အမ်ဘတ်ပီအနေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောခဲ့တဲ့ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနို


ပီအက်စ်ဂျီအသင်းနည်းပြသစ် ဖြစ်တဲ့ ပိုချက်တီနိုက အသင်းရဲ့ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ဖို့ဆိုရင် အမ်ဘတ်ပီအနေ နဲ့ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကို ပိုချက်တီနို ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ စိန့်အက်တီယန်နဲ့ပွဲမှာ အမ်ဘတ်ပီအနေနဲ့ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခြင်းမရှိတာ ကြောင့် ပိုချက်တီနိုက အခုလို ပြောခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်သာရှိသေးပေမယ့် ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိထားတဲ့ အမ်ဘတ်ပီကို အလား အလာအရှိဆုံးကစားသမားအဖြစ် သတ်မှတ်ကြပေမယ့် ပိုချက်တီနိုကတော့ အခုထက်ပိုပြီး ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ်မှာတော့ နောက်ထပ်နာမည်ကျော် တိုက်စစ် မှူးတစ်ဦးဖြစ်တဲ့ နေမာကတော့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


ပိုချက်တီနိုက “ အမ်ဘတ်ပီအနေနဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် အကောင်းဆုံးခြေစွမ်းမပြနိုင်ဘူးလို့ ဆိုရမှာပါ။ စိန့်အက်တီယန်နဲ့ ပွဲမှာ အနိုင်မရခဲ့ဘူးဆိုပေမယ့် ကျွန်တော်တို့အသင်းရဲ့ ကစားပုံကောင်းပါတယ်။ အမ်ဘတ်ပီက စွမ်း ဆောင်ရည်မြင့်တဲ့ ကစားသမားဆိုပေမယ့် တိုးတက်ဖို့လိုအပ်နေသေးပါတယ်။ ကစားသမားကောင်းတွေနဲ့ အလုပ်အတူ လုပ်ခွင့်ရတာအတွက်လည်း ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အမ္ဘတ္ပီအေနနဲ႔ တိုးတက္ဖို႔ လိုအပ္ေနေသးတယ္လို႔ ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏို
ပီအက္စ္ဂ်ီအသင္းနည္းျပသစ္ ျဖစ္တဲ့ ပိုခ်က္တီႏိုက အသင္းရဲ႕ေခတ္တစ္ေခတ္ကို ထူေထာင္ႏိုင္ဖို႔ဆိုရင္ အမ္ဘတ္ပီအေန နဲ႔ အခုထက္ပိုၿပီး တိုးတက္ဖို႔ လိုအပ္ေနေသးတယ္လို႔ ေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းကို ပိုခ်က္တီႏို ကိုင္တြယ္တဲ့ ပထမဆံုးပြဲစဥ္ျဖစ္တဲ့ စိန္႔အက္တီယန္နဲ႔ပြဲမွာ အမ္ဘတ္ပီအေနနဲ႔ အသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ျခင္းမရွိတာ ေၾကာင့္ ပိုခ်က္တီႏိုက အခုလို ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာရွိေသးေပမယ့္ ျပင္သစ္အသင္းနဲ႔အတူ ကမ႓ာ့ဖလားခ်န္ပီယံဆုကို ရရွိထားတဲ့ အမ္ဘတ္ပီကို အလား အလာအရွိဆံုးကစားသမားအျဖစ္ သတ္မွတ္ၾကေပမယ့္ ပိုခ်က္တီႏိုကေတာ့ အခုထက္ပိုၿပီး ေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားရဦးမွာ ျဖစ္ေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။ ပိုခ်က္တီႏိုရဲ႕ ပထမဆံုးကိုင္တြယ္တဲ့ပြဲစဥ္မွာေတာ့ ေနာက္ထပ္နာမည္ေက်ာ္ တိုက္စစ္ မွဴးတစ္ဦးျဖစ္တဲ့ ေနမာကေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားႏိုင္ခဲ့ျခင္း မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ပိုခ်က္တီႏိုက “ အမ္ဘတ္ပီအေနနဲ႔ အေျပာင္းအေရႊ႕သတင္းေတြေၾကာင့္ အေကာင္းဆံုးေျခစြမ္းမျပႏိုင္ဘူးလို႔ ဆိုရမွာပါ။ စိန္႔အက္တီယန္နဲ႔ ပြဲမွာ အႏိုင္မရခဲ့ဘူးဆိုေပမယ့္ ကြ်န္ေတာ္တို႔အသင္းရဲ႕ ကစားပံုေကာင္းပါတယ္။ အမ္ဘတ္ပီက စြမ္း ေဆာင္ရည္ျမင့္တဲ့ ကစားသမားဆိုေပမယ့္ တိုးတက္ဖို႔လိုအပ္ေနေသးပါတယ္။ ကစားသမားေကာင္းေတြနဲ႔ အလုပ္အတူ လုပ္ခြင့္ရတာအတြက္လည္း ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။