ပိုချက်တီနိုအတွက် အားတက်စရာတစ်ခုအဖြစ် အဓိကတိုက်စစ်မှူး နေမာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရ


ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို တစ်လကြာ လွဲချော်ခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူး နေ မာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရတာကြောင့် နည်းပြသစ် ပိုချက်တီနိုအတွက် အားတက်စရာတစ် ခု ဖြစ်စေခဲ့ပါတယ်။ ပိုချက်တီနိုဟာ ခရစ္စမတ်ပွဲတော်အတွင်းမှာမှ နည်းပြဟောင်းတူချယ်ရဲ့နေရာမှာ အစားထိုးပြီးပီအက်စ် ဂျီအသင်းနည်းပြ ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။


ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို နှစ်ပွဲသာ ကိုင်တွယ်ခွင့်ရထားသေးတာဖြစ်ပြီး စိန့်အက်တီယန်ကို သရေနဲ့ ဘရက်စ် ကို သုံးဂိုးပြတ်အနိုင်ရထားပါတယ်။ အဓိက,ကစားသမားအချို့ ဒဏ်ရာပြဿနာ ရှိနေတာကြောင့်လည်း အသင်းရဲ့ ကစား ကွက်ကို အကောင်းဆုံးမတည်ဆောက်နိုင်သေးဘူးလို့ ပြောခဲ့သလို လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီအနေနဲ့လည်းတိုးတက် ဖို့ လိုအပ်နေသေးတယ်လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။


ပိုချက်တီနိုရဲ့ လက်အောက်မှာ အမ်ဘတ်ပီအနေနဲ့ နှစ်ပွဲစလုံးပွဲထွက်ကစားခွင့် ရခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိတာ ကြောင့်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒဏ်ရာက သက်သာလာတဲ့ နေမာအနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် အမ်ဘတ်ပီအနေနဲ့လည်း ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပိုချက်တီနိုက ပြောခဲ့ပါ တယ်။ ပီအက်စ်ဂျီဟာ ဇန်နဝါရီလ ၁၄ ရက်မှာတော့ ဒါဘီပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ မာဆေးအသင်းနဲ့ ပြင်သစ် စူပါဖလားကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ပိုခ်က္တီႏိုအတြက္ အားတက္စရာတစ္ခုအျဖစ္ အဓိကတိုက္စစ္မွဴး ေနမာ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရ
ဒဏ္ရာျပႆနာေၾကာင့္ အသင္းရဲ႕ပြဲစဥ္ေတြကို တစ္လၾကာ လြဲေခ်ာ္ခဲ့ရတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိကတိုက္စစ္မွဴး ေန မာဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရတာေၾကာင့္ နည္းျပသစ္ ပိုခ်က္တီႏိုအတြက္ အားတက္စရာတစ္ ခု ျဖစ္ေစခဲ့ပါတယ္။ ပိုခ်က္တီႏိုဟာ ခရစၥမတ္ပြဲေတာ္အတြင္းမွာမွ နည္းျပေဟာင္းတူခ်ယ္ရဲ႕ေနရာမွာ အစားထိုးၿပီးပီအက္စ္ ဂ်ီအသင္းနည္းျပ ျဖစ္လာခဲ့သူလည္း ျဖစ္ပါတယ္။
ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီအသင္းကို ႏွစ္ပြဲသာ ကိုင္တြယ္ခြင့္ရထားေသးတာျဖစ္ၿပီး စိန္႔အက္တီယန္ကို သေရနဲ႔ ဘရက္စ္ ကို သံုးဂိုးျပတ္အႏိုင္ရထားပါတယ္။ အဓိက,ကစားသမားအခ်ိဳ႕ ဒဏ္ရာျပႆနာ ရွိေနတာေၾကာင့္လည္း အသင္းရဲ႕ ကစား ကြက္ကို အေကာင္းဆံုးမတည္ေဆာက္ႏိုင္ေသးဘူးလို႔ ေျပာခဲ့သလို လူငယ္တိုက္စစ္မွဴး အမ္ဘတ္ပီအေနနဲ႔လည္းတိုးတက္ ဖို႔ လိုအပ္ေနေသးတယ္လို႔ ပိုခ်က္တီႏိုက ေျပာခဲ့ပါတယ္။
ပိုခ်က္တီႏိုရဲ႕ လက္ေအာက္မွာ အမ္ဘတ္ပီအေနနဲ႔ ႏွစ္ပြဲစလံုးပြဲထြက္ကစားခြင့္ ရခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းမရွိတာ ေၾကာင့္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ ဒဏ္ရာက သက္သာလာတဲ့ ေနမာအေနနဲ႔ အသင္းနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္တာေၾကာင့္ အမ္ဘတ္ပီအေနနဲ႔လည္း ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ပိုခ်က္တီႏိုက ေျပာခဲ့ပါ တယ္။ ပီအက္စ္ဂ်ီဟာ ဇန္နဝါရီလ ၁၄ ရက္မွာေတာ့ ဒါဘီၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ မာေဆးအသင္းနဲ႔ ျပင္သစ္ စူပါဖလားကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။