နေမာရဲ့ ကျော့ကွင်းထဲမှာ မိသွားပြီဖြစ်တဲ့ အာဂျင်းတီးနားအဆိုတော် အီမီလီယာမာနက်စ်

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့နေမာဟာ သန်းကြွယ်ဘောလုံးသမားတစ်ယောက် ဖြစ် သလို ငွေကြေးချမ်းသာသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ပါတီပွဲတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူးမှာ ပါတီပွဲကို ဦးဆောင်လှုပ်ရှားခဲ့တဲ့ နေမာတစ်ယောက်ကတော့ အခုချိန်မှာ နောက်ထပ်ချစ်သူအသစ်တစ် ယောက်ကို ရရှိသွားပြီလို့ပဲ ဆိုရမှာဖြစ်ပါတယ်။


နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာဟာ မိန်းမလေးများစွာနဲ့ တွဲလေ့ရှိသူဖြစ်ပြီး ဒီတစ်ခေါက်နေမာရဲ့ ကျော့ကွင်း ထဲကို တိုးဝင်လာသူကတော့ အာဂျင်တီးနားအဆိုတော်မလေး အီမီလီယာမာနက်စ် ပဲဖြစ်ပါတယ်။ နေမာရဲ့ နှစ်သစ်ကူးပါ တီကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံခဲ့ရပြီးနောက် အီမီလီယာနက်စ်နဲ့ နေမာတို့ဟာ စတင်ရင်းနှီးခဲ့ကြပြီးနောက် အင်စတာဂရမ်ရဲ့ ပို့စ်တစ်ခုမှာတော့ အသည်းပုံစတစ်ကာတွေ အပြန်အလှန်တွေ ပို့ခဲ့တာကြောင့် သူတို့နှစ်ယောက်တွဲနေ ကြပြီလို့ မီဒီယာတွေက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


နေမာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ဘရာဇီးမော်ဒယ်မင်းသမီး ဘရူနာမာကွင်ဇီ၊ အမေရိကန်ဆက်စီမော်ဒယ် နာတာလီယာ ဘရူလစ်ချ်တို့ တွဲခဲ့ပြီးနောက် တစ်ယောက်တည်းဖြစ်နေခဲ့ရာကနေ အခုလို အီမီလီယာမာနက်စ်ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ် ပါတယ်။ နေမာက နှစ်သစ်ကူးပါတီ လုပ်ခဲ့တယ်ဆိုပေမယ့် ကိုဗစ်အတွက် သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်းလိုက် နာပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပါသေးတယ်။

zawgyi version

ေနမာရဲ႕ ေက်ာ့ကြင္းထဲမွာ မိသြားၿပီျဖစ္တဲ့ အာဂ်င္းတီးနားအဆိုေတာ္ အီမီလီယာမာနက္စ္
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ေနမာဟာ သန္းႂကြယ္ေဘာလံုးသမားတစ္ေယာက္ ျဖစ္ သလို ေငြေၾကးခ်မ္းသာသူေတြ လုပ္ေလ့ရွိတဲ့အတိုင္း ပါတီပြဲေတြကိုလည္း မၾကာခဏျပဳလုပ္ေလ့ရွိသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္သစ္ကူးမွာ ပါတီပြဲကို ဦးေဆာင္လႈပ္ရွားခဲ့တဲ့ ေနမာတစ္ေယာက္ကေတာ့ အခုခ်ိန္မွာ ေနာက္ထပ္ခ်စ္သူအသစ္တစ္ ေယာက္ကို ရရွိသြားၿပီလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။
နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္တဲ့ ေနမာဟာ မိန္းမေလးမ်ားစြာနဲ႔ တြဲေလ့ရွိသူျဖစ္ၿပီး ဒီတစ္ေခါက္ေနမာရဲ႕ ေက်ာ့ကြင္း ထဲကို တိုးဝင္လာသူကေတာ့ အာဂ်င္တီးနားအဆိုေတာ္မေလး အီမီလီယာမာနက္စ္ ပဲျဖစ္ပါတယ္။ ေနမာရဲ႕ ႏွစ္သစ္ကူးပါ တီကို အထူးဧည့္သည္ေတာ္အျဖစ္ ဖိတ္ၾကားခံခဲ့ရၿပီးေနာက္ အီမီလီယာနက္စ္နဲ႔ ေနမာတို႔ဟာ စတင္ရင္းႏွီးခဲ့ၾကၿပီးေနာက္ အင္စတာဂရမ္ရဲ႕ ပို႔စ္တစ္ခုမွာေတာ့ အသည္းပံုစတစ္ကာေတြ အျပန္အလွန္ေတြ ပို႔ခဲ့တာေၾကာင့္ သူတို႔ႏွစ္ေယာက္တြဲေန ၾကၿပီလို႔ မီဒီယာေတြက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ေနမာဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ဘရာဇီးေမာ္ဒယ္မင္းသမီး ဘ႐ူနာမာကြင္ဇီ၊ အေမရိကန္ဆက္စီေမာ္ဒယ္ နာတာလီယာ ဘ႐ူလစ္ခ်္တို႔ တြဲခဲ့ၿပီးေနာက္ တစ္ေယာက္တည္းျဖစ္ေနခဲ့ရာကေန အခုလို အီမီလီယာမာနက္စ္ကို ထပ္မံေတြ႕ရွိခဲ့တာ ျဖစ္ ပါတယ္။ ေနမာက ႏွစ္သစ္ကူးပါတီ လုပ္ခဲ့တယ္ဆိုေပမယ့္ ကိုဗစ္အတြက္ သတ္မွတ္ထားတဲ့စည္းကမ္းေတြအတိုင္းလိုက္ နာၿပီး လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သူရဲ႕ အင္စတာဂရမ္အေကာင့္မွာ တင္ထားခဲ့ပါေသးတယ္။