မာဆေးလ်အသင်းက ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း ဆာရီ

ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း ဆာရီက မာဆေးလ်နည်းပြတာဝန်အဖြစ် ကမ်းလှမ်းခြင်းခံရတာကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ပြင်သစ်လီဂူး ၁ ကလပ်ဟာ နည်းပြ ဘိုအာ့စ် ကို ထုတ်ပယ်လိုက်ပြီး နောက် အစားထိုးရန် နည်းပြတစ်ယောက်ရှာဖွေနေပြီး ဆာရီကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အီတလီက သတင်းများရဲ့ ဖော်ပြချက်အရ ဆာရီဟာ မာဆေးလ်အသင်းက ကမ်းလှမ်းတာကို ပယ်ချလိုက်ပြီး အသက် ၆၂ နှစ်အရွယ်နည်းပြကြီးဟာ နောက်ရာသီစတဲ့အထိ နည်းပြလောကကို ပြန်မဝင်ချင်သေးဘူးလို့ သိရပါတယ်။

မာဆေးလ်အသင်းဟာ ဒေ့ါမွန်နည်းပြဟောင်း လူစီယန်ဖေဗရီကိုလည်း ဆက်သွယ်မှုတွေ လုပ်ထားပြီး လီယိုနာဒိုဂျာဒင် နဲ့ ဗယ်ဗာဒီတို့ကိုလည်း ဆက်သွယ်ထားတာဖြစ်ပါတယ်။ အသင်းဟာ လက်ရှိမှာ လီဂူး ၁ (၂၁) ပွဲကစားပြီးချိန်မှာ အဆင့် (၉) နေရာမှာ ရပ်တည်နေပြီး သူ့အထက်က အသင်းတွေအားလုံး ထက် (၂)ပွဲလျော့ကစားထားပါတယ်။

မာေဆးလ္အသင္းက ကမး္လွမး္တာကို ပယ္ခ်လိုက္တဲ့ ခ်ဲလ္ဆီး နဲ႔ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း ဆာရီ

ခ်ဲလ္ဆီး နဲ႔ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း ဆာရီက မာေဆးလ္နည္းျပတာ၀န္အျဖစ္ ကမ္းလွမ္းျခင္းခံရတာကို ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ ျပင္သစ္လီဂူး ၁ ကလပ္ဟာ နည္းျပ ဘိုအာ့စ္ ကို ထုတ္ပယ္လိုက္ၿပီး ေနာက္ အစားထိုးရန္ နည္းျပတစ္ေယာက္ရွာေဖြေနၿပီး ဆာရီကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အီတလီက သတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ ဆာရီဟာ မာေဆးလ္အသင္းက ကမ္းလွမး္တာကို ပယ္ခ်လိုက္ၿပီး အသက္ ၆၂ ႏွစ္အရြယ္နည္းျပႀကီးဟာ ေနာက္ရာသီစတဲ့အထိ နည္းျပေလာကကို ျပန္မ၀င္ခ်င္ေသးဘူးလို႔ သိရပါတယ္။

မာေဆးလ္အသင္းဟာ ေဒ့ါမြန္နည္းျပေဟာင္း လူစီယန္ေဖဗရီကိုလည္း ဆက္သြယ္မႈေတြ လုပ္ထားၿပီး လီယိုနာဒိုဂ်ာဒင္ နဲ႔ ဗယ္ဗာဒီတို႔ကိုလည္း ဆက္သြယ္ထားတာျဖစ္ပါတယ္။ အသင္းဟာ လက္ရွိမွာ လီဂူး ၁ (၂၁) ပြဲကစားၿပီးခ်ိန္မွာ အဆင့္ (၉) ေနရာမွာ ရပ္တည္ေနၿပီး သူ႔အထက္က အသင္းေတြအားလံုး ထက္ (၂)ပြဲေလ်ာ့ကစားထားပါတယ္။