အခုမှ အောင်မြင်မှုရဲ့ အစပဲ ရှိသေးတယ်လို့ ပြင်သစ်စူပါဖလား ရပြီးနောက် ကြွေးကြော်ခဲ့တဲ့ ပိုချက်တီနို

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပြိုင်ပွဲမှာ မာဆေးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရပြီးနောက်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့နည်းပြသစ် ပိုချက်တီနိုက အခုအောင်မြင်မှုဟာ အသင်းအတွက် အစပဲ ရှိသေးတယ်လို့ ကြွေးကြော် သွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ သုံးပွဲမြောက် အပြီးမှာပဲ ဆုဖလား အောင်မြင်မှု ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပိုချက်တီနိုဟာ အက်စ်ပန်ညို ၊ ဆောက်သမ်တန်၊ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးခဲ့ပေမယ့် ဆုဖလားအောင်မြင်မှု မရခဲ့ တာကြောင့် ပြင်သစ်စူပါဖလား ဟာ သူရဲ့နည်းပြမှတ်တမ်းမှာ ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။ လီဂူး-၁ ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းဟာ အခြားအသင်းတွေထွက် ဆုဖလား ရရှိဖို့ အခွင့်အရေးများနေတာကြောင့် လီဂူး-၁ ချန်ပီယံ ၊ပြင်သစ်အက်ဖ်အေဖလား၊ ပြင်သစ်လိဂ်ဖလားတို့ကိုလည်း ရယူချင်တယ်လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။


ပွဲအပြီးမှာတော့ Canal + ကနေတဆင့် ပိုချက်တီနိုက “ အသင်းကို ကိုင်တွယ်ခွင့်ရတာ ၁၀ ရက်သာရှိသေးပြီး ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ဆုဖလား တစ်လုံးရရှိခဲ့တဲ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ ပြင်သစ်စူပါဖလားက အောင်မြင်မှုရဲ့ အစပဲ ရှိသေးတယ်လို့ ကျွန်တော်တို့ အားလုံးယုံကြည်ထားပါတယ်။ ဆုဖလားရရှိခဲ့တဲ့အတွက် အသင်းသားတွေ၊ အသင်းနဲ့ သက်ဆိုင်သူတွေ ၊ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အခုမွ ေအာင္ျမင္မႈရဲ႕ အစပဲ ရွိေသးတယ္လို႔ ျပင္သစ္စူပါဖလား ရၿပီးေနာက္ ေႂကြးေၾကာ္ခဲ့တဲ့ ပိုခ်က္တီႏို
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျပင္သစ္စူပါဖလားၿပိဳင္ပြဲမွာ မာေဆးအသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရၿပီးေနာက္မွာေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕နည္းျပသစ္ ပိုခ်က္တီႏိုက အခုေအာင္ျမင္မႈဟာ အသင္းအတြက္ အစပဲ ရွိေသးတယ္လို႔ ေႂကြးေၾကာ္ သြားခဲ့ပါတယ္။ ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီအသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ခဲ့တာ သံုးပြဲေျမာက္ အၿပီးမွာပဲ ဆုဖလား ေအာင္ျမင္မႈ ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ပိုခ်က္တီႏိုဟာ အက္စ္ပန္ညိဳ ၊ ေဆာက္သမ္တန္၊ စပါးအသင္းတို႔ကို ကိုင္တြယ္ခဲ့ဖူးခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈ မရခဲ့ တာေၾကာင့္ ျပင္သစ္စူပါဖလား ဟာ သူရဲ႕နည္းျပမွတ္တမ္းမွာ ပထမဆံုးရရွိခဲ့တဲ့ ဆုဖလားလည္း ျဖစ္ခဲ့ပါတယ္။ လီဂူး-၁ ၿပိဳင္ပြဲမွာ ပီအက္စ္ဂ်ီအသင္းဟာ အျခားအသင္းေတြထြက္ ဆုဖလား ရရွိဖို႔ အခြင့္အေရးမ်ားေနတာေၾကာင့္ လီဂူး-၁ ခ်န္ပီယံ ၊ျပင္သစ္အက္ဖ္ေအဖလား၊ ျပင္သစ္လိဂ္ဖလားတို႔ကိုလည္း ရယူခ်င္တယ္လို႔ ပိုခ်က္တီႏိုက ေျပာခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ Canal + ကေနတဆင့္ ပိုခ်က္တီႏိုက “ အသင္းကို ကိုင္တြယ္ခြင့္ရတာ ၁၀ ရက္သာရွိေသးၿပီး ပြဲစဥ္ ၃ ပြဲ ကစားၿပီးခ်ိန္မွာ ဆုဖလား တစ္လံုးရရွိခဲ့တဲ့အတြက္ တကယ္ကို ေပ်ာ္ရႊင္မိပါတယ္။ ျပင္သစ္စူပါဖလားက ေအာင္ျမင္မႈရဲ႕ အစပဲ ရွိေသးတယ္လို႔ ကၽြန္ေတာ္တို႔ အားလံုးယံုၾကည္ထားပါတယ္။ ဆုဖလားရရွိခဲ့တဲ့အတြက္ အသင္းသားေတြ၊ အသင္းနဲ႔ သက္ဆိုင္သူေတြ ၊ ပရိသတ္ေတြ အားလံုးကို ေက်းဇူးတင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။