ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသားပေးကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြောင်းရွှေ့ မကစားဘူးလို့ ပြောခဲ့တဲ့ နေမာ


ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှာပါဝင်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက သူကို ပရီးမီးယားလိဂ်အသင်းအချို့က လာရောက်ကစားဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ဦးစားပေးတဲ့လိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ သတင်းအချို့က နေမာအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက်ပြီး ကစားနိုင် တယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။


Mail သတင်းစာကနေတဆင့် နေမာက “ ကျွန်တော်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဘယ်တော့မှ ကြည့်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဦးစားပေးလွန်းတာကြောင့်ပါ။ ပြင်သစ်လိဂ်ကလည်း ရုပ်ပိုင်းဆိုင်ရာကြံ ခိုင်မှုကို ဦးစားပေးတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်လောက်တော့ မပြင်းထန်ပါဘူး။”လို့ ပြောခဲ့ပါတယ်။ နေမာအနေနဲ့ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။


လီဂူး-၁ ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းတွေဟာ သူတို့ရဲ့နာမည်ကျော်ကစားသမားတွေကို ရောင်းချလေ့ရှိပေမယ့် ပီအက်စ်ဂျီ အသင်းကတော့ ကစားသမားကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေပြီး နေမာနဲ့ သဘောတူညီမှုရအပြီးမှာ နောက်ထပ် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အမ်ဘတ်ပီကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အမ်ဘတ် ပီကိုတော့ ရီးရဲလ်နဲ့ လီဗာပူးအသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

ခႏၶာကိုယ္ၾကံ့ခိုင္မႈကို အသားေပးကစားတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေျပာင္းေရႊ႕ မကစားဘူးလို႔ ေျပာခဲ့တဲ့ ေနမာ
ကမ႓ာ့အေကာင္းဆံုးကစားသမားေတြထဲမွာပါဝင္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာက သူကို ပရီးမီးယားလိဂ္အသင္းအခ်ိဳ႕က လာေရာက္ကစားဖို႔ ကမ္းလွမ္းမႈေတြ ရွိခဲ့ေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈကို ဦးစားေပးတဲ့လိဂ္ၿပိဳင္ပြဲကို ေျပာင္းေရႊ႕ကစားဖို႔ စိတ္ဝင္စားျခင္းမရွိဘူးလို႔ ေျပာခဲ့ပါတယ္။ သတင္းအခ်ိဳ႕က ေနမာအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ လာေရာက္ၿပီး ကစားႏိုင္ တယ္လို႔ ခန္႔မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။
Mail သတင္းစာကေနတဆင့္ ေနမာက “ ကၽြန္ေတာ္အေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ဘယ္ေတာ့မွ ၾကည့္ေလ့မရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈကို ဦးစားေပးလြန္းတာေၾကာင့္ပါ။ ျပင္သစ္လိဂ္ကလည္း ႐ုပ္ပိုင္းဆိုင္ရာၾကံ ခိုင္မႈကို ဦးစားေပးတယ္ဆိုေပမယ့္ ပရီးမီးယားလိဂ္ေလာက္ေတာ့ မျပင္းထန္ပါဘူး။”လို႔ ေျပာခဲ့ပါတယ္။ ေနမာအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ နီးစပ္ေနၿပီလို႔လည္း သိရပါတယ္။
လီဂူး-၁ ၿပိဳင္ပြဲရဲ႕ ထိပ္သီးအသင္းေတြဟာ သူတို႔ရဲ႕နာမည္ေက်ာ္ကစားသမားေတြကို ေရာင္းခ်ေလ့ရွိေပမယ့္ ပီအက္စ္ဂ်ီ အသင္းကေတာ့ ကစားသမားေကာင္းေတြကို ဆက္ထိန္းထားႏိုင္ဖို႔ လုပ္ေဆာင္ေနၿပီး ေနမာနဲ႔ သေဘာတူညီမႈရအၿပီးမွာ ေနာက္ထပ္ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္တဲ့ အမ္ဘတ္ပီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အမ္ဘတ္ ပီကိုေတာ့ ရီးရဲလ္နဲ႔ လီဗာပူးအသင္းက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။