နည်းပြအဖြစ် ပထမဆုံးပွဲမှာ အင်္ဂလန်အသင်းကို ကိုင်တွယ်တော့မယ် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရူနီ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရူနီအနေနဲ့ လက်ရှိ ဒါဘီအသင်းမှာ ကစားနေပေမယ့် နည်းပြလောကကို ဝင်ရောက် ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပရော်ဖက်ရှင်နည်းပြ အဖြစ်လုပ်ကိုင်ခြင်းမရှိသေးဘူးဆိုပေမယ့် ဝိန်းရူနီအနေနဲ့ Soccer Aid က စီစဉ်တဲ့ ရန်ပုံငွေဘောလုံးပွဲတစ်ပွဲမှာတော့ နည်းပြအဖြစ် ပထမဆုံးအကြိမ်လုပ်ကိုင်မယ်လို့ သိရပါတယ်။ Soccer Aid က စီစဉ်တဲ့ပွဲမှာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အင်္ဂလန်အသင်းကို ဝိန်းရူနီက နည်းပြအဖြစ် လုပ်ဆောင်မှာဖြစ်ပါတယ်။


Soccer Aid က စီစဉ်တဲ့ရန်ပုံငွေပွဲကို ဇွန်လအတွင်းမှာ ကစားဖို့ အစောပိုင်းတုန်းက စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး စက်တင်ဘာလအတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ကစားမယ့်ရက် အတိအကျကို မသိရ သေးပေမယ့် ဗြိတိန်တယ်လီဗေးရှင်းအစီအစဉ်တစ်ခုဖြစ်တဲ့ ITV ကနေပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရ ပါတယ်။ ဝိန်းရူနီအနေနဲ့ အင်္ဂလန်အသင်းကို ဝါရင့်နည်းပြကြီး ဆမ်အလာဒွိုက်နဲ့ ပူးတွဲပြီး နည်းပြမယ်လို့ သိရပါတယ်။


ဝိန်းရူနီက “ Unicef အတွက် Soccer Aid ရဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့တာကြောင့် တကယ်ကိုပျော်ရွှင်မိပါတယ်။ ဒီလို လုပ်ခွင့်ရဖို့အတွက် နှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဒီပွဲမှာ ပရိသတ်တွေမရှိဘူးဆိုပေမယ့် အနိုင်ရအောင်ကစားသွားချင်ပါတယ်။ ဆမ်(ဆမ်အလာဒွိုက်)၊ဒေးဗစ်(ဒေးဗစ်ဆီးမန်း) တို့နဲ့အတူတွဲပြီး အင်္ဂလန်အသင်း အနိုင်ရအောင် ကြိုးစားသွားပါမယ်” လို့ပြောခဲ့ပါတယ်။


ရန်ပုံငွေပွဲမှာ ပါဝင်နိုင်ဖို့အတွက် ခွင့်ပြုပေးခဲ့တဲ့ ဒါဘီအသင်းကိုလည်း ဝိန်းရူနီက ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ချန်ပီ ယံရှစ် ဘောလုံးရာသီပြန်ကစားချိန်ဖြစ်ပေမယ့် ဒါဘီအသင်းတာဝန်ရှိသူတွေက ရူနီကို အင်္ဂလန်အသင်းနဲ့ ပူးပေါင်းခွင့် ပေး ထားတယ်လို့ သိရပါတယ်။ ရန်ပုံငွေကို ကြည့်တဲ့သူတွေအနေနဲ့ အိမ်မှာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်မှာဖြစ်ပြီး လှူဒါန်းမှုတွေ ကို ပြုလုပ်နိုင်မှာလည်း ဖြစ်တယ်လို့ ဝိန်းရူနီက ပြောခဲ့ပါတယ်။

