ရီးရဲလ်နဲ့ စာချုပ်သက်တမ်းမတိုးတော့တဲ့ ရာမို့စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို


ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပယ်ချခဲ့တဲ့ အသင်းခေါင်းဆောင် ရာမို့စ် ကိုခေါ်ယူဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပိုချက်တီနိုက စပါးအသင်းကနေထွက်လာပြီးနောက် ရီးရဲလ်ဥက္ကဌ ဖလော်တီနိုပီရက်ဇ်ရဲ့ ဆက်သွယ်မှုတွေကို ပယ်ချခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း ငြင်းဆိုသွားခဲ့ပြီး ရီးရဲလ်အနေနဲ့ နည်း ပြနေရာအတွက် သူကို ကမ်းလှမ်းခဲ့ခြင်းမရှိကြောင်းလည်း ပြောခဲ့ပါတယ်။


မာကာသတင်းစာက ပီရက်ဇ်ရဲ့ကမ်းလှမ်းမှုကို ပိုချက်တီနိုက ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူးလို့ပဲ ပြောရမှာပါ။ အသင်းတစ်သင်းဟာ ကစားသမားတစ်ယောက်၊ နည်းပြတစ်ယောက်ထက် ပို ပြီး အရေးပါပါတယ်။ ခုလိုမျိုးသတင်းတွေက ရီးရဲလ်အသင်းဝန်ထမ်းတွေက စိတ်ဝင်စားခဲ့တာဖြစ်မှာပါ။ ကျွန်တော်တို့အနေ နဲ့ အပြန်အလှန်လေးစားမှုရှိရပါမယ်။ ပီအက်စ်ဂျီအသင်းကဆက်သွယ်လာတာကြောင့် နည်းပြနေရာအတွက် လက်ခံခဲ့တာ ပါ” လို့ ပြောသွားခဲ့ပါတယ်။


ရီးရဲလ်အသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းကနေထွက်လာမယ့် အသင်းခေါင်းဆောင်ရာမို့စ်ကို ခေါ် ယူချင်တဲ့အသင်းတွေအများကြီး ရှိပြီး ဒီအထဲမှာ ပီအက်စ်ဂျီအသင်းလည်း ပါဝင်ကြောင်း ပိုချက်တီနိုက ပြောခဲ့ပါတယ်။ ပို ချက်တီနိုက “ ပီအက်စ်ဂျီအသင်းကို နည်းပြတာ တစ်လပဲရှိသေးတယ်ဆိုပေမယ့် ကစားသမားကောင်းတွေရှိတဲ့အသင်းမို့ ပျော်ရွှင်မိပါတယ်။ အသင်းအတွက် ရာမို့စ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းမတိုးေတာ့တဲ့ ရာမို႔စ္ကို ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏို
ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏိုဟာ ရီးရဲလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ပယ္ခ်ခဲ့တဲ့ အသင္းေခါင္းေဆာင္ ရာမို႔စ္ ကိုေခၚယူဖို႔ အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ပိုခ်က္တီႏိုက စပါးအသင္းကေနထြက္လာၿပီးေနာက္ ရီးရဲလ္ဥကၠဌ ဖေလာ္တီႏိုပီရက္ဇ္ရဲ႕ ဆက္သြယ္မႈေတြကို ပယ္ခ်ခဲ့တယ္ဆိုတဲ့အေၾကာင္းကိုလည္း ျငင္းဆိုသြားခဲ့ၿပီး ရီးရဲလ္အေနနဲ႔ နည္း ျပေနရာအတြက္ သူကို ကမ္းလွမ္းခဲ့ျခင္းမရွိေၾကာင္းလည္း ေျပာခဲ့ပါတယ္။
မာကာသတင္းစာက ပီရက္ဇ္ရဲ႕ကမ္းလွမ္းမႈကို ပိုခ်က္တီႏိုက ပယ္ခ်ခဲ့တယ္လို႔ ေဖာ္ျပခဲ့တာနဲ႔ ပတ္သက္ၿပီး ပိုခ်က္တီႏိုက “ ဒီလိုျဖစ္ရပ္မ်ိဳးေတြမရွိခဲ့ဘူးလို႔ပဲ ေျပာရမွာပါ။ အသင္းတစ္သင္းဟာ ကစားသမားတစ္ေယာက္၊ နည္းျပတစ္ေယာက္ထက္ ပို ၿပီး အေရးပါပါတယ္။ ခုလိုမ်ိဳးသတင္းေတြက ရီးရဲလ္အသင္းဝန္ထမ္းေတြက စိတ္ဝင္စားခဲ့တာျဖစ္မွာပါ။ ကၽြန္ေတာ္တို႔အေန နဲ႔ အျပန္အလွန္ေလးစားမႈရွိရပါမယ္။ ပီအက္စ္ဂ်ီအသင္းကဆက္သြယ္လာတာေၾကာင့္ နည္းျပေနရာအတြက္ လက္ခံခဲ့တာ ပါ” လို႔ ေျပာသြားခဲ့ပါတယ္။
ရီးရဲလ္အသင္းကေန စာခ်ဳပ္သက္တမ္းကုန္ဆံုးၿပီးေနာက္ အသင္းကေနထြက္လာမယ့္ အသင္းေခါင္းေဆာင္ရာမို႔စ္ကို ေခၚ ယူခ်င္တဲ့အသင္းေတြအမ်ားႀကီး ရွိၿပီး ဒီအထဲမွာ ပီအက္စ္ဂ်ီအသင္းလည္း ပါဝင္ေၾကာင္း ပိုခ်က္တီႏိုက ေျပာခဲ့ပါတယ္။ ပို ခ်က္တီႏိုက “ ပီအက္စ္ဂ်ီအသင္းကို နည္းျပတာ တစ္လပဲရွိေသးတယ္ဆိုေပမယ့္ ကစားသမားေကာင္းေတြရွိတဲ့အသင္းမို႔ ေပ်ာ္ရႊင္မိပါတယ္။ အသင္းအတြက္ ရာမို႔စ္ကို ေခၚယူႏိုင္မယ္ဆိုရင္ ပိုၿပီးေတာ့ ေကာင္းမွာပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။