မက်ဆီကို တစ်ပတ် လစာ ပေါင် ၈ သိန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ ပီအက်စ်ဂျီအသင်း

လီဂူး ၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို တစ်ပတ်ပေါင် (၈) သိန်း နဲ့ ကမ်းလှမ်းလိုက်ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီမတိုင်မီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ မနှစ်ကကတည်းက အသင်းကနေ ပြောင်းရွှေ့ချင်နေသူပါ။

မန်စီးတီးအသင်းကလည်း အသက် ၃၃ နှစ်အရွယ်ကစားသမားကို ဆက်သွယ်မှုတွေ ဆက်တိုက် လုပ်ခဲ့ပေမယ့် ဒေးလီးစတား သတင်းဌာနက အဆိုအရ ပီအက်စ်ဂျီအသင်းက မက်ဆီကို ပဲရစ်ဆီကို တစ်ပတ် ပေါင် (၈) သိန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အခြားသော သတင်းများအရ လည်း မက်ဆီဟာ အနာဂတ် နဲ့ ပတ်သက်ပြီး ဘယ်အသင်းကိုမှ ပြောင်းရန် ဆွေးနွေးထားခြင်းမရှိထားဘူးလို့လည်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို စာချုပ်မှာ လက်မှတ်ထိုးကြေးကိုလည်း ပေါင်သန်း ၄၀ သီးသန့် ပေးသွားမှာလည်း ဖြစ်ပါတယ်။

တောင်အမေရိက ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက နူးကမ့်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာချင်ခဲ့တာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းက ခွင့်မပြုခဲ့ပါဘူး။ အခုအခါ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေပြီဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၅ ပွဲကစားထားပြီး (၁၆) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးထားပါတယ်။ လာလီဂါမှာတော့ (၁၈) ပွဲကစားပြီး (၁၂) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

မက္ဆီကို တစ္ပတ္ လစာ ေပါင္ ၈ သိန္းနဲ႔ ကမ္းလွမ္းလိုက္တဲ့ ပီအက္စ္ဂ်ီအသင္း

လီဂူး ၁ ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို တစ္ပတ္ေပါင္ (၈) သိန္း နဲ႔ ကမ္းလွမ္းလိုက္ၿပီး ၂၀၂၁-၂၂ ေဘာလံုးရာသီမတိုင္မီ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။ မက္ဆီရဲ႕ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ၿပီး အာဂ်င္တီးနားလက္ေရြးစင္ကစားသမားဟာ မႏွစ္ကကတည္းက အသင္းကေန ေျပာင္းေရႊ႕ခ်င္ေနသူပါ။

မန္စီးတီးအသင္းကလည္း အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို ဆက္သြယ္မႈေတြ ဆက္တိုက္ လုပ္ခဲ့ေပမယ့္ ေဒးလီးစတား သတင္းဌာနက အဆိုအရ ပီအက္စ္ဂ်ီအသင္းက မက္ဆီကို ပဲရစ္ဆီကို တစ္ပတ္ ေပါင္ (၈) သိန္းနဲ႔ ကမ္းလွမ္းလိုက္တယ္လို႔ သိရပါတယ္။ အျခားေသာ သတင္းမ်ားအရ လည္း မက္ဆီဟာ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ဘယ္အသင္းကိုမွ ေျပာင္းရန္ ေဆြးေႏြးထားျခင္းမရွိထားဘူးလို႔လည္း သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို စာခ်ဳပ္မွာ လက္မွတ္ထိုးေၾကးကိုလည္း ေပါင္သန္း ၄၀ သီးသန္႔ ေပးသြားမွာလည္း ျဖစ္ပါတယ္။

ေတာင္အေမရိက ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ႏူးကမ့္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခ်င္ခဲ့တာ ျဖစ္ေပမယ့္ ဘာစီလိုနာအသင္းက ခြင့္မျပဳခဲ့ပါဘူး။ အခုအခါ ဘာစီလိုနာအသင္းဟာ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိေနၿပီျဖစ္ပါတယ္။ မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၂၅ ပြဲကစားထားၿပီး (၁၆) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးထားပါတယ္။ လာလီဂါမွာေတာ့ (၁၈) ပြဲကစားၿပီး (၁၂) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။