ပီအက်စ်ဂျီအသင်းနဲ့ (၄) နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီလိုက်ပြီဖြစ်တဲ့ နေမာ

နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ (၄) နှစ်စာချုပ်သက်တမ်းတိုးရန ်သဘောတူညီလိုက်ပြီလို့ ပြင်သစ်နဲ့ ဘရာဇီးလ်တို့က သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပဲရစ်မှာ တစ်ပတ် ယူရို (၆) သိန်းလောက် ဝင်ငွေရရှိနေသူဖြစ်တဲ့ တိုက်စစ်မှူးဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသူဖြစ်ပါတယ်။

သို့သော်လည်း RMC သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုလိုက်ပြီဖြစ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ နေမာဟာ လီဂူး ၁ ကို စတင်ရောက်ရှိတုန်းက အထိုင်ကျဖို့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဘာစီလိုနာအသင်းကို ပြန်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ။်

သို့သော်လည်း အသင်းဟာ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီးနောက် အသင်းဆီကိုလည်း နည်းပြသစ် ပိုချက်တီနိုရောက်ရှိလာတာနဲ့အတူ အသင်းမှာ ဆက်နေရန် ဆန္ဒရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ သူဟာ အသင်းမှာ ဆက်နေချင်တယ်လို့ ဝန်ခံပြောသွားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း (၁၀၀) ကျော်ကစားခဲ့ပြီး (၈၃) ဂိုးသွင်းပေးထားပါတယ်။ ဒ့ါအပြင် အသင်းမှာ သူနဲ့အတူ အမ်ဘာပေကိုလည်း ဆက်နေစေချင်တယ်လို့ ပြောသွားခဲ့ပါသေးတယ်။

“ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်။ပီအက်စ်ဂျီအသင်းမှာ ဆက်နေချင်ပြီး ကိုင်လီယမ် (အမ်ဘာပေ) လည်း ဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ဟာ ပီအက်စ်ဂျီအသင်းကို အကောင်းဆုံးအသင်းဖြစ်စေချင်ပြီး ဒါကြောင့်ပဲ ဒီမှာ ဆက်နေချင်ပြီး ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားချင်တာပါ။ ဒီနေ့ကျွန်တော်အရမ်းပျော်နေပါတယ်။ တော်တော်များများလည်း ပြောင်းလဲနေပါပြီ” လို့ နေမာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပီအက္စ္ဂ်ီအသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီလိုက္ၿပီျဖစ္တဲ့ ေနမာ

ေနမာဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန ္သေဘာတူညီလိုက္ၿပီလို႔ ျပင္သစ္နဲ႔ ဘရာဇီးလ္တို႔က သတင္းေတြ ထြက္ေပၚလာပါတယ္။ ပဲရစ္မွာ တစ္ပတ္ ယူ႐ို (၆) သိန္းေလာက္ ၀င္ေငြရရွိေနသူျဖစ္တဲ့ တိုက္စစ္မွဴးဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္သူျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးေနသူျဖစ္ပါတယ္။

သို႔ေသာ္လည္း  RMC သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၂၈ ႏွစ္အရြယ္ ဘရာဇီးလ္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ သေဘာတူညီမႈလိုက္ၿပီျဖစ္ၿပီး ဒီတစ္ပတ္အတြင္းမွာပဲ လက္မွတ္ေရးထိုးမယ္လို႔ သိရပါတယ္။ ေနမာဟာ လီဂူး ၁ ကို စတင္ေရာက္ရွိတုန္းက အထိုင္က်ဖို႔ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ဘာစီလိုနာအသင္းကို ျပန္သြားမယ္လို႔လည္း သတင္းေတြ ထြက္ေပၚခဲ့သူ ျဖစ္ပါတယ။္

သို႔ေသာ္လည္း အသင္းဟာ မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္လွမ္းႏိ္ုင္ခဲ့ၿပီးေနာက္ အသင္းဆီကိုလည္း နည္းျပသစ္ ပိုခ်က္တီႏိုေရာက္ရွိလာတာနဲ႔အတူ အသင္းမွာ ဆက္ေနရန္ ဆႏၵရွိေနပါတယ္။ ဒီတစ္ပတ္မွာေတာ့ သူဟာ အသင္းမွာ ဆက္ေနခ်င္တယ္လို႔ ၀န္ခံေျပာသြားခဲ့တာျဖစ္ပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ပြဲေပါင္း (၁၀၀) ေက်ာ္ကစားခဲ့ၿပီး (၈၃) ဂိုးသြင္းေပးထားပါတယ္။ ဒ့ါအျပင္ အသင္းမွာ သူနဲ႔အတူ အမ္ဘာေပကိုလည္း ဆက္ေနေစခ်င္တယ္လို႔ ေျပာသြားခဲ့ပါေသးတယ္။

“ကၽြန္ေတာ္ ဒီမွာ အရမ္းေပ်ာ္ေနပါတယ္။ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနခ်င္ၿပီး ကိုင္လီယမ္ (အမ္ဘာေပ) လည္း ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ဟာ ပီအက္စ္ဂ်ီအသင္းကို အေကာင္းဆံုးအသင္းျဖစ္ေစခ်င္ၿပီး ဒါေၾကာင့္ပဲ ဒီမွာ ဆက္ေနခ်င္ၿပီး ေဘာလံုးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကစားခ်င္တာပါ။ ဒီေန႔ကၽြန္ေတာ္အရမ္းေပ်ာ္ေနပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ေျပာင္းလဲေနပါၿပီ” လို႔ ေနမာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။