ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲကို ၂၀၂၂ ဇန်နဝါရီလအထိ ရွှေ့ဆိုင်း

ကင်မရွန်းမှာ ဇန်နဝါရီလ၌ ကျင်းပမယ်လို့ စီစဉ်ထားခဲ့တဲ့ အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အထိ တစ်နှစ် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘောလုံးရပ်ဝန်းအတွင်း မတ်လကတည်းက ရပ်နားမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ယခုအခါမှာလည်း နောက်ထပ် ပြိုင်ပွဲကြီး တစ်ခုကို ရွှေ့လိုက်ရပါတယ်။

အာဖရိက ဘောလုံးအဖွဲ့ချုပ်ဟာ အင်္ဂါနေ့က တွေ့ဆုံအစည်းအဝေးပွဲ ကျင်းပခဲ့ပြီး ယခုလို အတည်ပြုခဲ့တာဖြစ်ပါတယ်။ (၃၃) ကြိမ်မြောက် အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲကို အစောပိုင်းတုန်းက ၂၀၂၁ ဇန်နဝါရီ (၉) ရက်နေ့ ကင်မရွန်းမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ၂၀၂၂ ဇန်နဝါရီ (၉) ရက်နေ့ကနေ ဖေဖော်ဝါရီ (၆) ရက်အတွင်း ကစားမယ်လို့ ရွှေ့ဆိုင်းလိုက်တာပါ။ ဒါ့အပြင် အာဖရိက အမျိုးသမီး နိုင်ငံများ ဖလားပြိုင်ပွဲကိုတော့ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အာဖရိက ႏိုင္ငံမ်ား ဖလားျပိဳင္ပြဲကို ၂၀၂၂ ဇန္န၀ါရီလအထိ ေရႊ႕ဆိုင္း

ကင္မရြန္းမွာ ဇန္န၀ါရီလ၌ က်င္းပမယ္လို႔ စီစဥ္ထားခဲ့တဲ့ အာဖရိက ႏိုင္ငံမ်ား ဖလားျပိဳင္ပြဲဟာ ၂၀၂၂ ခုႏွစ္ ဇန္န၀ါရီလ အထိ တစ္ႏွစ္ ေရႊ႕ဆိုင္းလိုက္ျပီ ျဖစ္ပါတယ္။ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေဘာလံုးရပ္၀န္းအတြင္း မတ္လကတည္းက ရပ္နားမႈေတြ ဆက္တိုက္ ျဖစ္ေပၚခဲ့ျပီး ယခုအခါမွာလည္း ေနာက္ထပ္ ျပိဳင္ပြဲၾကီး တစ္ခုကို ေရႊ႕လိုက္ရပါတယ္။

အာဖရိက ေဘာလံုးအဖြဲ႔ခ်ဳပ္ဟာ အဂၤါေန႔က ေတြ႕ဆံုအစည္းအေ၀းပြဲ က်င္းပခဲ့ျပီး ယခုလို အတည္ျပဳခဲ့တာျဖစ္ပါတယ္။ (၃၃) ၾကိမ္ေျမာက္ အာဖရိက ႏိုင္ငံမ်ား ဖလား ျပိဳင္ပြဲကို အေစာပိုင္းတုန္းက ၂၀၂၁ ဇန္န၀ါရီ (၉) ရက္ေန႔ ကင္မရြန္းမွာ က်င္းပဖို႔ စီစဥ္ထားေပမယ့္ ၂၀၂၂ ဇန္န၀ါရီ (၉) ရက္ေန႔ကေန ေဖေဖာ္၀ါရီ (၆) ရက္အတြင္း ကစားမယ္လို႔ ေရႊ႕ဆိုင္းလိုက္တာပါ။ ဒါ့အျပင္ အာဖရိက အမ်ိဳးသမီး ႏိုင္ငံမ်ား ဖလားျပိဳင္ပြဲကိုေတာ့ ပယ္ဖ်က္လိုက္တာျဖစ္ပါတယ္။