္ဦးဆိုတာ ေျပာစရာမလိုတဲ့အျပင္ ေျခေထာက္ႏွစ္ဘက္စလံုးနဲ႔ ဂိုးသြင္းႏိုင္ပါတယ္။ အခြင့္အေရးရွာေဖြ တတ္သလို ေနရာယူတတ္မႈမွာလည္း အသက္အရြယ္နဲ႔ မလိုက္ေအာင္ ထူးခၽြန္တဲ့သူပါ။ မိုက္ကယ္အိုဝင္နဲ႔ ဟယ္ရီကိန္း တစ္ေယာက္အထာကိုတစ္ေယာက္သိသလိုမ်ိဳး ဟယ္ရီကိန္းနဲ႔ ဂရင္းဝုဒ္ကလည္း လုပ္ေဆာင္ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဝိန္း႐ူနီက အဂၤလန္အသင္းရဲ႕တိုက္စစ္မွာ ပါဝင္လာမယ့္ ယူႏိုက္တက္တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္နဲ႔ ခ်ဲလ္ဆီး တိုက္စစ္မွဴး ေအဘရာဟမ္တို႔အေနနဲ႔ အရည္အခ်င္းရွိတဲ့ကစားသမားျဖစ္ေပမယ့္ ဟယ္ရီကိန္းနဲ႔ အေကာင္းဆံုးတြဲဖက္ ကစားႏိုင္မယ့္သူအျဖစ္ ဂရင္းဝုဒ္ကို နည္းျပ ေဆာက္ဂိတ္အေနနဲ႔ အသံုးျပဳလိမ့္မယ္လို႔လည္း ခန္႔မွန္းေျပာခဲ့ပါတယ္။ အဂၤလန္ဟာ စက္တင္ဘာ ၅ ရက္ေန႔မွာ အိုက္စလန္နဲ႔ စက္တင္ဘာ ၈ ရက္ေန႔မွာ ဒိန္းမတ္ တို႔နဲ႔ကစားရမွာပဲ ျဖစ္ပါတယ္။