ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမိုစ့် က အသင်းကောင်းတစ်သင်း ကို ရောက်ရှိမယ်လို့ ဆိုလိုက်တဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်ကို ခေါ်ယူရန် စိတ်ဝင်စားတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာမိုစ့်ဟာ အခုအချိန်အထိ စာချုပ်သစ်ကိစ္စ အဆင်မပြေသေးဘူး ဖြစ်ပါတယ်။

ပိုချက်တီနိုက “ပီအက်စ်ဂျီအသင်းမှာ တစ်လကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ဦးဆောင်မှု ကြီးကြီးပေးနိုင်မယ့် ကစားသမားတွေကို ရှာဖွေနေပါတယ်။ တစ်ကယ်ကောင်းတဲ့ ကစားသမားတွေကို မတူညီတဲ့ အနေအထားတွေနဲ့ ခေါ်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကတော့ လေးစားမှု ရှိပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်တွေက နှစ်ပေါင်းများစွာ တစ်သတ်မတ်တည်းရှိခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုကို ခေါ်ယူခဲ့ကတည်းကပေါ့။

ဈေးကွက်အနေအထားကို ကြည့်ပြီး ကျွန်တော့်တို့အတွက် ဘာတွေတိုးတက်လာမလဲဆိုတော့ သူမျိုးကိုပေါ့။ လာမယ့် လတွေမှာ စောင့်ကြည့်ကြတာပေါ့။ အခု ရာမိုစ့်လည်း အသင်းကောင်းတစ်သင်း နဲ့ တွေ့မှာပါ။ ပီအက်စ်ဂျီအသင်းကလည်း ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်” လို့ မာကာ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ရီးရဲလ္မက္ဒရစ္ အသင္းေခါင္းေဆာင္ ရာမိုစ့္ အသင္းေကာင္းတစ္သင္း ကို ေရာက္ရွိမယ္လို႔ ဆိုလိုက္တဲ့ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုက ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမိုစ့္ကို ေခၚယူရန္ စိတ္၀င္စားတယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ရာမိုစ့္ဟာ အခုအခ်ိန္အထိ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပေသးဘူး ျဖစ္ပါတယ္။

ပိုခ်က္တီႏိုက “ပီအက္စ္ဂ်ီအသင္းမွာ တစ္လၾကာၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္ေတာ္ဟာ ဦးေဆာင္မႈ ႀကီးႀကီးေပးႏိုင္မယ့္ ကစားသမားေတြကို ရွာေဖြေနပါတယ္။ တစ္ကယ္ေကာင္းတဲ့ ကစားသမားေတြကို မတူညီတဲ့ အေနအထားေတြနဲ႔ ေခၚယူလို႔ ရႏိုင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ဘက္ကေတာ့ ေလးစားမႈ ရွိပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ အစီအစဥ္ေတြက ႏွစ္ေပါငး္မ်ားစြာ တစ္သတ္မတ္တည္းရွိခဲ့ပါတယ္။ ေရာ္နယ္ဒင္ဟိုကို ေခၚယူခဲ့ကတည္းကေပါ့။

ေစ်းကြက္အေနအထားကို ၾကည့္ၿပီး ကၽြန္ေတာ့္တို႔အတြက္ ဘာေတြတိုးတက္လာမလဲဆိုေတာ့ သူမ်ိဳးကိုေပါ့။ လာမယ့္ လေတြမွာ ေစာင့္ၾကည့္ၾကတာေပါ့။ အခု ရာမိုစ့္လည္း အသင္းေကာင္းတစ္သင္း နဲ႔ ေတြ႕မွာပါ။ ပီအက္စ္ဂ်ီအသင္းကလည္း ကမာၻ႕အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္” လို႔ မာကာ သတင္းဌာနကို ေျပာသြားခ့ဲပါတယ္။