အမ်ဘတ်ပီရဲ့ အိုင်ဒေါက စီရော်နယ်ဒိုဖြစ်ပြီး ရီးရဲလ်ကို ပြောင်းရွှေ့နေချင်ကြောင်း ပြောခဲ့တဲ့ အသင်းဖော်ဟောင်း ဂျီဆီ


ပီအက်စ်ဂျီအသင်းကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဂျီဆီရိုဒရီဂွတ်ဇ်က အမ်ဘတ်ပီအနေနဲ့ အသင်းရဲ့ အဓိက,ကစားသ မားတစ်ဦး ဆိုပေမယ့် သူရဲ့အိုင်ဒေါက စီရော်နယ်ဒိုဖြစ်ပြီး ရီးရဲလ်အသင်းကို ပြောင်းရွှေ့နေချင်ကြောင်း ထုတ်ဖော်ပြောခဲ့ပါ တယ်။ အမ်ဘတ်ပီအနေနဲ့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးသလို အသင်းပြောင်းရွှေ့ ဖို့ ရှိနေတယ်ဆိုပြီးလည်း သတင်းတွေ ထွက်ဖော်နေသူ ဖြစ်ပါတယ်။


ဂျီဆီရိုဒရီဂွတ်ဇ်က “ အမ်ဘတ်ပီက သူရဲ့စံပြကစားသမားက စီရော်နယ်ဒိုဆိုတာကို အမြဲပြောလေ့ရှိပါတယ်။ သူအနေနဲ့ လည်း ရီးရဲလ်ကို ပြောင်းရွှေ့ချင်မှာပါ။ တစ်နေ့မှာ သေချာပေါက် ရီးရဲလ်အတွက် သူကစားပေးမယ်လို့ ကျွန်တော်ထင်ပါ တယ်။” လို့ ပြောခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဂျီဆီရိုဒရီဂွတ်ဇ်ဟာ ရီးရဲလ်နဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ကစားခဲ့ဖူး ပြီး လက်ရှိမှာတော့ လက်စ်ပါးမက်စ်အသင်းအတွက် ကစားပေးနေသူလည်း ဖြစ်ပါတယ်။


အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် ရီးရဲလ်အပြင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့က လည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့နေမာနဲ့ အမ်ဘတ်ပီတို့ နှစ်ယောက်စ လုံးကို အသင်းဆက်ရှိဖို့အတွက် အလိုရှိနေပြီး နေမာရဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရပြီးချိန်မှာတော့ အမ်ဘတ်ပီ ကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version

အမ္ဘတ္ပီရဲ႕ အိုင္ေဒါက စီေရာ္နယ္ဒိုျဖစ္ၿပီး ရီးရဲလ္ကို ေျပာင္းေရႊ႕ေနခ်င္ေၾကာင္း ေျပာခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဂ်ီဆီ
ပီအက္စ္ဂ်ီအသင္းကစားသမားေဟာင္း တစ္ဦးျဖစ္တဲ့ ဂ်ီဆီ႐ိုဒရီဂြတ္ဇ္က အမ္ဘတ္ပီအေနနဲ႔ အသင္းရဲ႕ အဓိက,ကစားသ မားတစ္ဦး ဆိုေပမယ့္ သူရဲ႕အိုင္ေဒါက စီေရာ္နယ္ဒိုျဖစ္ၿပီး ရီးရဲလ္အသင္းကို ေျပာင္းေရႊ႕ေနခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့ပါ တယ္။ အမ္ဘတ္ပီအေနနဲ႔ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပေသးသလို အသင္းေျပာင္းေရႊ႕ ဖို႔ ရွိေနတယ္ဆိုၿပီးလည္း သတင္းေတြ ထြက္ေဖာ္ေနသူ ျဖစ္ပါတယ္။
ဂ်ီဆီ႐ိုဒရီဂြတ္ဇ္က “ အမ္ဘတ္ပီက သူရဲ႕စံျပကစားသမားက စီေရာ္နယ္ဒိုဆိုတာကို အၿမဲေျပာေလ့ရွိပါတယ္။ သူအေနနဲ႔ လည္း ရီးရဲလ္ကို ေျပာင္းေရႊ႕ခ်င္မွာပါ။ တစ္ေန႔မွာ ေသခ်ာေပါက္ ရီးရဲလ္အတြက္ သူကစားေပးမယ္လို႔ ကၽြန္ေတာ္ထင္ပါ တယ္။” လို႔ ေျပာခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ီဆီ႐ိုဒရီဂြတ္ဇ္ဟာ ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီအသင္းေတြမွာ ကစားခဲ့ဖူး ၿပီး လက္ရွိမွာေတာ့ လက္စ္ပါးမက္စ္အသင္းအတြက္ ကစားေပးေနသူလည္း ျဖစ္ပါတယ္။
အမ္ဘတ္ပီကို ေခၚယူဖို႔အတြက္ ရီးရဲလ္အျပင္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးတို႔က လည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းကေတာ့ အသင္းရဲ႕ေနမာနဲ႔ အမ္ဘတ္ပီတို႔ ႏွစ္ေယာက္စ လံုးကို အသင္းဆက္ရွိဖို႔အတြက္ အလိုရွိေနၿပီး ေနမာရဲ႕ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရၿပီးခ်ိန္မွာေတာ့ အမ္ဘတ္ပီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။