ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ရာသီကုန်အထိ လိုင်ယွန်မှာပဲ ဆက်နေမယ်လို့ တုံ့ပြန်ခဲ့တဲ့ ဒီပေး


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာအသင်းကို ရောက်လုနီးပါးဖြစ်ခဲ့တဲ့ ဒီပေးက ဇန်နဝါရီအပြောင်းအရွှေ့ မှာ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လက်ရှိရာသီကုန်အထိ လိုင်ယွန်မှာပဲ ဆက်ကစားမယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာနည်းပြ အဖြစ် ရော်နယ်ကိုးမန်း ဖြစ်လာပြီးနောက် နယ်သာလန်အသင်းမှာ အတူ လက်တွဲခဲ့ဖူးပြီး လိုင်ယွန်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဒီပေးကို ခေါ်ယူဖို့ လုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။


လာမယ့်နွေရာသီမှာ ဒီပေးဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ နွေရာ သီ အပြောင်းအရွှေ့ရောက်မှ ခေါ်ယူမယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီပေးဟာ နယ်သာ လန်အသင်းကို ရော်နယ်ကိုးမန်း ကိုင်တွယ်ခဲ့တုန်းက အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပွဲပေါင်း ၅၉ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ လိုင်ယွန်ဟာ ပြည်တွင်းလိဂ်ကိုပဲ ဒီရာသီမှာ အားစိုက်ကစားဖို့ ရှိနေတာကြောင့် လက်ရှိအမှတ်ပေးဇယားမှာတော့ ပီအက်စ်ဂျီအသင်းကို ၃ မှတ်ဖြတ်ထားပြီး ဦးဆောင်နေပါတယ်။ ဒီပေး က “ အသင်းပြောင်းရွှေ့မယ် ဆိုတဲ့သတင်းတွေ ထွက်နေပေမယ့် လိုင်ယွန်အသင်းမှာ ကျွန်တော်ပျော်နေပါတယ်။ စာချုပ် သက်တမ်းကုန်အထိ အသင်းမှာပဲ ဆက်ကစားချင်ပါတယ်” လို့ Canal+ ကို ပြောသွားခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ၿပီး ရာသီကုန္အထိ လိုင္ယြန္မွာပဲ ဆက္ေနမယ္လို႔ တံု႔ျပန္ခဲ့တဲ့ ဒီေပး
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘာစီလိုနာအသင္းကို ေရာက္လုနီးပါးျဖစ္ခဲ့တဲ့ ဒီေပးက ဇန္နဝါရီအေျပာင္းအေရႊ႕ မွာ ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး လက္ရွိရာသီကုန္အထိ လိုင္ယြန္မွာပဲ ဆက္ကစားမယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာနည္းျပ အျဖစ္ ေရာ္နယ္ကိုးမန္း ျဖစ္လာၿပီးေနာက္ နယ္သာလန္အသင္းမွာ အတူ လက္တြဲခဲ့ဖူးၿပီး လိုင္ယြန္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ဒီေပးကို ေခၚယူဖို႔ လုပ္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။
လာမယ့္ေႏြရာသီမွာ ဒီေပးဟာ လိုင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္တာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေႏြရာ သီ အေျပာင္းအေရႊ႕ေရာက္မွ ေခၚယူမယ္ဆိုရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာပဲ ျဖစ္ပါတယ္။ ဒီေပးဟာ နယ္သာ လန္အသင္းကို ေရာ္နယ္ကိုးမန္း ကိုင္တြယ္ခဲ့တုန္းက အဓိက,ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး ပြဲေပါင္း ၅၉ ပြဲမွာ ၂၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဥေရာပၿပိဳင္ပြဲကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ လိုင္ယြန္ဟာ ျပည္တြင္းလိဂ္ကိုပဲ ဒီရာသီမွာ အားစိုက္ကစားဖို႔ ရွိေနတာေၾကာင့္ လက္ရွိအမွတ္ေပးဇယားမွာေတာ့ ပီအက္စ္ဂ်ီအသင္းကို ၃ မွတ္ျဖတ္ထားၿပီး ဦးေဆာင္ေနပါတယ္။ ဒီေပး က “ အသင္းေျပာင္းေရႊ႕မယ္ ဆိုတဲ့သတင္းေတြ ထြက္ေနေပမယ့္ လိုင္ယြန္အသင္းမွာ ကြ်န္ေတာ္ေပ်ာ္ေနပါတယ္။ စာခ်ဳပ္ သက္တမ္းကုန္အထိ အသင္းမွာပဲ ဆက္ကစားခ်င္ပါတယ္” လို႔ Canal+ ကို ေျပာသြားခဲ့ပါတယ္။