ရီးရဲလ် အပါအဝင် အသင်းကြီးတွေ အားလုံးကို ငြင်းပြီး ရန်းနက်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ့် ကာမာဗင်ဂါ


အသက် ၁၈ နှစ်သာရှိသေးပေမယ့် သူရဲ့ခြေစွမ်းကြောင့် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ရန်းနက်စ်အ သင်းကွင်းလယ်လူ ကာမာဗင်ဂါဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စောင့်ကြည့်နေတဲ့အချိန်မှာ ရန်းနက်စ်နဲ့ စာချုပ်သစ်ချုပ်ဆို ဖို့ လုပ်ဆောင်လိုက်တာကြောင့် ကာမာဗင်ဂါအနေနဲ့ ဝေဖန်မှုတွေလည်းခံနေရတယ်လို့ သိရပါတယ်။


ကာမာဗင်ဂါဟာ ပြီးခဲ့တဲ့နှစ်က လီဂူး-၁ ပြိုင်ပွဲမှာ ၁၉၁၄ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံးနဲ့ ပွဲ ၅၀ ပြည့်တဲ့ကစားသမား အဖြစ်လည်း စံချိန်မှတ်တမ်းတင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ရန်းနက်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကာမာဗင်ဂါက သူအနေနဲ့ ရန်းနက်စ်အသင်းမှာ ကစားရတာကို ပျော်ရွှင်တာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိ တာဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။


၂၀၂၂ ခုနှစ်မှာ အသင်းရဲ့စာချုပ်သက်တမ်းကို ကုန်ဆုံးမယ့် ကာမာဗင်ဂါကို ရန်းနက်စ်အသင်းအားကစားဒါရိုက်တာ ဖလော်ရီယန် မာယူရီစီကတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အောက်ဆိုရင် ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြော ကြားမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ကာမာ ဗင်ဂါကကတော့ သူအနေနဲ့ ဘာမှမသိဘဲ သူရဲ့အေးဂျင့်ကသာ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

ရီးရဲလ္ အပါအဝင္ အသင္းႀကီးေတြ အားလံုးကို ျငင္းၿပီး ရန္းနက္စ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မယ့္ ကာမာဗင္ဂါ
အသက္ ၁၈ ႏွစ္သာရွိေသးေပမယ့္ သူရဲ႕ေျခစြမ္းေၾကာင့္ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ ရန္းနက္စ္အ သင္းကြင္းလယ္လူ ကာမာဗင္ဂါဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မယ္လို႔ သိရပါတယ္။ ရီးရဲလ္အသင္းက ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ပီအက္စ္ဂ်ီနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကလည္း ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာ ရန္းနက္စ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆို ဖို႔ လုပ္ေဆာင္လိုက္တာေၾကာင့္ ကာမာဗင္ဂါအေနနဲ႔ ေဝဖန္မႈေတြလည္းခံေနရတယ္လို႔ သိရပါတယ္။
ကာမာဗင္ဂါဟာ ၿပီးခဲ့တဲ့ႏွစ္က လီဂူး-၁ ၿပိဳင္ပြဲမွာ ၁၉၁၄ ခုႏွစ္ေနာက္ပိုင္း အသက္အငယ္ဆံုးနဲ႔ ပြဲ ၅၀ ျပည့္တဲ့ကစားသမား အျဖစ္လည္း စံခ်ိန္မွတ္တမ္းတင္ထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ရန္းနက္စ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ကာမာဗင္ဂါက သူအေနနဲ႔ ရန္းနက္စ္အသင္းမွာ ကစားရတာကို ေပ်ာ္ရႊင္တာေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလိုရွိ တာျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္မွာ အသင္းရဲ႕စာခ်ဳပ္သက္တမ္းကို ကုန္ဆံုးမယ့္ ကာမာဗင္ဂါကို ရန္းနက္စ္အသင္းအားကစားဒါ႐ိုက္တာ ဖေလာ္ရီယန္ မာယူရီစီကေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ ေအာက္ဆိုရင္ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာ ၾကားမႈေတြ ရွိခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး ကာမာ ဗင္ဂါကကေတာ့ သူအေနနဲ႔ ဘာမွမသိဘဲ သူရဲ႕ေအးဂ်င့္ကသာ လုပ္ေဆာင္တာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။