zawgyi version

နည္းျပအျဖစ္ ပထမဆံုးပြဲမွာ အဂၤလန္အသင္းကို ကိုင္တြယ္ေတာ့မယ္ ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဝိန္း႐ူနီ
ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဝိန္း႐ူနီအေနနဲ႔ လက္ရွိ ဒါဘီအသင္းမွာ ကစားေနေပမယ့္ နည္းျပေလာကကို ဝင္ေရာက္ ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ပေရာ္ဖက္ရွင္နည္းျပ အျဖစ္လုပ္ကိုင္ျခင္းမရွိေသးဘူးဆိုေပမယ့္ ဝိန္း႐ူနီအေနနဲ႔ Soccer Aid က စီစဥ္တဲ့ ရန္ပံုေငြေဘာလံုးပြဲတစ္ပြဲမွာေတာ့ နည္းျပအျဖစ္ ပထမဆံုးအႀကိမ္လုပ္ကိုင္မယ္လို႔ သိရပါတယ္။ Soccer Aid က စီစဥ္တဲ့ပြဲမွာ အဂၤလန္အသင္းနဲ႔ ကမ႓ာ့အေကာင္းဆံုး ၁၁ ေယာက္အသင္းတို႔ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အဂၤလန္အသင္းကို ဝိန္း႐ူနီက နည္းျပအျဖစ္ လုပ္ေဆာင္မွာျဖစ္ပါတယ္။
Soccer Aid က စီစဥ္တဲ့ရန္ပံုေငြပြဲကို ဇြန္လအတြင္းမွာ ကစားဖို႔ အေစာပိုင္းတုန္းက စီစဥ္ခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရတာျဖစ္ၿပီး စက္တင္ဘာလအတြင္းမွာ က်င္းပမွာျဖစ္ပါတယ္။ ကစားမယ့္ရက္ အတိအက်ကို မသိရ ေသးေပမယ့္ ၿဗိတိန္တယ္လီေဗးရွင္းအစီအစဥ္တစ္ခုျဖစ္တဲ့ ITV ကေနၿပီးေတာ့ တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမယ္လို႔ သိရ ပါတယ္။ ဝိန္း႐ူနီအေနနဲ႔ အဂၤလန္အသင္းကို ဝါရင့္နည္းျပႀကီး ဆမ္အလာဒြိဳက္နဲ႔ ပူးတြဲၿပီး နည္းျပမယ္လို႔ သိရပါတယ္။
ဝိန္း႐ူနီက “ Unicef အတြက္ Soccer Aid ရဲ႕ အစီအစဥ္မွာ ပါဝင္ခြင့္ရတဲ့တာေၾကာင့္ တကယ္ကိုေပ်ာ္ရႊင္မိပါတယ္။ ဒီလို လုပ္ခြင့္ရဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာႀကိဳးစားခဲ့ရပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ ဒီပြဲမွာ ပရိသတ္ေတြမရွိဘူးဆိုေပမယ့္ အႏိုင္ရေအာင္ကစားသြားခ်င္ပါတယ္။ ဆမ္(ဆမ္အလာဒြိဳက္)၊ေဒးဗစ္(ေဒးဗစ္ဆီးမန္း) တို႔နဲ႔အတူတြဲၿပီး အဂၤလန္အသင္း အႏိုင္ရေအာင္ ႀကိဳးစားသြားပါမယ္” လို႔ေျပာခဲ့ပါတယ္။
ရန္ပံုေငြပြဲမွာ ပါဝင္ႏိုင္ဖို႔အတြက္ ခြင့္ျပဳေပးခဲ့တဲ့ ဒါဘီအသင္းကိုလည္း ဝိန္း႐ူနီက ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါတယ္။ ခ်န္ပီ ယံရွစ္ ေဘာလံုးရာသီျပန္ကစားခ်ိန္ျဖစ္ေပမယ့္ ဒါဘီအသင္းတာဝန္ရွိသူေတြက ႐ူနီကို အဂၤလန္အသင္းနဲ႔ ပူးေပါင္းခြင့္ ေပး ထားတယ္လို႔ သိရပါတယ္။ ရန္ပံုေငြကို ၾကည့္တဲ့သူေတြအေနနဲ႔ အိမ္မွာ မိသားစုနဲ႔အတူ ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး လွဴဒါန္းမႈေတြ ကို ျပဳလုပ္ႏိုင္မွာလည္း ျဖစ္တယ္လို႔ ဝိန္း႐ူနီက ေျပာခဲ့ပါတယ္။