ဘာစီလိုနာကို ဘယ်တော့မှ နည်းပြအဖြစ် ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို


စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက်မှာ ဘာစီလိုနာနည်းပြဖြစ်လာဖို့ ရေပန်းစားမှုတွေ ရှိခဲ့ပေမယ့် ပိုချက်တီနိုအနေနဲ့ လက်ခံခဲ့ခြင်းမရှိဘဲ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီနည်းပြ ရာထူးကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ပိုချက်တီနိုဟာ သူရဲ့ နည်းပြဘဝအစကို ဘာစီလိုနာအသင်းရဲ့ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းနဲ့ စတင်ခဲ့တာကြောင့် သူအနေနဲ့ ဘာစီလို နာကို ဘယ်တော့မှာနည်းပြအဖြစ် ကိုင်တွယ်မှာ မဟုတ်ဘူးဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဟာ နည်းပြဟောင်း ဆက်တီယန်ကို ထုတ်ပယ်ပြီးနောက်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ပိုချက်တီနို ဘက်က လက်ခံခဲ့ခြင်းမရှိတာကြောင့် လက်ရှိနည်းပြဖြစ်တဲ့ ရော် နယ်ကိုးမန်းကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ပိုချက်တီနိုအနေနဲ့ အသင်းလက်မဲ့ဖြစ်နေချိန်တုန်းက ဘာစီလိုနာအပြင် ယူနိုက်တက်ကပါ နည်းပြအဖြစ် ခန့်အပ်ဖို့ အလိုရှိခဲ့တယ်လို့လည်း သိရပါတယ်။


RMC Sport ရဲ့ဖော်ပြချက်အရတော့ ပိုချက်တီနိုက “ ဘာစီလိုနာက အသင်းကောင်းတစ်သင်းဆိုပေမယ့် ကျွန်တော်အနေ နဲ့ ဘယ်တော့မှ နည်းပြအဖြစ်လုပ်ကိုင်မှာမဟုတ်ပါဘူး။ ဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုက ကျွန်တော်အတွက် အရေးပါတဲ့ အသင်းဖြစ်နေပါတယ်။ ဒီလိုမျိုးပါပဲ။ အခုဆိုရင်လည်း ပီအက်စ်ဂျီရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ မာဆေးကို ကျွန် တော်အနေနဲ့ ဘယ်တော့မှာ နည်းပြလုပ်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာကို ဘယ္ေတာ့မွ နည္းျပအျဖစ္ ကိုင္တြယ္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏို
စပါးအသင္းကေန ထုတ္ပယ္ခံရၿပီးေနာက္မွာ ဘာစီလိုနာနည္းျပျဖစ္လာဖို႔ ေရပန္းစားမႈေတြ ရွိခဲ့ေပမယ့္ ပိုခ်က္တီႏိုအေနနဲ႔ လက္ခံခဲ့ျခင္းမရွိဘဲ ေနာက္ဆံုးမွာေတာ့ ပီအက္စ္ဂ်ီနည္းျပ ရာထူးကို လက္ခံခဲ့တယ္လို႔ သိရပါတယ္။ ပိုခ်က္တီႏိုဟာ သူရဲ႕ နည္းျပဘဝအစကို ဘာစီလိုနာအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အက္စ္ပန္ညိဳအသင္းနဲ႔ စတင္ခဲ့တာေၾကာင့္ သူအေနနဲ႔ ဘာစီလို နာကို ဘယ္ေတာ့မွာနည္းျပအျဖစ္ ကိုင္တြယ္မွာ မဟုတ္ဘူးဆိုၿပီး ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ နည္းျပေဟာင္း ဆက္တီယန္ကို ထုတ္ပယ္ၿပီးေနာက္မွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ ပိုခ်က္တီႏိုကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ ဆက္သြယ္ခဲ့ေပမယ့္ ပိုခ်က္တီႏို ဘက္က လက္ခံခဲ့ျခင္းမရွိတာေၾကာင့္ လက္ရွိနည္းျပျဖစ္တဲ့ ေရာ္ နယ္ကိုးမန္းကို နည္းျပအျဖစ္ခန္႔အပ္ခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ ပိုခ်က္တီႏိုအေနနဲ႔ အသင္းလက္မဲ့ျဖစ္ေနခ်ိန္တုန္းက ဘာစီလိုနာအျပင္ ယူႏိုက္တက္ကပါ နည္းျပအျဖစ္ ခန္႔အပ္ဖို႔ အလိုရွိခဲ့တယ္လို႔လည္း သိရပါတယ္။
RMC Sport ရဲ႕ေဖာ္ျပခ်က္အရေတာ့ ပိုခ်က္တီႏိုက “ ဘာစီလိုနာက အသင္းေကာင္းတစ္သင္းဆိုေပမယ့္ ကၽြန္ေတာ္အေန နဲ႔ ဘယ္ေတာ့မွ နည္းျပအျဖစ္လုပ္ကိုင္မွာမဟုတ္ပါဘူး။ ဘာစီလိုနာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ အက္စ္ပန္ညိဳက ကၽြန္ေတာ္အတြက္ အေရးပါတဲ့ အသင္းျဖစ္ေနပါတယ္။ ဒီလိုမ်ိဳးပါပဲ။ အခုဆိုရင္လည္း ပီအက္စ္ဂ်ီရဲ႕ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ မာေဆးကို ကၽြန္ ေတာ္အေနနဲ႔ ဘယ္ေတာ့မွာ နည္းျပလုပ္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။